0
 
မွန်ပြည်နယ်၊မော်လမြိုင်မြို့ နယ်၊ ငန်းတေးဓာတ်အားပေး စက်ရုံဝင်းအတွင်း 230 MW သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူ သို ဓာတ်အားပေးစက်ရုံဖွင့်ပွဲတွင် ယခုဓာတ်အားပေးစက်ရုံတည် ဆောက်ခြင်းသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ် ထောင့်တစ်နေရာက ပါဝင်ကူညီ ခြင်းသာဖြစ်ကြောင်း လျှပ်စစ်ဝန် ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးအောင်သန်းဦးက ဆိုသည်။

““ကျွန်တော်တို့ မြန်မာနိုင်ငံ ကို တပ်မတော်အစိုးရခေတ်က စပြီး ဒီမိုကရေစီခေတ်ဆိုပြီး သွား နေတာ အခုဆို ၂နှစ်နီးပါးရှိပါပြီ။ စစချင်း ကျွန်တော်တို့နိုင်ငံကို ခေတ်မီနိုင်ငံတော်ကြီးအဖြစ် ဖော် ဆောင်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံလို တဲ့လူတွေကလည်း အချက် ၅ ချက်နဲ့ မေးပါလိမ့်မယ်။ မြန်မာ နိုင်ငံမှာ မြေရှိပါသလား။ မြေ လည်းရှိတယ်။ ရေလည်းရှိတယ်။ လမ်းလည်းရှိတယ်။ လျှပ်စစ်ရှိသ လား။ အဲဒီအခါ ကျွန်တော်တို့ နိုင်ငံအတွက် ပြဿနာရှိနေပါ တယ်။ အရင်းအမြစ်ရှာလိုက်တဲ့ အခါမှာလည်း အရင်းအမြစ်တွေ အများကြီး။ နောက်တစ်ခုနည်း ပညာရှာလိုက်တော့ နည်းပညာ မရှိ။ Human Resorces တွေ မေးလိုက်ဦး။ လူဦးရေ ၄၆ သန်း က အလုပ်လုပ်နိုင်စွမ်းရှိပါတယ်။သို့သော် မြန်မာပြည်ကနေ နိုင်ငံ ခြားမှာ ထွက်ပြီး အလုပ်လုပ်နေ ကြတာ ဘာကြောင့်လည်းဆို တော့ စက်ရုံ၊ အလုပ်ရုံနဲ့ အလုပ် အကိုင် အခွင့်အလမ်းတွေမရှိ။ နောက်တော့ စက်မှုနိုင်ငံတည် ဆောက်ဖို့လိုအပ်ချက်ကို ပြန်စစ် တဲ့အခါ အဓိကလျှပ်စစ်ဓာတ် အားဖြစ်နေတယ်။ ဒီတစ်ခုတည်း လားဆိုတော့ ဒီတစ်ခုတည်း မဟုတ်။ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စအ၀၀ပါဝင်နေတယ်။
ဒါတွေအားလုံးအတွက် လျှပ်စစ်ကအခြေခံဖြစ်တဲ့အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင် ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးရဲ့ ၂၉ ရာခိုင် နှုန်းပဲ လျှပ်စစ်ဓာတ်အားကို သုံး နေကြရပါတယ်။ ကျန်တဲ့ ၇၁ ရာ ခိုင်နှုန်းက လျှပ်စစ်ကို သုံးခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။ ဒီနေ့ဖွင့် လှစ်တဲ့ အခမ်းအနားဟာမော်လ မြိုင်မှာဘာကြောင့်တည်ဆောက် ရသလဲဆိုတာ ပွင့်ပွင့်လင်းလင်း ရှင်းပြချင်ပါတယ်။
လောပိတဓာတ်အားပေး စက်ရုံကို ၁၉၇၆ ခုနှစ်မှာ စတင် တည်ဆောက်တယ်။ ၁၉၇၈ခုနှစ် မှာကျောင်းသားတစ်ဦးအနေနဲ့ လေ့လာခွင့်ရခဲ့တယ်။ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ စက်ရုံ ကြီးဟာနှစ်ပေါင်း ၃၀ကျော် သွား ပါပြီ။ မူလစတည်ဆောက်က တည်းက အဲဒီခေတ်က ပုံစံနဲ့ တည်ဆောက်ထားတဲ့အတွက် ကြောင့် ယနေ့ခေတ်အချိန်မှာ ထုတ်လုပ်နိုင်စွမ်းရည်ဟာ အလွန် ပဲကျဆင်းနေပါပြီ။သုံးတဲ့ဓာတ်ငွေ့ ရဲ့ ထုတ်ပေးနိုင်တဲ့ ဓာတ်အားနဲ့ တွက်ချေမကိုက်အောင် ဖြစ်နေပါ ပြီ။ ဒီလိုပဲဆက်ပြီးသွားနေရင် နေ့ ပြန်တိုးနဲ့ ဈေးရောင်းသလိုဖြစ်နေ ပြီ။
သဘာဝဓာတ်အားပေးစက်ရုံ တွေကို သုံးတဲ့ဓာတ်အားနဲ့ ကာမိ အောင် ထုတ်လုပ်နိုင်ဖို့အရေးကြီး ပါပြီ။ မိုးရာသီမှာ ဓာတ်အားတွေ ကပိုပါတယ်။ မိုးရာသီမှာသုံးတော့ မီတာဝက် (၂၀၀၀) ကျော် ထုတ် ပေးပေမယ့် (၁၆၀၀) လောက်သုံး တယ်။ ပိုတယ်။ နွေရာသီရောက် တော့ အကုန်သုံးတယ်။ လိုပြန် တယ်။ မိုးရာသီမှာ စက်ရုံတွေရပ် ပြီး ဓာတ်အားပေးစက်ရုံတွေ မပြင်နိုင်သေးပါဘူး။ဘာကြောင့် လည်းဆိုတော့ ဓာတ်အားစက်ရုံ အပိုမရှိလို့ပါ။ ဓာတ်အားတွေ     ဖြတ်သန်းနေတဲ့ မိုင် (၈၀၀)ကျော် ဖြတ်သန်းပြီး (၈) ရာခိုင်နှုန်း ပျောက်နေတယ်။ ဓာတ်အားအ များကြီး မစီးဆင်းနိုင်တော့ဘူး။
နောက်တစ်ခုက ကာလတို အတွင်း ဓာတ်အားရရှိရေးဆိုရင် နိုင်ငံတော်ကြီးကို အားကိုးနေလို့ မရပြန်ဘူး။ နိုင်ငံတော်ရဲ့ အရင်းအနှီးက ကဏ္ဍပေါင်းစုံမှာ စီးဆင်းနေတယ်။ဘတ်ဂျက်လိုငွေ ပြနေတယ်။ နိုင်ငံတော်မှာရှိတဲ့ ဓာတ်ငွေ့တွေကို အရင်အစိုးရက စာချုပ်တွေနဲ့ အကုန်လုံးရောင်း ပြီးဖြစ်တဲ့အတွက် ဒါကလည်း သူ့အပိုင်းနဲ့သူဖြစ်တယ်။ နောက် ဆက်လက်တူးဖော်မဲ့ ဓာတ်ငွေ့ တွေကို နိုင်ငံတကာနဲ့ဆောင် ရွက်ရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ မွန်ပြည်နယ် ရဲ့ သယံဇာတဟာ အများကြီးပါ။ ခက်တာက ဒီသယံဇာတက (Raw) တွေကို ဒီအတိုင်းပဲ ရောင်း မယ်ဆိုရင်တော့ အလုပ်အကိုင် အခွင့်အလမ်းဆိုတာရှိမှာ မဟုတ် ဘူး။ ကျွန်တော်တို့မှာ ကုန်ကြမ်း တွေရောင်းပြီး ကုန်ချောတွေ ပြန် ၀ယ်ရတဲ့အတွက်လည်းအများကြီး နစ်နာမှုတွေ၊ ဆုံးရှုံးမှုတွေ ရှိနေပါ တယ်။ ကုန်ထုတ်လုပ်ငန်းတွေ လုပ်မှသာ ထုတ်လုပ်တဲ့တန်ဖိုး တက်မယ်။ အလုပ်အကိုင်အခွင့် အလမ်းတွေလည်းရှိလာမယ်။ဒီလို စက်မှုလုပ်ငန်းတွေ ထူထောင် ခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက် လာသလို နိုင်ငံတော်ကြီးမှာ လည်း ခေတ်မီ ဖွံ့ဖြိုးတိုးတက် လာမှာမို့ ဒီစက်ရုံကြီး အုတ်မြစ် ချခြင်းဟာ တစ်ထောင့်တစ် နေရာကနေအထောက်အကူ ဖြစ်ပြီး မှတ်တမ်းဝင်လိမ့်မယ်လို့ ယူဆရင်း ဒီစက်ရုံကို တည် ဆောက် ခြင်းဖြစ်ပါတယ်”” ဟု လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင် စုဒုဝန်ကြီး ဦးအောင်သန်းဦး က ဆိုသည်။

   စိုးဝင်းနိုင်

Post a Comment

 
Top