နော်ဝေနိုင်ငံရှိ Telenor ရုံးချုပ်ကို တွေ့ရစဉ် (Photo:skyscrapercity.com)
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင် Telenor ၏ ရင်းနှီးမြှုပ်နှံမှု
အမေရိကန်ဒေါ်လာ နှစ်ဘီလျံထက် လျော့နည်းနိုင်ကြောင်း Telenor အမှုဆောင်
အရာရှိချုပ် (စီအီးအို) က ပြောကြားကြောင်း Reuters သတင်းဌာန၏ ဖော်ပြချက်အရ
သိရသည်။
''မြန်မာမှာ ဘယ်လောက် မြှုပ်နှံမလဲလို့ ပြောရရင် ပါကစ္စတန်မှာ
ရင်းနှီးမြှုပ်နှံခဲ့တဲ့ ပမာဏထက် ပိုမိုနည်းပါး နိုင်ပါတယ်။ ပြန်သုံးသပ်
ကြည့်မယ်ဆိုရင် ပါကစ္စတန်မှာလည်း များနိုင်သမျှများများ ရင်းနှီးမြှုပ်နှံ
နိုင်လိမ့်မယ်လို့ ထင်မြင်ခဲ့ကြပေမယ့် တကယ်တမ်းတော့ ဒါက ဖြစ်မလာခဲ့ပါဘူး''
ဟု Telenor စီအီးအို Jon Fredreik Baksaas က ပြောကြားသည်။