Thursday, October 24, 2013

တရုတ် မီဒီယာ တွေက ဝေဖန်ပြီးနောက် Galaxy Phone တွေကို Samsung က အခမဲ့ ပြုပြင်ပေးမည်


တရုတ် ရုပ်သံမီဒီယာတစ်ခုက Samsung ရဲ့  Warranty Program ကိုဝေဖန်ပြောဆိုပြီးနောက်မှာ Samsung က တရုတ်ပြည်က  သူ့ ရဲ့  Customer တွေကိုတောင်းပန် လိုက်ပါတယ်။ CCTV က Galaxy Note 2 နဲ့ Galaxy S 3 တို့မှာ Memory တွေ မှားယွင်းရောင်းချခဲ့ပြီး ပြန်လည်ပြုပြင်ပေးရာမှာလည်း တစ်ချို့ Customer တွေဆီက $100 ကျော် ရယူမှုနဲ့ပတ်သက်ပြီးပြောကြားခဲ့တာပါ။


“ မီဒီယာတွေကဝေဖန်တာတွေကိုကြိုဆိုပါတယ်။ ကျွန်တော်တို့ရဲ့ စီမံခန့်ခွဲ မှုညံ့ဖျင်းမှုကြောင့် Customer တွေ အဆင်မပြေဖြစ်ခဲ့တာပါ။အဲဒီအတွက်လေးလေးနက်နက်တောင်းပန်လိုက်ပါတယ်။” လို့ Samsung ကပြောကြားပါတယ်။ ပျက်ဆီးသွားတဲ့ဖုန်းတွေကို အခမဲ့ပြုပြင်ပေးမှာဖြစ်ပြီး အခပေးပြုပြင်ပြီးသားသူတွေကိုလည်း ပိုက်ဆံပြန်အမ်းပေးသွားမယ်လို့ဆိုပါတယ်။

တရုတ် မီဒီယာ တွေဝေဖန်ပြောဆိုခံရတဲ့ ပထမဆုံး Company ဟာ   Samsung မဟုတ်ပါဘူး။ဒီနှစ်အစောပိုင်းမှာ Apple ရဲ့  Warranty Program ကိုပြစ်တင်ဝေဖန်ခဲ့ပြီး CEO Tim Cook ကလူသိရှင်ကြားတောင်းပန်လိုက်ရပါတယ်။ Microsoft ရဲ့  Surface Pro တွေနဲ့ပတ်သက်ပြီးလည်း တရုတ် မီဒီယာ တွေကဝေဖန်ပြောဆိုခဲ့ဖူးပါတယ်။


Ref-Myanmar iCt

No comments:

Post a Comment