အမေရိကန်-မြန်မာပညာရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ရပ်အနေနဲ့
အမေရိကန်ပြည် ထောင်စု IOWA ပြည်နယ်အခြေစိုက် ACT Education Solution
Limited နဲ့မြန်မာနိုင်ငံက Crown Education တို့ပူးပေါင်းပြီး
မြန်မာနိုင်ငံမှာ ပထမဆုံး International University Preparation Prog-ram
ကိုဖွင့်လှစ်မှာ ဖြစ်ပါတယ်။
အချိန်တစ်နှစ်ကြာမြင့်မယ့် အဲသည့်ပရိုဂရမ်က အမေရိကန်ပြည်ထောင်စု
တက္ကသိုလ်တွေအပါအဝင်၊ သြစတြေးလျား၊ ကနေဒါ၊ စင်ကာပူ၊ အင်္ဂလန်တက္ကသိုလ်တွေရဲ့
ဖောင်ဒေးရှင်းအဖြစ် အသိအမှတ်ပြု ပြီး နိုင်ငံတကာတက္ကသိုလ်တွေမှာ
ကျောင်းသားတွေလိုအပ်မယ့် Academic Knowledge, Skills တွေအပြင်၊ IELTS
သို့မဟုတ် TOEFL ဖြေဆိုနိုင်ဖို့ တစ်ချိန်တည်း ပြင်ဆင်ပေးမယ့်
ပရိုဂရမ်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင်နိုင်ငံတကာ တက္ကသိုလ်တွေမှာ
ဆက်လက်တက်ရောက်နိုင်ဖို့ Credit ဖြင့် အမှတ် စာရင်းထုတ်ပေးပါတယ်။ SAT
ထပ်မံပြင်ဆင်ရန်မလိုအပ်ဘဲ ထူးချွန်တဲ့ကျောင်းသားတွေအတွက် အမေရိကန်နဲ့
အင်္ဂလန်တက္ကသိုလ်တွေမှာ ပညာသင်ဆုဆက်လက်လျှောက်ထားပေးမယ့် အစီအစဉ် ပါဝင်ပါတယ်။
အင်္ဂလန်တက္ကသိုလ်တွေရဲ့ ပထမနှစ်သို့ တိုက်ရိုက်တက်ရောက်နိုင်ဖို့
စီစဉ်ထားပြီး အဲသည်ပရိုဂရမ်က GCE'A အဆင့်နဲ့ညီမျှပါတယ်။
အခုပရိုဂရမ်ကို အမေရိကန်တက္ကသိုလ် ၃၄ ခု၊ သြစတြေးလျားတက္ကသိုလ် ၂၅ ခု၊
အင်္ဂလန်တက္ကသိုလ် ၁၁ ခု၊ စင်ကာပူမှာငါးကျောင်း၊ မလေးရှားတက္ကသိုလ်လေးခု၊
ထိုင်းနိုင်ငံက အေအိုင်တီတက္ကသိုလ် အပါအဝင် တက္ကသိုလ်လေးခုတို့မှာ
ဆက်လက်ပညာသင်ကြားနိုင်မယ့် မြန်မာနိုင်ငံရှိတစ်ခုတည်းသော
ပရိုဂရမ်ဖြစ်ပါတယ်။
'ဒီပရိုဂရမ်က မိဘတွေအနေနဲ့ ကလေးတွေ
ငယ်သေးလို့နိုင်ငံခြားတိုက်ရိုက်မလွှတ်ချင်သေးဘူးဆိုရင်၊
အချိန်ကုန်ငွေကုန်လဲမဖြစ်ရအောင်၊ တစ်နေရာတည်းမှာ အင်္ဂလိပ်စာရော၊
တက္ကသိုလ်တွေကလိုအပ် တဲ့ ကျွမ်းကျင်မှုတွေကိုရော၊
ပြင်ပေးမယ့်တစ်နှစ်ပရိုဂရမ်ဖြစ်ပါတယ်၊ ဒီမှာ တစ်နှစ်တက်ရောက်လိုတဲ့ အတွက်
စင်ကာပူမှာဆို သုံးနှစ်တက်ရတဲ့ ဒီဂရီကိုနှစ်နှစ်ပဲတက်ဖို့ လိုအပ်ပါတော့တယ်၊
စင်ကာပူက နာမည်ကြီး Singapore Institute of Management ကအသိအမှတ်ပြုတဲ့
မြန်မာနိုင်ငံက တစ်ခု တည်းသော University Foundation ပရိုဂရမ်ဖြစ်ပါတယ်၊
James Cook University, PSB Acade-my တို့လဲချိတ်ဆက်ထားပြီး၊ သူတို့ဆီမှာ
တက္ကသိုလ်ဒုတိယနှစ်ကို တိုက်ရိုက်တက်ရောက်နိုင်ဖို့ စီစဉ်
ထားတဲ့ပရိုဂရမ်ဖြစ်ပါတယ်' ဟု Crown Education မှ Managing Director
ဦးအောင်ကျော်ဆန်းက ပြောပါတယ်။
အဲသည် ပရိုဂရမ်ကိုဆယ်တန်းအောင်မြင်ထားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ
လျှောက်ထားနိုင်ပြီး၊ မြန်မာနိုင်ငံတွင် တက်ရောက်နေစဉ်အတွင်း၊
အထူးပြုဘာသာရပ်တွေ ရွေးချယ်စရာမလိုအပ်သေးဘဲ ပရိုဂရမ်ဆုံးချိန်မှာ
မိမိတို့နဲ့သင့်လျော်မယ့် ဘာသာရပ်တွေ ဥပမာ၊ အင်ဂျင်နီယာ၊ အိုင်တီ၊
စီးပွားရေး၊ Life Science စသည်ဖြင့် ရွေးချယ်သွားနိုင်အောင်
လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။
အဲသည်ပရိုဂရမ်အကြောင်းကို Mr Antony Choi, Senior Manager (ACT USA)
ကဇူလိုင် ၅ ရက်နေ့ (သောကြာနေ့) ညနေ ၅း၀၀ နာရီမှ ၆း၀၀ နာရီအထိ Sedona Hotel
မှာလည်းကောင်း၊ ကျောင်းဝင် ခွင့်နဲ့ အသေးစိတ်မေးမြန်းခြင်းများကို ဇူလိုင် ၆
ရက်နေ့ နံနက် ၁၀း၀၀ နာရီမှ ၁၂း၀၀ နာရီအထိ၊ Crown Education Learning
Center ဖုန်း - ၅၂၇၈၃၈၊ ၀၉၇၃၂၇၃၂၇၇) မှာလည်းကောင်း ပြုလုပ် ပေးသွားမှာ
ဖြစ်ပါတယ်။
မော်ဒန်သတင်းဂျာနယ်
အမှတ်(၃၆၃)၊ ဇွန်လ ၂၈၊ ၂၀၁၃
ပါမောက္ခ
Subscribe to:
Post Comments (Atom)
Post a Comment