ဒွါဒရာလက်ဆယ့်နှစ်ကွက်တွင်၊ ဂုဏ်အနဂ္ဃချိန်နှိုင်းစက်လဲ၊ ဖက်မမျှဘူး၊ စိတ္တရခါကြယ်ထွန်းပတဲ့ လအတာမှာ အသာခေါင်ခန့်ကဲတော့တယ်။
ရာသီစက်ဝန်းဆယ့်နှစ်ကွက်မှာ တန်ခူးလရာသီရဲ့ ကြည်နူးဖွယ်ဂုဏ်တို့
ဟာတန်ဖိုးမဖြတ်နိုင်ဘဲအခြားရာသီတွေ နဲ့
နှိုင်းချိန်စက်လို့ပင်မဖြစ်နိုင်ပါဘူး။ အခြား ရာသီတွေကလည်းတန်ခူးလနဲ့
မဖက်ပြိုင် နိုင်သလိုဂုဏ်ရည်ချင်းလည်းမညီမျှကြပါ ဘူး။ တန်ခူးလမှာ
စိတြနက္ခတ်နဲ့ လပြည့် ၀န်းတို့သန်းခေါင်အခါမှာ ယှဉ်ပြိုင်ထွန်း
လင်းတောက်ပသလိုနှစ်ဟောင်ကနှစ်သစ် ကူးတဲ့အခါသင်္ကြန်ကိုရောက်လာပြီး
သာယာကြည်နူးဖွယ်တို့ဟာ အခေါင် အဖျားထိအောင်ရောက်လာပါတော့တယ်။ ဒီတန်ခူးလမှာ
တိမ်တောင်တိမ်လိပ်တွေ ဟာ မကန်းငါးရဲ့ အကြေးကွက်တွေပမာ
အထပ်လိုက်ရှိသလိုပိုက်ပိုက်ကွန်ရွက်သဏ္ဌာန် လိုလည်းအကွက်ထနေတာမြင်ရတော့ကြည်
နူးဖွယ်ရာပါ။
မိုးနတ်မောင်ကလည်း ရွာ မလိုဟန်ပြင်တဲ့အနေနဲ့
ပုစွန်းလက်ရိုးနဲ့ လုပ်ထားတဲ့ အာလမ္ဗရမုဒိန်းစည်တော်
ကြီးကိုတည်းပြီးမိုးခြိမ်းသံပေးနေသလို
အမှောင်မိုက်ကိုပယ်ရှင်းနိုင်ပြီးရောင်ခြည် တစ်ထောင်အလင်းဆောင်တဲ့
သူရိန်နေ မင်းကလည်း ဒီရာသီမှာတောင်ဘက်စွန်း အပြင်လမ်းကို
စွန့်ပြီးအလယ်လမ်းကို ကူးပြောင်းကွန်မြူးနေပါပြီ။ ရာသီပန်းမြစ် တဲ့
ကံ့ကော်ပန်းတွေကလည်း အကိုက်၊ အညွှန့်၊ အဖူးကလေးတွေနဲ့ အစီအရီ
ထွက်ပေါ်လာကြပြီး ငွေရောင်သဏ္ဍာန် ဖြူဖွေးတဲ့ ပန်းခိုင်လေးတွေဟာ လေပြေ
လေညင်းရဲ့ ပွတ်တိုက်နမ်းရှိုက်မှုကြောင့်
ရှက်သွေးဖြာကာယိမ်းရိုင်ကိုင်းညွတ်နေ ကြပြန်ပါတယ်။ တန်ခူးမည်မှတ်ဖက်ဆွတ်
ရေတိုးသင်္ကြန်မိုးဆိုတဲ့အတိုင်းဖက်ဆွတ်
မိုးတို့ကလည်းစတင်ရွာသွန်းဖြိုးဖို့ပြင်နေ ကြပါပြီ။
မြစ်နံဘေးသဲသောင်ကမ်းစပ် မှာတော့ ဟင်္သာငှက်၊ သောင်တင်းငှက်၊
ရွှေပိန်ညင်းငှက်တို့ရဲ့ ဖိုမမောင်နှံယှဉ်တွဲ ပြီး
ပူးပူးကပ်ကပ်နှစ်ကိုယ်တစ်စိတ်ပမာ မောင်မယ်တူစုံနွှဲပြီး ချစ်တင်းနှောနေတာ။
သာယာစွာမြည်တွန်ပြောဆိုနေတာ။ တောင်ပံကလေးတွေဖြန့်ပြီး ၀ဲပျံနေတာမြင်
ရတော့ဖော်မစုံသူတွေအဖို့လမ်းဖွယ်ရာ ပါပဲ။
ဒီလိုသာယာကြည်နူးဖွယ်ကောင်းတဲ့ တန်ခူးလမှာရွာတဲ့ မိုးကိုဖက်ဆွတ်မိုးလို့
ခေါ်ကြသလို၊ တချို့ကလည်းဖက်စွက်မိုး လို့ခေါ်ကြပါတယ်။ ဖက်စွတ်ဝါဒီသမား
များကတော့ တန်းခူးလမှာ ရွာတဲ့မိုးဟာ ဖက်ရွက်တွေကို စိုရုံ၊
စွတ်ရုံရွာလို့ပါတဲ့ ပန်းဝါဒီသမားတွေကတော့ အနံ့ အလွန် မွေးတဲ့
ဖက်ဆွတ်ပင်တွေဟာ သင်္ကြန် မိုးနဲ့ တွေ့မှ ပွင့်လေ့ရှိတာကြောင့် မိုးကို
မျှော်ကြတယ်တဲ့။မိုးနဲ့တွေ့တဲ့ အခါချစ်သူနဲ့ တွေ့ရသလိုသူတို့ဟာပျော်ကြပြီး
ညှာတံ တစွင့်စွင့်နဲ့ ပွင့်ကြတယ်လို့ဆိုပါတယ်။ “ဖက်ဆွတ်ခိုင်စေဖူးလို့၊
လေရူးကလာပြီ။ ရွှေခူးလရာသီမှာ အခါမီကရို့။ မောင်ဖျား နှင့် နေနွယ်နွယ်ငင်၊
ရေသပ်္ပာယ်သွားကြ ချေစို့” တဲ့။ အဲဒီကိုတောင်တေးထပ်လေး
တွေစပ်ဆိုကြပါသေးတယ်။ တကယ်တော့ တန်ခူးလအခါမှာ နွေဥတုနဲ့ နှိပ်စက်မှု
ကြောင့် သစ်ရွက်တို့ဟာ ရော်ရင့်ရွက်ဝါ ကာရွက်ဟောင်းညှာကြွေပြီး မြေသို့သက်
ဆင်းခဲ့ရပါတယ်။ အဲဒီသစ်ရွက်ခြောက် တွေဟာ လေရူးရဲ့ တိုက်ခတ်မှုတွေကြောင့်
ဟိုပြေး၊ ဒီလွှားကာဘူမိကမ္ဗလာမှာ ပြည့် နှက်လို့နေပါတော့တယ်။ အဲဒီအချိန်မှာ
ဖက်ဆွတ်ရေတိုးဆိုတဲ့ အတိုင်းဖက်ခြွေမိုး က
သဲသဲမဲမဲကြီးရွာချလိုက်တဲ့အခါမြေ ထက်မှာ ကြွေသက်လို့ကျနေတဲ့ ဖက်ရွက်
ခြောက်တွေက ရေလုံးနဲ့ လိုက်ချလိုက်သလို အပင်မှာရှိတဲ့ သစ်ရွက်ခြောက်တွေနဲ့
မြေပြင်မှာအိပ်စက်နေတဲ့ သစ်ရွက်ခြောက် တွေဟာ မြေမွေ့ရာထက်မှာ
ဇိမ်ကျကာမနေ နိုင်တော့ဘဲမိုးရေတို့အကြားမှာသူနိုင်
ကိုယ်နိုင်အပြိုင်ကူးပြီးမျှောပါသွားကြပါ တော့တယ်။သျှင်ဥတ္တမကျော်ကတော့
သူ့ရဲ့တောလားမှာ “မြိုင်ချေအပြင်၊ စုံတစ်ခွင်က၊ ရွက်ကျင် ခွေကျိုး၊
ဖက်ခြွေမိုးမူ” “ကြိုင်ဆီလှိုင်သတ်၊ ရေဖက်ဆွတ်တည့်၊ ခြွေလွှတ်စောစွာသည်
ချိန်ခါကို”လို့ စပ်ဆိုခဲ့ပါတယ်။ စာဆိုတော် ဦးမင်းကလည်း
“ရွက်ကျင်ငယ်ကြွေသည်။ ရေလည်းဖက်ကူး၊ အင်္ဂါရူးလဲ၊ အထူး ထောင်သ
မီးရောင်ပြနှင့်” လို့စပ်ဆိုခဲ့ပါ တယ်။
တကယ်ဆိုရင်သင်္ကြန်ဆိုတဲ့စကား ဟာ ပါဠိနဲ့ သက္ကဋဘာသာစကားတွေက
လာတယ်လို့ဆိုပါတယ်။ သင်္ကန္တသဒ္ဒါက ပျက်ပြီးသင်္ကြန်လို့ဖြစ်လာကာပြောင်းရွှေ့
ခြင်းလို့အနက်ထွက်ပါတယ်။ တန်ခူးလ ရာသီမှာရေမြေတောတောင်တွေက သစ်ပင်တွေဟာ
ရွက်ဟောင်းကြွေလို့ရွက် သစ်ဝေပြီး အသစ်တစ်ဖြန်ပြောင်းလဲလာ ကြသလိုလူတွေကလည်း
နှစ်ဟောင်းက တင်လာတဲ့ ကြေးညှော်တွေကို သုတ်သင် ရှင်းလင်းတဲ့အနေနဲ့
အသစ်တစ်ဖန်ပြောင်း လဲတယ်လို့ယူဆပြီး ဦးခေါင်းဆေးလျှော် ပြုလုပ်ကြတာကို
သင်္ကြန်ကျတယ်လို့ဆို ကြပါတယ်။ ဘုရင်မင်းမြတ်များအနေ နဲ့တော့
ဦးခေါင်းဆေးလျှော်တာကို သင်္ကြန်တော်ခေါ်တယ်လို့လည်းဆိုကြပါ တယ်။
ရှင်ဘုရင်တွေတစ်လတစ်ကြိမ်ခန့် ရိုးရိုးခေါင်းဆေးလျှော်ခြင်းကို ပကတိ
သင်္ကြန်လို့ခေါ်ပြီး။ ဂြိုဟ်စီဂြိုဟ်နင်းမကောင်း
လို့အတိတ်နိမိတ်များပျောက်စေရန် ပြုလုပ်တဲ့ သင်္ကြန်မျိုးကိုတော့ သင်္ကြန်
တော်လတ်လို့ခေါ်ပါတယ်။ ထီးနန်းသိမ်း မြန်းပြီး ဘသိက်တော်မခံယူမီနန်းတော်
ပြင်ပမှာကျင်းပတဲ့ပွဲကိုတော့ မဟာသင်္ကြန် တောင်ကြီးလို့ခေါ်ကြပါတယ်။
နန်းတွင်း ပညာတော်ရှိတွေကလည်း တိုင်ပြည်ရဲ့ လူမှု ရေး၊ စီးပွားရေး၊
နိုင်ငံရေးတွေကိုကောင်း၊ မကောင်းတွက်ချက်ပြီး ဘုရင်ထံဆက်သ ရပါတယ်။
အဲဒါကိုတော့ သင်္ကြန်စာလို့ ခေါ်ကြပါတယ်။ ဘိုးတော်ဘုရားကတော့ သင်္ကြန်စာတွေထဲမှာ
သိကြားမင်းဟာ အမျိုးမျိုးသောလက်နက်တွေနဲ့ တိရစ္ဆာန် တွေကို
ကိုင်စီးပြီးဆင်းတာ၊ ဗြဟ္မာကြီးဦး ခေါင်းကို နတ်သမီးတွေက တစ်လှည့်စီ
ကိုင်ရတာစတာတွေသိလိုတာကြောင့် ပညာရှိပုဏ္ဏားတို့ကိုမေးသော်လည်းမည်
မည်ရရမဖြေနိုင်လို့ မောင်းထောင်သာ သနာပိုင်ထံမေးမြန်းဖို့နာရီမှူးကို
လွှတ်လိုက်ပါတယ်။ သာသနာပိုင်က လည်း ဗေဒင်ကျမ်းဂန်အမျိုးပေါင်း ၃၀ ကျော်နဲ့
တိုက်ဆိုင်စစ်ဆေးတဲ့အခါ ခိုင်လုံ တဲ့အထောက်အထားမတွေ့ရကြောင်း၊
မည့်သည့်ကျမ်းဂန်မှာမှ အရုပ်တွေ၊ လက်နက်တွေ အတာတက်တာတွေ၊
အတာစားတာတွေမရှိကြောင်း မေတ္တာစာဘုရင့်ထံဆက်သွင်းကြောင်း သိရပါတယ်။
ဒီလိုမခိုင်လုံတဲ့ အကြောင်းတွေသိရပေမဲ့ရှေးရှေးဘုရင်များ လက်ထက်က
တည်းကပြုလုပ်လာတဲ့ အတွက်ကြောင့် သူ့လက်ထက်မျာ မဖျက် ချင်တာနဲ့
ဒီအတိုင်းပဲထားခဲ့တယ်လို့ဆို ပါတယ်။ သင်္ကြန်တော်ခေါ်တဲ့ ဦးခေါင်း
ဆေးမင်္ဂလာပြုခြင်းတို့ ပုဂံခေတ်ကတည်း က စတင်ခဲ့ပြီး နရသီမာပတော့မင်းလက်
ထက်မှာ နန်းတော်ကနေမြစ်ဆိပ်ထိအောင် တဲ နန်းတွေဆောက်ပြီး သင်္ကြန်တော်
ခေါ်ကျင်းပပြုလုပ်ကြောင်း သိရပါတယ်။
သုတသောမဇာတ်တော်မှာတော့ မဟာသုတသောမမင်းဟာဖုသျှနက်္ခတ် နဲ့ တနင်္လာဂြိုဟ်တို့
ပူးယှဉ်ချိန်ပြာသိုလ မှာ မိဂါဇိန်ရေကန်မှာအခြွေအရံတွေနဲ့
သင်္ကြန်တော်ခေါ်သလို၊ မဟာသုဒဿန သုတ်မှာလည်း မဟာသုဒဿနမင်းဟာ
သင်္ကြန်တော်ခေါ်ကြောင်းနဲ့ သိဝိရာ ဇဇာတ်တော်မှာလည်း သိဝိမင်းဟာ
သင်္ကြန်တော်ခေါ်ကြောင်း သိရပါတယ်။ ဒါတွေဟာ ဘုရားဟောဇာတ်တော်တွေနဲ့
ရှေးတုန်းကရှင်ဘုရင်တွေဦးခေါင်းဆေး မင်္ဂလာပြုတာကို သင်္ကြန်တော်ခေါ်တယ်
လို့ဆိုလိုတာဖြစ်ကြောင်း ရှေးဆရာ ကြီးများရေးခဲ့တဲ့ စာကိုကိုးကားပြီးရေး
သားလိုက်ရပါတယ်။
ဘုန်းစစ်
Subscribe to:
Post Comments (Atom)
Post a Comment