Saturday, August 31, 2013

ရန်ကုန် လေဆိပ်နှင့် မြို့တွင်း အငှားကား ၀န်ဆောင်မှု အမေရိကန် ကုမ္ပဏီ စတင်မည်

ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ မြို့တွင်းသို့ပုံ မှန်ပြေးဆွဲ ပေးမည့် အငှားကား ၀န်ဆောင်မှု လုပ်ငန်းကို အမေရိကန် လုပ်ငန်းရှင် တစ်ဦးက စက်တင်ဘာ ၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ “လေယာဉ် တစ်စီး ဆိုက်တိုင်း တစ်ခေါက်ထွက်မယ်။ လူနှစ်ယောက်၊ သုံးယောက်နဲ့လည်း ထွက်ပေးမယ်။ နိုင်ငံခြား သားကို ငါးဒေါ်လာ။ Local (နိုင်ငံသား)ကို ကျပ်၃"၅၀၀ သတ်မှတ် ထားတယ်”ဟု Yangon Ariport Shuttle ကုမ္ပဏီ အကြီးအကဲ ဦးကျော်ကျော်က ပြောကြားသည်။ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ဆူးလေနှင့် ပန်းဆိုး တန်းအထိပြေးဆွဲ ပေးမည်ဖြစ်ပြီး နိုင်ငံခြား သားများ အတွက် ဟိုတယ် အရောက်ပို့ဆောင် ပေးမည်ဖြစ်ကာ ပြည်တွင်း ခရီးသွားများ အတွက်မူ လေဆိပ်မှ အင်းစိန်လမ်း၊ အင်းလျား လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်း တစ်လျှောက်ရှိ အနီးဆုံး နေရာများတွင် ချထားပေး မည်ဟု ဦးကျော်ကျော်ကပြောသည်။
“နိုင်ငံ အတွက်ကောင်းတဲ့ လက္ခဏာပဲလေ။ ခရီးသွား လုပ်ငန်း ကောင်းလာရင် ဒါမျိုးဝန်ဆောင်မှုတွေက ၀င်လာမှာပဲ။ နိုင်ငံခြားသားက ရင်းနှီးမြှုပ်နှံမယ် ဆိုရင် သုတေသန လုပ်ပြီးမှ လုပ်တာ”ဟု Nature Dream ခရီးသွား ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်စပယ်အောင်က ပြောသည်။ Yangon Ariport Shuttle ကုမ္ပဏီသည် အမေရိကန်နိုင်ငံတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌသူရ ဦးရွှေမန်းတို့နှင့် တွေ့ဆုံစဉ် အဆို ပါလုပ်ငန်းနှင့် ပတ်သက်၍ တင်ပြခဲ့၍ နိုင်ငံတော် သမ္မတနှင့်ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌတို့က လာရောက် လုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။ လက်ရှိတွင် Yangon Ariport Shuttle ကုမ္ပဏီသည် ၀ှီးချဲ ပါတင်ဆောင်နိုင်သော ကား အပါအ၀င် ကားခြောက်စီးဖြင့် လုပ်ငန်း စတင်မည်ဖြစ်သည်ဟု ဆိုသည်။

ရိုးရာလေး

No comments:

Post a Comment