Thursday, October 24, 2013

Facebook ၀က်ဆိုက် Down နေတဲ့အချိန်မှာ Post တင်နည်းလေးနည်း


တစ်ခြား ၀က်ဆိုက်တွေမှာလိုပဲ Facebook မှာလည်း Bugs တွေရှိပါတယ်။ ပြီးခဲ့တဲ့  Monday က Facebook ၀က်ဆိုက် Down သွားခဲ့ပြီး Post တွေတင်လို့မရ ၊ Like လုပ်လို့မရဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး တစ်ခြား Social Media တွေမှာပျံ့နှံ့သွားခဲ့ပြီး တစ်ချို့က ပြစ်တင်ဝေဖန်ပါတယ်။တစ်ချို့ကလည်း လှောင်ပြောင်ကြပါတယ်။တစ်ချို့ကဆို အခွင့်အရေးယူပြီးကြော်ညာတွေတောင်ပြုလုပ်ကြပါသေးတယ်။


ပြီးခဲ့တဲ့ရက်က Facebook ၀က်ဆိုက် Down သွားတဲ့အချိန်မှာ Post တင်လို့မရတာ၊ Like လုပ်လို့မရတာတွေဖြစ်ခဲ့ပေမယ့် News Feed ကိုတော့ ကြည့်လို့ရခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်း တွေ၊ အရေးကြီး Posts တင်ရမယ့်သူတွေအတွက်တော့ အဲဒီအချိန်ဟာ စိတ်ညစ်စရာကောင်းခဲ့မှာပါ။အဲဒီအတွက် နောက်တစ်ခါ Facebook ၀က်ဆိုက် Down ခဲ့ရင် Post တွေတင်နိုင်ဖို့နည်းလမ်းတွေရှိလား ဆိုတာစိတ်၀င်စားစရာကောင်းလာပါတယ်။

Facebook ၀က်ဆိုက် နောက်တစ်ခါ Down ခဲ့ရင် အောက်ကနည်းလမ်းတွေကိုစမ်းကြည့်လို့ရပါတယ်။ဒါပေမယ့် အလုပ်ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာကတော့ အာမမခံနိုင်ပါ။

Smartphone/Tablet App

Main Servers တွေ Down သွားတဲ့အချိန်မှာ တစ်ခါတစ်လေ App တွေသုံးပြီး Facebook ကိုအသုံးပြုလို့ရတတ်ပါတယ်။ သူ့ရဲ့ပြဿနာက Web App မှာဖြစ်ပြီး Smartphone , Tablet apps တွေကိုအကျိုးမသက်ရောက်စေတဲ့အခြေအနေမျိုးမှာဖြစ်ပါတယ်။

Hootsuite

Hootsuite က Social Media Management တစ်ခုဖြစ်ပြီး Social Account တွေကို Hootsuite မှာသုံးလို့ရပါတယ်။ Hootsuite ကနေ Facebook ကို Post တွေတင်လို့ရပါတယ်။တစ်ခြား အသုံး၀င်တဲ့ Functions တွေဖြစ်တဲ့ Schedule လုပ်ပြီး Post တင်တာတွေလည်းလုပ်နိုင်ပါတယ်။ Facebook ၀က်ဆိုက် Down နေတဲ့အချိန်မှာ Hootsuite ကနေ Post တွေတင်လို့ရခဲ့တယ်လို့အသုံးပြုသူတွေကပြောကြပါတယ်။

SproutSocial

SproutSocial ကလည်း Social Media Management တစ်ခုဖြစ်ပါတယ်။ဒါပေမယ့် တစ်လကို  39$ ပေးပြီးအသုံးပြုရတာပါ။ SproutSocial ကလည်း Facebook ကို Post တွေတင်ပေးနိင်သလို Analytics တွေကိုပါထုတ်ပေးနိုင်ပါတယ်။ ပိုက်ဆံပေးသုံးရတာကတော့ အဆင်မပြေတဲ့အချက်ဖြစ်ပါတယ်။

Using the API(Application Integration)

Facebook က သူ့ရဲ့  API ကို ၂၀၀၆ ကထဲက ထုတ်ပေးထားတာဖြစ်ပြီး Post တင်တာတွေ၊ Comment လုပ်တာတွေကို App တွေကနေပြုလုပ်နိုင်ပါတယ်။ API ကို  အသုံးပြုနည်း  ကိုလည်း Facebook ကပေးထားပါတယ်။ အဲဒီ API ကိုအသုံးပြုပြီးတော့လည်း Facebook ကို Post တွေတင်နိုင်ပါတယ်။

နောက်တစ်ခါ Facebook ၀က်ဆိုက် Down နေတဲ့အချိန်မှာဒီနည်းတွေကို စာဖတ်သူ စမ်းသပ်ကြည့်နိုင်ပါတယ်။


Ref-Myanmar ICT

No comments:

Post a Comment