ုဆိုကရေးတီး၊ခေတ်သစ်မာဃနှင့်ကင်းထောက်လူငယ်
“အသစ်တွေဘယ်လိုကောင်းပေမဲ့ အဟောင်းမှာပဲတလည်လည်”
မြန်မာ့ဆိုရိုးစကားခေါင်းထဲဝင်လာပါ တယ်။ နိုင်ငံတော်အစိုးရပညာရေးဝန်ကြီး ဌာနက ယခင်အစိုးရများဇာတ်မြှုပ်ထားတဲ့ ကင်းထောက်လူငယ်လုပ်ငန်းကို ပြန်လည် အသက်သွင်း၊ ဖွဲ့စည်း၊ သင်တန်းပေး၊ လှုပ်ရှားလူးလွန့်စပြုပါပြီ။
လူမှုဇာတ်ခုံပေါ် ပြည့်ဖုံးကားရှေ့ကင်းထောက်တွေထွက်လာ တာကိုပြန်မြင်ရပါပြီ။
ကင်းထောက်တွေပြန်ပေါ်လာတော့ ကျွန်တော်တို့ဆဋ္ဌမတန်းတုန်းက သင်ခဲ့ရ တဲ့ “ခေတ်သစ်မာဃ” စာအုပ်ထဲပါတဲ့ ဘွိုင်းစကောက် (ကင်းထောက်လူငယ်) တွေနဲ့ အဋ္ဌမတန်းအင်္ဂလိပ်ဖတ်စာ (New Method Reader Four) မှာပါတဲ့h BOY SCOUT ကို သတိရပါတယ်။ တော်လှန် ရေးကောင်စီတက်လာကတည်းက ပြည် ဖုံးကားချလိုက်တဲ့ ကင်းထောက်လူငယ် တွေအနှစ် ၅၀ နီးပါးကြာမှ ပြန်လည် ဖော်ထုတ်ကြတဲ့အတွက် ဖော်ပြပါဆိုရိုး စကားကိုသတိရမိခြင်းဖြစ်ပါတယ်။
အဓိကပြောချင်တာကခေတ်သစ် မာဃစာအုပ်ပါ။ အက်မ၊ အယ်လ်၊ ဘရိမ်း၊ အဲမ်စီး ICS နဲ့ ဒဗလျူ၊ အဲမ်ရိုင် ဘဲန် MA တို့ရေးတဲ့h Socrates at Schoolသူ စာအုပ်မှ ကျေ၊ အာရ်၊ အဲနဒ်ရပ် (စ)MA,Ph.D က ပြင်ဆင်တည်းဖြတ်ပြီး မောင်ဘရှင်၊BA(ဂုဏ်ထူး)က ဆီလျှော် အောင်မြန်မာမှုပြုပြန်ဆိုရေးသားထားတဲ့ စာအုပ်ပါ။ ရန်ကုန်မြို့၊ တက္ကသိုလ်ကျောင်း တိုက်ခေတ္တဘောဂဗေဒပါမောက္ခ ဂျေ၊ အာ၊ အဲန်းဒရပ်ကနိဒါန်းရေးထားပါတယ်။ ၁၃၀၁ ခုနှစ် (ဤစာရေးသူ၏မွေးနှစ်)က ထုတ်ခဲ့တာဆိုတော့စာအုပ်သက်တမ်းပင် ၇၄ နှစ်ရှိပါပြီ။
ဂရိနိုင်ငံမှကြောင်းကျိုးးဆင်ခြင်ဒဿန တွေးခေါ်ရှင်ဆိုကရေးတီး၊ ဘုရားဟော သုတ်္တံနိပါတ်လာကျေးရွာပြုပြင်ရေးလူမှု ၀န်ထမ်းကုသိုလ်ကောင်းမှုအစုစုကြောင့် သိကြား၊ နတ်များဖြစ်သွားကြတဲ့ မစလ ရွာသားဦးမာဃနဲ့ အပေါင်းပါလူငယ် ၃၃ ဦး၊Boy Scout ဆိုတဲ့ မူလရေသောက် မြစ်သုံးမျိုးကိုမျက်မှောက်ခေတ်နဲ့ ဘီလျော် အော်ရောသမွှေရေးသားပြုစုထားတဲ့ စာအုပ်ကို မြန်မာ့ယဉ်ကျေးမှုနဲ့ အညီ မြန်မာမှုပြုဘာသာပြန်ထားတဲ့ကျောင်းသုံး စာအုပ်ပါ။
“ခေတ်သစ်မာဃခေါ်ကျေးလက်ပြု ပြင်ရေး” ရယ်လို့အမည်ပေးခေါင်းစီးတပ် ထားပါတယ်။ စာအုပ်မှာ ပါဝင်တဲ့ အကြောင်းအရာများကတော့
လွယ်ကူသောလောကတတ်ပညာ (သိပ်္ပံပညာ)၊ စည်းလုံးခြင်းဖြင့် ကြီးပွား ကြလော့ (သမ၀ါယအသင်းများဖွဲ့စည်း ထူထောင်လုပ်ငန်း)၊ တတ်သိဖွယ်ရာ (ပတ်ဝန်းကျင်သန့်ရှင်းရေး)၊ ကိုယ်ထူးကိုယ် ချွန် (ကိုယ့်အားကိုယ်ကိုးလမ်း၊ တံတား ပြုပြင်ရေး)၊ ပြောသလိုလုပ် (ကင်းထောက် ဥပဒေ ၁၀ ချက်လိုက်နာရေး)၊ အသက် မွေးဝမ်းကျောင်းစစ်ပွဲ (ကျောင်းကျန်းမာ ရေး၊ ကျောင်းတွင်း ကျောင်းပြင်သန့်ရှင်း စင်ကြယ်ရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး)၊ ယင်ဘုရင် (ယင်အန္တရာယ်နျင့် ကာလ ၀မ်းရောဂါ)၊ မြို့နှင့် တော၊ အလုပ်ရှား သလော (တတ်သည့်ပညာဖြင့် မိဘ လက်ငုပ်လယ်ယာလုပ်ရေး)၊ သင်္ချာရိုးရိုး (ကျေးလက်စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေး)၊ ကိုးစားအပ်သူ (အထက်လူကြီး မျက်နှာလွှဲရသည့်လူတော်လူကောင်း တာဝန်ကျေသူ)၊ ကူညီလိုသောစိတ် (ကင်းထောက်)၊ ပိသုကာကြီးများ (ကျေး လက်ကျောင်းဆရာ)၊ ကိုပန်းသာတို့ရွာ (ဖွံ့ဖြိုးတိုးတက်လာသော ရွာသာယာ) တို့ပါပဲ။ အကြောင်းအရာတစ်ခုစီရဲ့ ဦးတည်ချက်အနှစ်သာရကိုကွင်း (–)နဲ့ ပြလိုက်တာပါ။
ဆိုကရေးတီးလိုအမှားအမှန်၊ အဆိုး ကောင်းဝေဖန်ချင့်ချိန်ပြီးမှ ဆုံးဖြတ်ချ ဆောင်ရွက်မှု၊ မာဃလုလင်နဲ့ အပေါင်း ပါလူငယ် ၃၃ ဦးတို့လိုရပ်ရေးရွာရေး စေတနာဝန်ထမ်းပရိဟတလုပ်ငန်းများ ဆောင်ရွက်မှုအစဉ်အသင့်ရှိနေတဲ့ ကင်းထောက်လူငယ်တို့ရဲ့ကူညီမှုဆိုတဲ့ ၃ မျိုးဟာ ပတ္တမြားမှန်ရင်နွံမှာ နစ်စေတော့ မညစ်စတမ်းဆိုသလိုဘယ်ခေတ်ရောက် ရောက်မကွယ်မပျောက်ထွန်းတောက်ရှင် သန်နေဖို့လိုကြောင်းပါ။
မောင်ကျေးဇူး
Post a Comment