0
 
အီတာလျံ-ထိုင်း စီမံကိန်းမှ နုတ်ထွက်ခြင်းမရှိဘဲ ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး ဆက်လက်ဆောင်ရွက်မည်
ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေ နက်ဆိပ်ကမ်း စီမံကိန်းအား ကနဦးစတင်ခဲ့ သည့် အီတာလျှံ-ထိုင်း ကုမ္ပဏီသည် ယင်း စီမံကိန်းမှ လုံးဝနုတ်ထွက်မည် မဟုတ်ဘဲ ရေ နက်ဆိပ်ကမ်း တည်ဆောက်ရေးအား ဆက် လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးစိုး သိန်းက ထုတ်ဖော်ပြောကြားလိုက်သည်။


အီတာလျံ-ထိုင်းကုမ္ပဏီသည် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းအား အကောင်အထည် ဖေါ်ဆောင် သူ(ီနလနူသစနမ)အဖြစ် ဆောင်ရွက်ခွင့် ရရှိ ထားရာမှ ရင်းနှီးမြှုပ်နှံမှု အခက်အခဲကြောင့် ၂ဝ၁၂ခုနှစ်မှ စတင်ကာ လုပ်ငန်းများကို တုံ့ ဆိုင်းထားခဲ့ခြင်းနှင့် စပ်လျဉ်းပြီး မဇ္စျိမက မေးမြန်းရာတွင် ဦးစိုးသိန်းက အထက်ပါ ကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
 
 
ဦးစိုးသိန်းက '' ထားဝယ် စီးပွားရေးဇုန် မှာ အီတာလျှံ-ထိုင်းအနေနဲ့ နုတ်ထွက်သွား မှာ မဟုတ်ပါဘူး။ ဆိပ်ခံတံတား တည်ဆောက် တဲ့အပိုင်းကို ဆက်လက် လုပ်ကိုင်သွားမှာပါ။ အဲဒါကြောင့် အီတာလျှံကလဲ ပြန်ပြီးပါဝင်နေ မှာပါ''ဟု ပြောကြားသည်။
 
အဆိုပါ ထားဝယ်စီမံကိန်းအား ဆောင် ရွက်ရန် မြန်မာအစိုးရနှင့် အီတာလျံ-ထိုင်း ကုမ္ပဏီတို့သည် ၂ဝဝ၈ခုနှစ်တွင် သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပြီး ၂ဝ၁ဝတွင် စတင်ဆောင် ရွက်ခဲ့သော်လည်း ၂ဝ၁၂ခုနှစ်တွင် လုပ်ငန်း များ တုံ့ဆိုင်းနေခဲ့သည်။
 
အဆိုပါ စီမံကိန်း၏ ကနဦးလုပ်ငန်းစဉ် အတွက် ကန်ဒေါ်လာ ၈ဒသမ၆ ဘီလီယံ ကျော် ကုန်ကျမည်ဖြစ်ကာ စီမံကိန်းတစ်ခုလုံး အတွက် ၅၈ဘီလီယံကျော် ကုန်ကျမည်ဖြစ် သည်ဟု တရားဝင်သတင်း ထုတ်ပြန်ထားပြီး အီတာလျှံ-ထိုင်း (Italian-Thai Develop-ment Public Company-ITD) အနေဖြင့် ရင်းနှီးမြှုပ်နှံငွေကြေး မလုံလောက်သည့် ပြဿနာများကြောင့် ၂ဝ၁၂ ခုနှစ် သြဂုတ်လ နောက်ပိုင်းတွင် ထိုင်းအစိုးရနှင့် မြန်မာ အစိုးရတို့ ဝင်ရောက်ကူညီခဲ့ရသည်။
 
လက်ရှိအချိန်တွင် ထိုင်းအစိုးရအနေ ဖြင့်လည်း ရင်းနှီးမြှုပ်နှံမှု ငွေပမာဏ များ ပြားသည့် စီမံကိန်းအား လုပ်ကိုင်ခြင်းအပေါ် ထိုင်းပြည်သူများ၏ ဖိအားပေးခံနေရကြောင်း ထိုင်းဘက်မှလာသော သတင်းများတွင် ပါရှိ နေပြီး ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင် များကလည်း ထိုသို့ ကြားသိနေရကြောင်း ပြောကြားထားသော်လည်း ယင်းစီမံကိန်းကို ရှေ့ဆက် လုပ်ကိုင်မည်ဖြစ်ကြောင်း ဝန်ကြီး ဦးစိုးသိန်းက ဆက်လက်ပြောကြားသည်။
 
ယင်းက''ဒီစီမံကိန်းကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ရှေ့ဆက်ပြီးသွားမှာပါ။ ထိုင်းအစိုးရ မှာ ဖိအားတွေရှိသလို ကျွန်တော်တို့ အစိုးရ အဖွဲ့မှာလည်း ဖိအားတွေရှိတာပဲ။ ငြိမ်နေတဲ့ အခြား စက်မှုဇုန်တွေ၊ စီးပွားရေးဇုန်တွေကို လည်း အတ်ဂရိတ် ပြန်လုပ်ရမှာရှိပါတယ်''ဟု ပြောသည်။
အဆိုပါ ထားဝယ်စီမံကိန်းတွင် ရင်းနှီး မြှုပ်နှံရေးအတွက် ဂျပန်နိုင်ငံကလည်း ဝင် ရောက်မည်ဟု သတင်းများ ထုတ်ပြန်ထားပြီး ဖြစ်သည်။ 
 
 
Ref : Mizzima

Post a Comment

 
Top