သမ္မတ ဦးသိန်းစိန် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ်
မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းအား ၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းသို့ လျော့နည်းစေရန် ရည်မှန်းဆောင်ရွက် နေပါကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ ထူထောင်ရန် အခွင့်အလမ်း များစွာရှိပြီး ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တု၊ သစ်တော စသည်ဖြင့် သဘာဝ အခြေခံကောင်း များစွာရှိပြီးလုံလောက်သော လုပ်သား အင်အားလည်း ရှိပါကြောင်း၊ တည်နေရာ အနေအထား အရလည်း တောင်အာရှနှင့် အရှေ့တောင်အာရှ ဆက်သွယ်ပေးသည့် အနေအထားတွင် ရှိသဖြင့် ကြီးမားသော ဈေးကွက်ရှိပြီး ဖြစ်ပါကြောင်း၊ အရင်းအနှီးနှင့် နည်းပညာသာ လိုအပ်သဖြင့် ၎င်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ပါက နှစ်ဦးနှစ်ဖက် အကျိုးရှိမည် ဖြစ်ပါကြောင်း စသည်ဖြင့် သမ္မတဦးသိန်းစိန်က ပြောကြားသည်။
ထို့ပြင် သမ္မတဦးသိန်းစိန်က သတင်းအချက်အလက် နည်းပညာကဏ္ဍနှင့် ဆက်သွယ်ရေး ကဏ္ဍများတွင် ကြီးမားသော လုပ်ငန်းများ လိုအပ်ပါကြောင်း ထည့်သွင်း ဆွေးနွေးခဲ့သည်။
အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီဥက္ကဋ္ဌက အမေရိကန် ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်။
First Eleven Media Group

Post a Comment