ကျွန်တော် အခု စာအုပ်တစ်အုပ်ဖတ်နေပါတယ်... ကျွန်တော့ရဲ့ professional နဲ့
တိုက်ရိုက်ကြီးတော့ မပက်သက်ပါဘူး...အဖေက မြန်မာကနေ ဒီစာအုပ်လေးကို
ကျွန်တော့အတွက် ပို့ပေးတော့...အဖေက အလကားတော့
ပို့ပေးတာမဟုတ်ဘူး..အကြောင်းရှိလို့ပဲ နေမှာဆိုပြီး ကျွန်တော်ဖတ်ဖြစ်သွားတယ်...တချို့သော
အကြောင်းအရာတော်တော်များကို ကျွန်တော်နားမလည်ပါ...သို့ပေမဲ့ ကျွန်တော်
ရသလောက် ဗဟုသုတများကိုတော့ မှတ်သားပါသည်...အဲဒီစာအုပ်ထဲမှ အကြောင်းအရာ
တချို့အား ပြန်လည်ကူးယူရေးသားကာ ဖော်ပြလိုက်ပါတယ်....
ဒေါက်တာနေဇင်လတ် ရေးသားသော စိန်ခေါ်မှုများနှင့် မဟာဗျူဟာစီမံခန့်ခွဲမှု စာအုပ်ပါ...
အားလုံးမှာ
ထိုက်သင့်တဲ့ပညာ (knowledge) ဆိုတာ ရှိကြပါတယ်...ကိုယ်က boss ဖြစ်လို့
အထက်စီး အမြဲယူလို့ မရပါ...ပညာရဲ့ အဓိပ္ပာယ် ကိုက (Knowledge = Education +
Experience) ဖြစ်လို့ပါ..ကိုယ်တိုင်အပါအ၀င် ကုမ္ပဏီကလူတွေ
ဘယ်လိုပညာရှိနေကြတယ်ဆိုတာ လေ့လာဖို့ကောင်းပါတယ်...Static Knowledge ဆိုတာ
ရပ်တန့်သွားတဲ့ သဘောရှိပါတယ်...
Static Knowledge >>> Learned, and apply
ထိုက်သင့်တဲ့
အရွယ်အထိ ထိုက်သင့်တာတွေကို လေ့လာသင်ယူခဲ့ပြီး လုပ်ငန်းခွင်မှာ
အသုံးချတယ်...အသုံးချမှု လုံလောက်ပြီဆိုတဲ့ people group member အသိနဲ့
ထပ်ပြီး လေ့လာမှု မလုပ်ကြသူတွေပါ... ဥပမာ (Finance နဲ့ Account) မှာ
အတွေ့ရများပါတယ်...Progressive Knowledge ဆိုတာကတော့ အမြဲတမ်း လုပ်ရင်း ၊
လေ့လာနေကြသူများ ဖြစ်ပါတယ်... ဘ၀လဲ တဆင့်ပြီးတဆင့်
တိုးတက်သွားလေ့ရှိကြပါတယ်...
Progressive Knowledge >>> Learned >>> Applied >>> Learned More
လေ့လာပြီး
လက်တွေ့မှာ အသုံးချတယ် ၊ ထပ်လေ့လာတယ် ၊ ပြန်အသုံးချတယ် ၊ ရပ်တန့်မနေဘဲ
အလုပ်လုပ်နိုင် သရွေ့ လေ့လာနေသူများ ဖြစ်ကြပါတယ်... CEO တွေ၊
မဟာဗျူဟာသမားတွေ လုပ်ရမယ့် အလုပ်ဖြစ်ပါတယ်...အခြေခံက လူတွေရဲ့ Personality
ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေး ဖြစ်ပါတယ်...Personality ဆိုတာကို ' The sum
total of ways in which an individual reacts and interacts with others '
လို့
အဓိပ္ပာယ် ဖွင့်ထားပါတယ်... တစ်ဦးချင်းသော်လည်းကောင်း ၊
အများနှင့်သော်လည်းကောင်း အပြန်အလှန်သဘော ဆောင်ရွက်လုပ်ကိုင်နိုင်မှု
ဖြစ်ပါတယ်...
ကောက်နှုတ်ချက်
Knowledge ကို ဟိုးအရင်က
Education တစ်ခုတည်းကိုသာ ဆိုလိုသည်ဟု ထင်ခဲ့သည်...ပြန်စဉ်းစားကြည့်တော့မှ
Knowledge = Education + Experience ဆိုတာပါလားဆိုတာ သိလိုက်ရသည်..ပိုပြီး
ပြည့်စုံသွားသည်... Static Knowledge နှင့် Progressive Knowledge
အကြောင်းကို သေသေချာချာ သိလိုက်ရသည်... Progressive Knowledge သည်
အလွန်အရေးကြီးကြောင်း...Because of Competition is now Global ဖြစ်နေပြီဟု
ဆရာ နေဇင်လတ်ဧ။် ပညာခေတ်နှင့် မြင့်မားစံနှုန်း စာအုပ်တွင်
ဖတ်ခဲ့ရသည်...Personality ဆိုသော အကြောင်းအရာသည်လည်း
မှတ်သားဖို့ကောင်းသည်....
Sai Linn Thu ( RHC Technologies )
Date : April 7, 2008
Subscribe to:
Post Comments (Atom)
Post a Comment