ပုံလေးက ရယ်စရာလိုလိုနဲ့ အမှန်တော့ အဓိပ္ပါယ်တွေ အများကြီး ပြည့် နက်
နေပါတယ်။ အထူးသဖြင့် လက်ရှိ မြန်မာပြည် အနေအထားနဲ့ တိုက်ဆိုင်နေလားပေါ့။
ပုံမှာကတော့ လှေတစ်စီး အတူတူစီးလို့နေပေမယ့် တစ်ယောက် တစ်လှေ ဖြစ်အောင် ပညာပြ လုပ်ယူနေကြပါတယ်။
ဒီလိုပါပဲ လက်ရှိမြန်မာပြည်မှာ လူတော်၊ လူတတ်၊ ပညာရှင်များ ထွန်းကား ပါတယ်။
ဘယ်နယ်ပယ်ကိုရယ်လို့ မဆိုလိုပါ။ နယ်ပယ်ကဏ္ဍတော်တော် များများမှာကိုပါ။
စီးပွားရေး၊ ဆေးပညာ၊ အိုင်တီ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သိပ္ပံ အစရှိသဖြင့်
ကဏ္ဍတိုင်းမှာ တစ်ချိန်တုန်းက ပညာရှင်ပေါင်း မြောက် များစွာ ထွန်းကားပါတယ်။
သို့ပေမယ့် လူနည်းစု လေးပါ။
အများစုက ကိုယ်လှေကိုယ်စီး
ခရီးထွက်သွားကြပါတယ်။ ဒါကလည်း သူတို့ အပြစ်လို့
ရာခိုင်နှုန်းအပြည့်ပြောလို့ မရပါဘူး။ တံငှာစကားပုံ တစ်ခု အတိုင်းပေါ့။
ငါးခုံးမ တစ်ကောင်ကြောင့် လှေတစ်လုံးပုပ်ရသတဲ့။ ပုပ်ရမယ့်အတူတူ တစ်စီးတည်း
ဖန်တီးလို လိုရာခရီး ဆန့်သွားသူမှာ အပြစ် မရှိပါဘူး။
အဆိပ်မိတဲ့
ပတ်ဝန်းကျင်ကို ရှောင်တိမ်းလို့ အခြားထွက်သွားသူမှာ အပြစ် မရှိပါဘူး။
သို့ပေမယ့် မသွားတတ်၊မလာတတ်၊ အားကိုးရာမဲ့တဲ့ ကလေးငယ် များအတွက် ကတော့
ရင်လေးစရာပေါ့။ မြန်မာပြည်ကို အဆိပ်မိတယ်လို့ စာရေးသူ မနှိုင်းပါဘူး။
မြန်မာပြည်က ခုမှ တံခါးစဖွင့်ပေးလိုက်တဲ့ တစ်ပိုင်တစ်နိုင် နေရာလေး
တစ်ခုပေါ့။
ဒီလိုပါပဲ။ လက်ရှိ ပြည်တွင်းမှာ Human Resource ဟာ
Develop ဖြစ်နေ ပေမယ့် အကန့်အသတ် ရှိနေပါတယ်။ မျက်လုံးခွဲစိတ်ပြီး တဲ့ လူနာ
တစ်ယောက် လမ်းစလျှောက်ဖို့အတွက် ဘေးမှာ အဖော်လို သလိုပါပဲ။ မြန်မာပြည်
ခေတ်မှီဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်တွင်းက ရှိနေတဲ့
လူသားအရင်းအမြစ်နဲ့ပဲ ကြိုးစားစွမ်းဆောင်ရတာ အင်မတန် ခဲယဉ်းပါတယ်။
ပြည်ပက
အတတ်ပညာရှင်တွေ အလုံးလိုက် အရင်းလိုက် ဝင်လာတဲ့ အခါ အရည်အချင်း Gap
ကွာဟမှုကြီး ဖြစ် လာနိုင်ပြီး ပြည်တွင်း က နိုင်ငံ သား တွေရဲ့ 
ရပိုင်ခွင့်၊ ရလဒ်တွေ ဆုံးရှုံးနိုင် ပါတယ်။ နောက် တစ်ချက်က ကိုယ့်မြေမှာ
လယ်လာစိုက်တဲ့ သူ့ဆီမှာ အလုပ်ဝင်လုပ်ရသလိုပေါ့။ လခစားဘဝက မတက်ပါဘူး။
အနီးစပ်ဆုံး
ဥပမာ ပေးပါ့မယ်။ ပြည်ပ မော်တော်ယာဉ် စက်ရုံကြီးတွေ မြန်မာပြည်လာမယ်။
ဆက်သွယ်ရေး ကုမ္မဏီတွေလာမယ်။ ဆိပ်ကမ်းကြီးတွေ ရင်းနှီးမြှုပ်နှံမယ်။
သင်္ဘောကျဉ်းတွေလုပ်မယ်။ ရှယ်ယာ ဈေးကွက် ဖန်တီးမယ် အစရှိသဖြင့်ပေါ့။
မြန်မာပြည်မှာ ရှိနေတဲ့ လုပ်သားနဲ့ တကယ်မလုံလောက်ပါဘူး လုပ်သားက
လုံလောက်ပါတယ်။ ပညာရှင် မလုံလောက်ပါဘူး။ မြန်မာပြည်မှာ
အင်ဂျင်နီယာရှိပါတယ်။ အိုင်တီ ရှိပါတယ်။ စီးပွားရေးပညာရှင်ရှိပါတယ်။
မှန်ပါတယ်။ သို့သော်ငြား လိုအပ်တဲ့ အရေအတွက် မရှိပါဘူး။ ဘွဲ့ရတွေ
ရှိနေရက်နဲ့ ဘာလို့ မလုံလောက်ဘူး လို့ ပြောတာလည်းလို့ မေးခွန်းထုတ်စရာ
ရှိပါတယ်။ Skill ပါ။ စာထဲက ပညာနဲ့ လက်တွေ့ လုပ်ငန်းခွင်ပညာ ထပ်တူကျမှု
တစ်ချက်ကိုလည်း ကြည့်ရပါမယ်။
ဒီတော့ ကိုယ့်လှေကို ဖန်တီးပြီး
ခရီးထွက်သွားတာထက် ကောင်းကောင်း ဆိုးဆိုး တစ်လှေတည်းနဲ့ ခရီးဆန့်သင့်တာ
ကြာနေပါပြီ။ ဒီမှာ ရေသာခိုသူ ပါမယ်။ ဦးဆောင်နိုင်သူ ပါမယ်။
နောက်လိုက်မယ့်သူ ပါမယ်။ သူ့နယ်ပယ်နဲ သူ အမူအကျင့်ကိုယ်စီနဲ့ ပါလာတဲ့
လူတွေကို တစ်ဦးချင်းစီ ပြုပြင်ဖို့အတွက် ကိုယ်ကနေ အရင်စရမှာပါ။
စည်းစည်းလုံးလုံးနဲ့ ဖန်တီးတည်ဆောက်၊ ခရီးဆက်သွားရင် လှပတဲ့
တိုင်းပြည်အနာဂတ်မှာ ဝေးတော့မှာ မဟုတ်ကြောင်း ဆုတောင်းရင်း
နိဂုံးချုပ်လိုက် ရပါတယ်။
-
အောင်ခမ်း (TSJ team)
Subscribe to:
Post Comments (Atom)
Post a Comment