0
ယခုနှစ်ဇွန်လအထိ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံပေါင်း ၃၂ နိုင်ငံမှ အမေရိကန်ဒေါ်လာ ၄၂ ဘီလျံကျော်အထိ ရောက်ရှိလာပြီး ဟိုတယ်လုပ်ငန်းသည် ရင်းနှီးမြှုပ်နှံမှု မြင့်တက်သည့် လုပ်ငန်းကဏ္ဍတစ်ရပ် ဖြစ်လာကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ တစ်လတည်းတွင်ပင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄၂၃ သန်းရှိခဲ့ကာ နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုများ အနေဖြင့် ထိုင်းနိုင်ငံမှ အမေရိကန် ဒေါ်လာ ၃၇၉ သန်း၊ စင်ကာပူနိုင်ငံမှ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၆ သန်း၊ ဗြိတိန်မှ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ သန်း၊ တရုတ်မှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ သန်းနှင့် အိန္ဒိယမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုချက်များ ရရှိခဲ့ကြောင်း ဇွန်လ၏ ရင်းနှီးမြှုပ်နှံမှုများသည် အဓိကအားဖြင့် ထုတ်လုပ်မှုနှင့် ဟိုတယ်ကဏ္ဍတွင် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ အချက်အလက်များကို ကိုးကား၍ International Business Times က ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံသည် ယခင်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၌ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုတူးဖော်ရေး၊ လျှပ်စစ် စသည့်ကဏ္ဍတို့သာ အဓိကဖြစ်ခဲ့ပြီး ယခုအခါတွင်မူ နိုင်ငံရေး နယ်ပယ်မှ အပြောင်းအလဲများပေါ် မူတည်ကာ အခြားသော စီးပွားရေးလုပ်ငန်း နယ်ပယ်များတွင်လည်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ အာရုံစိုက်မှု ရှိလာခဲ့သည်။

====================================================

ခရီးသွားအ၀င် မြင့်တက်မှုကြောင့် ရန်ကုန်၊ မန္တလေး အပါအ၀င် အဓိက ခရီးစဉ် ဒေသများ၌ ဟိုတယ်အခန်း လိုအပ်ချက် မြင့်တက်မှုကို ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှ လက်ရှိအချိန်အထိ ကြုံတွေ့ရလျက်ရှိပြီး ဟိုတယ်ကဏ္ဍသည် ခရီးသွား တိုးတက်မှု၌ အဓိက ပြင်ဆင်ရမည့် လိုအပ်ချက် တစ်ရပ်လည်း ဖြစ်လာသည်...

=====================================================

ယင်းအနက် ဖွံ့ဖြိုးနိုင်ခြေ ရှိနေသည့် ခရီးသွားလုပ်ငန်း အလားအလာများကြောင့် ဟိုတယ်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာခဲ့ကာ ဆက်လက်၍လည်း ရင်းနှီးမြှုပ်နှံရန် လေ့လာမှုများ ရှိနေဆဲ ဖြစ်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် အတွင်းမှ စတင်ကာ နိုင်ငံရေး နယ်ပယ်မှ အပြောင်းအလဲ များပေါ်တွင် မူတည်၍ ခရီးသွားများ စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ခရီးသွားဦးရေ တစ်သန်းကျော်လွန်ခဲ့သည်။
ခရီးသွားအ၀င် မြင့်တက်မှုကြောင့် ရန်ကုန်၊ မန္တလေး အပါအ၀င် အဓိက ခရီးစဉ် ဒေသများ၌ ဟိုတယ်အခန်း လိုအပ်ချက် မြင့်တက်မှုကို ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှ လက်ရှိအချိန်အထိ ကြုံတွေ့ရလျက်ရှိပြီး ဟိုတယ်ကဏ္ဍသည် ခရီးသွား တိုးတက်မှု၌ အဓိက ပြင်ဆင်ရမည့် လိုအပ်ချက် တစ်ရပ်လည်း ဖြစ်လာသည်။
၂၀၁၂ ခုနှစ် နှစ်ကုန်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်မှုအရ ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံ ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသော နိုင်ငံတို့မှာ စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ဟောင်ကောင်၊ မလေးရှား၊ ဗြိတိန်၊ ဗီယက်နမ်တို့ ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်းပေါင်း ၃၆ခုရှိပြီး အခန်း အရေအတွက် ၆၇၆၆ ခန်းရှိကာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၅၆ သန်းကျော် ဖြစ်သည်။

First Eleven Media Group

Post a Comment

 
Top