ပြီးခဲ့သည့်အစိုးရလက်ထက် ၁၉၉၁ ခုနှစ်ကတည်းက စစ်တပ် မှ သိမ်းယူခံခဲ့ရသော
သင်္ဃန်းကျွန်း မြို့နယ်၊ မိချောင်းကန်ရပ်ကွက် အပိုင်း-၁/၂/၃
ဘိုးဘွားပိုင်မြေ ရှင်များ၏ ပဉ္စမအကြိမ်မြောက် ဆန္ဒပြပွဲတစ်ရပ် ဇွန်လ ၂၇ ရက်
မနက် ၁၁ နာရီက မြို့တော်ခန်းမ ရှေ့၌ တရားဝင်ခွင့်ပြုမိန့်ဖြင့်
ကျင်းပခဲ့ကြောင်းသိရသည်။ ရှေး ဦးစွာ အခန်းအနားမှူးက ၎င်းမြေ များသည်
ဗိုလ်ချုပ်အောင်ဆန်း ၃ နှစ်သားအရွယ်ဖြစ်သည့် ၁၉၁၈ ခုနှစ်ကာလကစပြီး
နိုင်ငံတော်ကို အခွန်ဆောင်ထားခဲ့သော ဘိုးဘွား ပိုင်မြေများဖြစ်ကြောင်း၊
လွန်ခဲ့ သော ၁၉၉၁ ခုနှစ်မှာ သိမ်းယူ ခံခဲ့ရတာဖြစ်ကြောင်းရှင်းပြပြီး
အခမ်းအနားကို ကြွေးကြော်သံ များဖြင့် ဖွင့်လှစ်ကာ မဟာဗန္ဓုလ ပန်းခြံကို
တစ်ပတ်လမ်းလျှောက် ဆန္ဒထုတ်ဖော်၍ မြေသိမ်းခံ မြေ ပိုင်ရှင်တစ်ဦးဖြစ်သူ
ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရသည့် ကိုစိန်သန်း မှ ကိုယ်တွေ့ဖြစ်ရပ်များကို
တင်ပြ ခြင်း၊ MDCF အဖွဲ့မှ ကိုဇာနည် မှ အစိုးရအဖွဲ့၏အားနည်းချက်
များကိုသုံးသပ်ခြင်း၊ မြေယာပြန် လည်ရရှိရေးကော်မတီမှကြေညာ ချက်ကို
မနိုဘယ်မှဖတ်ကြားခြင်း နှင့် MDCF အဖွဲ့ခေါင်းဆောင် ကုန်ဈေးနှုန်းကျဆင်းရေး
ကိုထင် ကျော်က ယနေ့ဖြစ်ပေါ်လျက်ရှိ သော အခြေအနေများကို ရှင်း လင်းတင်ပြကာ
အခမ်းအနားကို နေ့လယ် ၁၂ နာရီ မိနစ် ၃၀ ခန့် တွင် ကြွေးကြော်သံများဖြင့်
ရုတ် သိမ်းခဲ့ကြသည်။ သန့်ရှင်းသော အစိုးရအဖြစ် ဖော်ဆောင်နေသော
ယနေ့အစိုးရသည် ပြည်သူကို လက်တွေ့ကျကျ ချစ်သင့်ကြောင်း ကို
“ကျန်စစ်သားမင်းကြီးလက် ထက်က ယာလက်ဖြင့်ဆန်ရေ စပါးတို့ပေးပြီး ဘယ်လက်ဖြင့်
ပိုးဖဲအ၀တ်အထည်တို့ပေးခဲ့ပါ တယ်။ ဒီနေ့အစိုးရကျန်စစ်သား
မင်းလောက်ပဲပြည်သူတွေအပေါ် သဘောကောင်းရင် ကျွန်တော် တို့ကျေနပ်ပါတယ်”ဟု
ကိုဇာနည် က ပြောကြားလိုက်သည်။ ဆက် လက်ပြီး ကုန်ဈေးနှုန်းကျဆင်း
ရေးကိုထင်ကျော်က “ပြည်သူတွေ ရဲ့ဒုက်္ခဆင်းရဲကို အစိုးရက တာဝန် ယူရမယ်။
ဒီကနေ့ သမ္မတဖြစ် ချင်နေတဲ့သူတွေကိုပြောချင်တယ်။သမ္မတတစ်ကယ်ဖြစ်ချင်ရင် ပြည်
သူတွေရဲ့ဒုက္ခကို အရင်ရှင်းပေး ပါ၊ အရှင်းဆုံးပြောရမယ်ဆိုရင်
ငတ်နေတဲ့ဗိုက်တွေက ကျည်ဆန် ကိုမကြောက်ဘူး”ဟု ပွင့်လင်းစွာ
ပြောကြားသွားခဲ့သည်။
အဆိုပါမြေများနှင့်ပတ်သက် ပြီး ဥပဒေနှင့်အညီ ထိုက်တန်စွာ ဖြေရှင်းပေးရန်
ကာကွယ်ရေးဦး စီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က
အဆင့်မြင့်အရာရှိများကို မှာကြားခဲ့ပြီးဖြစ်သော်လည်း ယနေ့အထိ
ဖြေရှင်းခြင်းနှင့် တာဝန်ယူမှုတစ်စုံတစ်ရာမရှိသေး ကြောင်း မြေပိုင်ရှင်များ၏
အဆို အရသိရသည်။
ဇော်မြင့်
Credit ; the hot news weekly
Subscribe to:
Post Comments (Atom)
Post a Comment