0
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် စီမံကိန်းကော်မရှင် အစည်းအဝေးကို ဇွန်လ (၂၆)ရက် (၉း၃၀)အချိန်တွင်နိုင်ငံတော် သမ္မတအိမ်တော်ရှိပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးခန်းမ ၌ဆက်လက်ကျင်းပသည်။

အဆိုပါအစည်းအဝေးတွင် စီမံကိန်းကော်မရှင်ဥက္ကဋ္ဌနိုင်ငံ တော်သမ္မတ ဦးသိန်းစိန်နိဂုံးချုပ် အမှာ စကားပြောကြားရာတွင် မိမိတို့အစိုးရသည် စနစ်သစ် တစ်ခုကို ပြောင်းလဲ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ပထမဆုံး အကောင်အထည် ဖော်ဆောင်ရွက်ခွင့်ရခဲ့သည့် အစိုးရ အဖွဲ့ဖြစ်ပါကြောင်း။
ပြစ်တင်ဝေဖန်မှုများ၊ဆန္ဒပြ တောင်းဆိုမှုများကမူ ဒီမိုကရေစီ နိုင်ငံများမှာ ဖြစ်လေ့ဖြစ်ထရှိ သည့် ကိစ္စများဖြစ်ပါကြောင်း၊ ဒီမိုကရေစီ ရင့်ကျက်နေသည့် နိုင်ငံများမှာပင်လျှင်တွေ့ကြုံရ သည်ဖြစ်ပါကြောင်း။
အပြုသဘောဆောင်သည့် ပြည်သူများ၏ ဆန္ဒကိုမူမိမိတို့ အလေးထားရမည်ဖြစ်ပါကြောင်း၊ အတတ်နိုင်ဆုံး ဆန္ဒများပြည့်ဝ အောင် ကြိုးပမ်းဆောင်ရွက်ပေး ကြရမည် ဖြစ်ပါကြောင်း၊ သို့ သော်လည်း ပြစ်တင်ဝေဖန်မှု များကြောင့် မိမိတို့ယနေ့ဆောင် ရွက်နေသည့် ပြုပြင်ပြောင်းလဲ ရေး လုပ်ငန်းများတုံ့ဆိုင်းသွား သည်မျိုးမဖြစ်ရအောင် သတိပြု ရမည်ဖြစ်ပါကြောင်း။
တိုင်းပြည်တည်ငြိမ်အေးချမ်း ရေးနှင့် လုံခြုံရေးသည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ်ချက်ဖြစ်သည့် အတွက် ကိုယ့်ဒေသအတွင်း တည်ငြိမ်အေးချမ်းအောင်၊တရား ဥပဒေစိုးမိုးမှုရှိအောင် အလေး ထားဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊လွတ်လပ်မှုနှင့်အတူ တာဝန်သိမှု၊တာဝန်ရှိမှု၊တရား ဥပဒေလေးစား လိုက်နာမှုများ ကို ပြည်သူလူထုအတွင်း စိမ့်ဝင် ပျံ့နှံ့အောင်နေလည်းအုပ်ချုပ်ရေး အပိုင်းက ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။တရားဥပဒေစိုးမိုး ရေး အတွက်ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့သည် အဓိကကျသည့် အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကမ္ဘာ့အဆင့်မီရဲတပ်ဖွဲ့ဖြစ်အောင် အဘက်ဘက်က မြှင့်တင်ဆောင် ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာရဲတပ်ဖွဲ့များ၏ တရားဥပဒေနှင့်ညီညွတ်သည့် လုပ်နည်းလုပ်ဟန်များကို နမူနာ ရယူကြမည်ဖြစ်ပါကြောင်း။
တရားဥပဒေ စိုးမိုးမှုရှိလာသည်နှင့်အမျှဖွံ့ဖြိုးတိုးတက်ရေး ကို အားသွန်ခွန်စိုက်ဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း၊အချိန် ၃၁လသာ ကျန်ရှိပါကြောင်း၊ ယင်း၃၁လတာ ကာလအတွင်း နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊ အုပ် ချုပ်ရေး အခြေခံကောင်းများ ချခဲ့ရမည်ဖြစ်ပါကြောင်း၊ တိုင်း ပြည်အတွက်၊ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်အောင် မိမိတို့ အစိုးရအဖွဲ့အနေဖြင့်ကြိုးစား ပြီးလုပ်ဆောင်ပေးရမည်ဖြစ်ပါ ကြောင်း။မိမိတို့အစိုးရလက်ထက် နိုင်ငံရေးတည်ငြိမ်အောင်ကြိုးပမ်း ဆောင်ရွက်မှု၊နှစ်ပေါင်းရှည်ကြာ ခဲ့သည့် လက်နက်ကိုင်ပဋိပက်္ခ ချုပ်ငြိမ်းအောင် ကြိုးပမ်းဆောင် ရွက်မှု၊အစိုးရအဆက်ဆက် တင်ရှိခဲ့သည့် ကြွေးမြီများထဲမှ ဒေါ်လာ သန်းပေါင်း၆၀၀၀ ကျော်ပယ်ဖျက်ပေးအောင် ဆောင်ရွက်နိုင်ခဲ့မှု၊နှစ်ပေါင်း ၂၀ ခန့် တားဆီးပိတ်ဆို့ထားသည့် စီးပွားရေး ပိတ်ဆို့ထားမှုများကို ဖယ်ရှားနိုင်မှု၊ဖွံ့ဖြိုးရေးအတွက် အတိုးနှုန်းသက်သာသော ချေးငွေများ၊ထောက်ပံ့ငွေများ ရရှိ အောင် ဆောင်ရွက်နိုင်မှုနှင့် ကမ္ဘာ့မိသားစုဝင်နိုင်ငံတစ်နိုင်ငံ အဖြစ် နိုင်ငံတကာက လက်ခံ လာအောင်၊ နိုင်ငံတကာ၏ အား ပေးကူညီထောက်ခံမှုများရအောင်  ဆောင်ရွက်နိုင်ခြင်းတို့သည် သိသာမြင်သာသော အောင်မြင် မှုများ ဖြစ်သည်ဆိုသည်ကို ဘယ်သူမျှ     ငြင်းမရနိုင်သော ပြယုဂ်များဖြစ်ပါကြောင်း၊ သက် သေအထောက်အထားများ ဖြစ် ပါကြောင်း။ထို့ကြောင့်မိမိတို့ တိုင်းပြည်အတွက်ကြိုးပမ်း ဆောင်ရွက်ချက်များသည် အမှန် တကယ်တိုင်းပြည်နှင့်လူမျိုး အတွက် အကျိုးရှိ စေသော လုပ်ငန်းများဖြစ်သည် ဆိုသည့် ယုံကြည်မှုအပြည့်နှင့် ရှေ့သို့ ဆက်လက်ပြီး ရဲရဲတင်းတင်းဆောင် ရွက်သွားကြရန်တိုက်တွန်းပါ ကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရှိရသည်။

SYN

Post a Comment

 
Top