0
၂၀၁၃ ခုနှစ် ဇူလိုင် (၄) ရက် နေ့တွင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း  လုပ်ငန်းဥပဒေကို ပြည်သူ့လွှတ်တော် တွင် အတည်ပြုခဲ့ပြီးနောက် အဆိုပါဥပဒေမူကြမ်းကို ပြင်း ပြင်းထန်ထန်ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရသလိုအဆိုပါကိစ္စ အပေါ်ပြည်တွင်းရေးရာမူဝါဒများ အဖြစ် ပြင်ဆင်ပေးရန်အတွက်  သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်က လွှတ်တော်တွင် ခြေလှမ်းပြင်နေ ရကြောင်း သိရသည်။

အဆိုပါမီဒီယာဥပဒေမူကြမ်း
နှင့် ပတ်သက်၍အစိုးရအနေဖြင့် ခေတ်နှင့် မလျော်ညီခြင်များကို ပြင်ဆင်ပြီး ခေတ်နှင့် လျော်ကန် သော ဥပဒေများကို အစားထိုး လုပ်ဆောင်နေပါသည်ဟု တဖွဖွ ပြောခဲ့သည်မှာ ကြားခဲ့ပြီးဖြစ်သည်။ ၎င်းအပြင်လွှတ်တော်ကိုယ်စားလှယ်  များနှင့် နိုင်ငံတော်သမ်္မတကပင် စတုတ္ထမဏ္ဍိုင်အတွက် အခွင့် အလမ်းများရစေရမည်ဟုလည်း ပြောခဲ့သည်။ သို့သော်မီဒီယာ  ဥပဒေမူကြမ်းအား စတင်ကြေညာ  လိုက်သည့်အခါမှာ မီဒီယာ အဖွဲ့အစည်းများမြန်မာနိုင်ငံစာနယ် ဇင်းကောင်စီနှင့် စာပေနယ်ပယ်က ပညာရှင်များက ပြင်းပြင်းထန်ထန် ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရ သည်။ ထပ်မံ၍ ၎င်းကိစ္စအား ဖွဲ့စည်းပုံပါအခြေခံဥပဒေအရ ပြဋ္ဌာန်းချက်များနှင့် အညီစာနယ် ဇင်းဆိုင်ရာဥပဒေအချို့ကိုပြင်ဆင် ပြဋ္ဌာန်းပေးရန်အတွက် ဦးသိန်းညွန့် က အဆိုတင်သွင်းရာတွင် “နိုင်ငံ တော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ များက သတင်းမီဒီယာများကို စတုတ္ထမဏ္ဍိုင်အဖြစ် အသိအမှတ် ပြုခဲ့ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ  မှာရော ဘယ်ဥပဒေမှာမှ သတင်း မီဒီယာများသည်စတုတ္ထမဏ္ဍိုင်ဖြစ် တယ်ဆိုတဲ့အကြောင်း ဘယ်ဥပဒေ ပြဋ္ဌန်းချက်မှာမှမရှိ။ ဒါကြောင့် သတင်းမီဒီယာများကို စတုတ္ထ မဏ္ဍိုင်အဖြစ်ဥပဒေပြဋ္ဌာန်းဖို့ ဒီစာပိုဒ်ကိုတင်သွင်းရပါတယ်။ ဒုတိယအနေနဲ့ ပြည်ထောင်စုဝန် ကြီးနဲ့ မီဒီယာသမားတွေ အားလုံး  ပြောကြတဲ့အထဲမှာ ဒီဥပဒေကို နိုင်ငံတကာစံနှုန်းတွေနဲ့ အကာ အကွယ်ပေးစေချင်ပါတယ်”ဟု ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္ထမပုံမှန်အစည်းအဝေး၌အဆို တင်သွင်းခဲ့သည်။
၎င်းအဆိုအား ဥပဒေကြမ်း ကော်မတီဦးစတီဖန်က “ပထမ မဏ္ဍိုင်ဒုတိယမဏ္ဍိုင်၊ တတိယ မဏ္ဍိုင်များကို လေ့လာကြည့်တဲ့ အခါဘယ်ဥပဒေမှာပဲ ကြည့်ကြည့်၊ တည်ဆဲဥပဒေမှာပဲ  ကြည့်ကြည့်ဖော်ပြထားတာမတွေ့ ရပါဘူး။ ဒါကြောင့်စတုတ္ထမဏ္ဍိုင်  လို့ဒီဥပဒေမှာဖော်ပြမယ်ဆိုလို့ရှိ ရင် သီးခြားကြီးထွက်ပေါ်လာသလို  ဖြစ်နေပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မကိုကြည့်ရင်လည်း နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ ဆိုပြီး ဖော်ပြထားချက်က တတ်နိုင် သမျှ ထိန်းအကြောင်းပြီး ဥပဒေ ပြုရေးမှာ ဒုတိယမဏ္ဍိုင်အုပ်ချုပ် ရေး၊ တတိယမဏ္ဍိုင်ကတရားစီရင် ရေးစသည်ဖြင့် ရေးသားထားခြင်း  မရှိကြောင်း တွေ့ရပါတယ်။ စတုတ်္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီ ယာလို့ပြည်ပမှာ ပြောဆိုနေပေ မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အခြားဥပဒေစာအုပ်များမှာ ရေး သားထားခြင်းမရှိသလိုဥပဒေစကား  ရပ်အဖြစ်ပြဋ္ဌာန်းထားခြင်းမရှိ။ ဤအချက်ကိုအတည်ပြုပြီးဖြစ်တဲ့ အခန်း (၂၁) အခန်း (၈) အသစ် ပြည့်စွက်ခြင်းမှာ ကျွန်တော်တို့ အားလုံးထောက်ခံပြီးဖြစ်ကြောင်း  အတည်ပြုပြောကြားခဲ့သည်။
၎င်းကိစ္စအား သင်္ဃန်းကျွန်း မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးသိန်းညွန့်အားမေးမြန်းရာ တွင် ၎င်းကိစ္စအားလွှတ်တော်ရဲ့ အချိန်ကို ထည့်တွက်ပြီးငဲ့ညှာ လိုက်တာပါနောင်လည်းစာနယ်ဇင်း ဥပဒေတွေလာပါဦးမယ်ဒါကြောင့် ကျွန်တော်ပြင်ဆင်ချက်ကိုနောင်  လာမယ့်ဥပဒေအတွက် ကြိုတင် လမ်းခင်းပေးသလိုမီဒီယဥပဒေမူ ကြမ်းပြင်ဆင်ဖို့ရန်အတွက် ရှေ့တိုး  ဖို့ခြေလှမ်းပြင်ဆင်တာပါ”ဟု အတည်ပြုပြောကြားသွားသည်။

စိုးဝင်းနိုင်

The Hot News Weekly

Post a Comment

 
Top