“ဖမ်းတာက ရဲတပ်ဖွဲ့ကဖမ်းတယ်။ ဖမ်းမိတဲ့ကားအပေါ်မှာ မူတည်ပြီး ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရတို့ ခွဲဝေယူရတာတွေရှိတယ်”ဟု ကရင်ပြည်နယ် စီးပွားရေးနှင့် စီမံခန့်ခွဲရေးဝန်ကြီး ဦးမင်းစိုးသိမ်းက ပြောကြားသည်။
လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းမိပါက ပြည်ထောင်စုအစိုးရ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ အချိုးကျခွဲဝေရန် သတ်မှတ်ချက်များရှိသည်။ ထို့အပြင် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် ပတ်သက်၍ သတင်းပေးများကိုလည်း ခွဲဝေပေးရမှုများရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအတွင်
ဇူလိုင် ၂၁ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ဇွန် ၁၄ ရက်မှ ယနေ့ထိ လိုင်စင်မဲ့ မော်တော်ယာဉ်များ စုစုပေါင်း ၁၄ စီး သိမ်းဆည်းမိကြောင်း သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် မွန်ပြည်နယ် အစိုးရအဖွဲ့မှာလည်း ဇွန်လအတွင်း ဖမ်းဆီးထားသည့် မော်တော်ယာဉ်ပေါင်း ၁၅၀ ကျော် ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
“လိုင်စင်မဲ့ကားတွေက အရမ်း အန္တရာယ်များတယ်။ ဒီမှာဆို ၀င်းထဲမှာပြည့်နေတာပဲ”ဟု မူဆယ်ကုန်သွယ်ရေးဇုန်မှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တ
မူဆယ်၊ လားရှိုး စသည့် မြို့များတွင် လိုင်စင်မဲ့ကားများကို ဒေသခံအုပ်ချုပ်ရေးအဖွဲ့များက နံပါတ်ပြားများပြုလုပ်၍ တရားဝင်ကားကဲ့သို့ အသုံးပြုမှုများရှိကြောင်း သိရသည်။
ထို့အပြင် ယခင် ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းရေးစ
Credit: 7Days Journal
Post a Comment