Tuesday, April 30, 2013

Talk It အင်္ဂလိပ် အသံထွက်ပေးတဲ့ ဆော့ဝဲလ်လေးပါ


Talk It အင်္ဂလိပ် အသံထွက်ပေးတဲ့ ဆော့ဝဲလ်လေးပါ ပေါ့ ပေါ့ ပါးပါးလေးပါပဲ
သိပြီးသူများ ပါတယ် တော်တော်လေး ကောင်းတယ် အင်္ဂလိပ် စကားပြောလေ့ လာလိုသူတွေအတွက်
အထူးသင့် လျော်ပါတယ် ညီ ကိုယ်တိုင်စမ်းသပ်ပြီး ရှာဖွေမွေနှောက် ပြီး တင်ပေးလိုက်ပါသည်
ဥာဏ်ရှိသလိုအသုံးပြုနိုင်ပါ သည် အဆင်ပြေကြပါစေ ဗျာ..
ဒေါင်းရန်.. ဒီမှာ

ပဋိပက္ခဖြစ်ပွားရာနေရာကိုဝါးလုံးစည်းတွေပေါ်တက်ပြီး ချောင်းကူးသွား

အဘ ဥက္ကာကိုကို
ပဋိပက္ခဖြစ်ပွားရာနေရာကို သွားလာရခက်ခဲတဲ့အတွက် ကြံရာမရတော့တဲ့အဆုံး ရဲတွေက
ဝါးလုံးစည်းတွေပေါ်တက်ပြီး ချောင်းကူးသွားခဲ့ကြပါတယ်.....

  
 


 







 

အွန်လိုင်းမှာ Programming ပညာ အခမဲ့လေ့လာမယ်


အပြင်မှာ Programming အတွက် သင်တန်းကြေးတွေ ဘယ်လောက် ကုန်တယ် ဆိုတာ အားလုံးသိထားတဲ့အတိုင်းပါပဲ။ ဒါကြောင့် အကောင်းဆုံး ကျော်ဖြတ်နည်းကတော့ Self Study ပါ။
ဒီလို Self Study လုပ်ဖို့ဆိုတာ လွယ်လွယ်ကူကူနဲ့ ရှင်းလင်းပြသပေးထားတဲ့ ဆိုဒ်တွေ ရှိဖို့လိုပါတယ်။ ယခု Share ပေးမယ့် ဆိုဒ်လေးကတော့ တကယ်ရှင်းလင်းပါတယ်။

Deep Freeze Server Enterprise 7.61.270.4320 Full Keygen

Deep Freeze Server Enterprise 7.61.270.4320 Full Keygen | 20.5 MB 


Deepfreeze လို့ဆိုတာနဲ့ ကျွန်တော်တို့တွေ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပါတယ်။ သူ့အကာအကွယ်နဲ့
ဘယ်လိုအခြေအနေမျိုး ကြုံကြုံ စက်ကို Restart ချလိုက်တာနဲ့ မူလအနေအထားသို့ ပြန် Recover
လုပ်ပေးနိုင်တာကြောင့် လူအများနဲ့ ဆက်ဆံအသုံးပြုရတဲ့ PC တွေမှာတော့ သူက တော်တော်အလုပ်
ဖြစ်ပါတယ်။ အခုက Server Version လေးပါ။ 

Window 8 Pro ကို လိုချင်တဲ့သူငယ်ချင်းများ နောက်ဆုံး Update Activator နဲ့အတူ ဒေါင်းယူနိုင်ပါပြီ


 Window 8 Pro လိုချင်တဲ့သူငယ်ချင်းများ နောက်ဆုံး Update Activator နဲ့အတူ ဒေါင်းယူနိုင်ပါပြီ....

5 - Nov - 2012 နေ့ကတင်ထားတာပါ...။

ဖိုင်လ်ဆိုက်ဒ်ကတော့ 4GB ပါ ... 700MB စီခွဲတင်ထားတာလေးတွေ့လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်...


ဒါကတော့ Microsoft ကပေးထားတဲ့ Window 8 EnterPrise ဒါတိုက် Link ပါ... လိုရ မယ်ရ

တင်ပေးလိုက်ပါတယ်...။

Windows 8 AIO 16 in 1 FINAL Build 9200 (Permanent Activator Included)

Version's Included in this ISO are:
This is Windows 8 Final (Build 9200)
x86 (32-bit)
Windows 8 x86
Windows 8 N x86
Windows 8 Pro x86
Windows 8 Pro VL x86
Windows 8 Pro N x86
Windows 8 Pro with Media Center x86
Windows 8 Enterprise x86
Windows 8 Enterprise N x86

x64 (64-bit)
Windows 8 x64
Windows 8 N x64
Windows 8 Pro x64
Windows 8 Pro VL x64
Windows 8 Pro N x64
Windows 8 Pro with Media Center x64
Windows 8 Enterprise x64
Windows 8 Enterprise N x64
Don't forget to follow the instruction in the Readme file.


   Size : 4 GB

 Part 5    Part  6

(or)
Here Update 1 Dec 2012
Password : www.oxava.com

Thanks To : www.oxava.com

 ဒါကတော့ ဒီနေ့ (8/11/2012) ထွက်တဲ့ Window 8 Activator ပါ...
Download Windows 8 and activate to make genuine. The new activator is called windows 8 activator.
မူရင်း..  http://winkabarkyaw.blogspot.com

ဥက္ကံ မှာ ပုဒ်မ ၁၈၈ ထုတ်ပြန်

 
ရန်ကုန်မြို့ မြောက်ဘက် မိုင် ၈ဝ လောက် အကွာ ဥက္ကံမြို့ မှာ အင်္ဂါနေ့ က ဗုဒ္ဓဘာသာဝင် တွေ နဲ့ မွတ်ဆလင်တွေ ကြား ပဋိပက္ခ ဖြစ်လို့ ဗလီတလုံး နဲ့ မွတ်ဆလင် တွေ ပိုင်တဲ့ ဈေးဆိုင် တော်တော် များများ ဖျက်ဆီး ခံခဲ့ရပါတယ်။ ။ အခင်းဖြစ်ရခြင်းက မနေ့ မနက် ၉ နာရီအချိန် ဈေးထဲ မှာ လူစည်ကားတဲ့အချိန် ဆွမ်းခံကြွလာတဲ့ ကိုရင် တပါး ကို မွတ်ဆလင် အမျိုးသမီး တဦးက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Ricin အဆိပ်ပါ စာပို့သူ တရားရုံးထုတ်မည်

 
အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ အထက်လွှတ်တော် အမတ် တဦးတို့ဆီကို အဆိပ်ပါတဲ့စာတွေ ပေးပို့မှုနဲ့ စွပ်စွဲခံခဲ့ရတဲ့ အမျိုးသားကို တနင်္လာနေ့က ပြည်နယ်တရားရုံးတခုမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ အယ်ဗာရက် ဒက်ရှ်ကာ (Everett Dutschke) ဟာ စာတွေထဲမှာ ricin အဆိပ်ပါတဲ့ ဇီဝဗေဒ လက်နက် အသုံးပြုမှုနဲ့ စွပ်စွဲခံထားရတာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Boston အကြမ်းဖက်မှုနဲ့ဆက်နွယ်တဲ့ သဲလွန်စသစ် တွေ့ရှိ

Boston ဗုံးခွဲမှုနဲ့ပတ်သက်ပြီး သဲလွန်စ ဆက်လက်ရှာဖွေ

Boston မာရသွန်ပြေးပွဲမှာ ဗုံးဖောက်ခွဲမှုအတွက် သံသယရှိသူနဲ့ တအိမ်တည်း အတူနေသူ အမျိုးတွေရဲ့ မျိုးဗီဇ နမူနာတွေကို  အစိုးရ စုံစမ်းထောက်လှမ်းသူတွေက  သက်သေအဖြစ် ကောက်ယူနေပါတယ်။
 

သတင်းတစ်ပုဒ်အများသိစေရန် ကြေညာတစ်ပုဒ်နဲ့ စောင့်နေရတဲ့ ကလေးတစ်ယောက်

ကျွန်တော် ၂၀၁၃ ခုနှစ် ဧပြီလ ၅ ရက်နေ့မှာ စံတော်ချိန် သတင်းစာပါ သတင်းစာတစ်ပုဒ် ကို ဖတ်လိုက်ရသည့် ကလေး လုပ်သားကို အလုပ်ရှင်နှိပ်စက်လို့ ကျောက်တန်းပြည်သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ် ကုသနေရ တဲ့ သတင်းကို ဖတ်ကြည့်လိုက် တော့ အသက်(၁၄)နှစ်အရွယ် အောင်သန်းဝင်းဆိုတဲ့ ကလေး ငယ်ကို ပရဆေးထုတ်လုပ်ရေး လုပ်ငန်းရှင် မောင်နှမသုံးဦးက ရိုက်နှက်ခြင်းကြောင့် မတ်လ ၃၁ ရက်နေ့တွင် ကျောက်တန်းမြို့ ပြည်သူ့ဆေးရုံ၌ အတွင်းလူနာ အဖြစ် ဆေးကုသမှုခံယူနေရ သည်တဲ့။

Android System App တွေကို ဖျက်နိုင်မယ့် Root App Delete (uninstaller) 6.8.12

ကျွန်တော်တို့ Android ဖုန်းတွေမှာ ကျွန်တော်တို့အသုံးလည်းမလို.. System ကလည်း အသုံးမလို.. ဒါပေမယ့် ဖျက်ပစ်လို့မရဘဲ System ဖိုင်အဖြစ် ရှိနေတဲ့ App တွေ အများကြီးပါ... ဒီကောင်တွေက ဖုန်းကို အကူအညီမပေးတဲ့အပြင် အနှောင့်အယှက်ပေးတယ်လေ... ဖျက်ချင်ပေမယ့် ဖျက်လို့လည်း မရဘူး.. ခု တင်ပေးလိုက်တဲ့ Root App Delete (uninstaller) 6.8.12 ကတော့ ဘယ် System App ကို မဆို ဖျက်ပစ်နိုင်ပါတယ်...

Samsung Glaxy S4 ကို Root ဖေါက်နည်း

ဒါတော့ နည်းနည်း တရားလွန်တယ်မထင်နဲ့နှော်.. ကိုယ်တိုင်လုပ်ထားတာလည်း မဟုတ်ပါဘူး... ဘာသာပြန်ထားရုံသက်သက်ပါ... ဒီပို့စ်တင်ချိန်မှာ Glaxy S4 မြန်မာနိုင်ငံမှာ မရောင်းသေးဘူးလို့ သိရပါတယ်..တစ်ချို့လက်ထဲမှာလည်း ရောက်နေပါပြီ... ၀ယ်လာခဲ့သူရှိရင် ဖောက်ပေးလို့ရတာပေါ့.. ဒါမှမဟုတ် ကိုယ်ဘယ်နည်းနဲ့ပဲ ရရ.. ရတဲ့အခါ ဖေါက်လို့ရတာပေါ့နှော..

ဥက္ကံမြို့ အဓိကရုဏ်းကြောင့် ၁၀ ဦး ဒဏ်ရာရ

ဒီကနေ့ ဥက္ကံမြို့ အဓိကရုဏ်းကြောင့် ဒဏ်ရာရရှိသူ စုစုပေါင်း  ၁၀ ဦး ရှိသွားပြီ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ အွန်လိုင်းက ညပိုင်းမှာ ကြေညာပါတယ်။

ညနေပိုင်း ကြေညာချက်မှာ ဒဏ်ရာရသူ ၈ ဦး ရှိခဲ့ပါတယ် တဲ့။

 (ဂူဂဲလ် ဂြိုဟ်တုဓာတ်ပုံမှာ တွေ့ရတဲ့ ဥက္ကံမြို့ အပေါ်စီးမြင်ကွင်း)
လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ဒေသခံ အာဏာပိုင်တွေက အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားနေပုံတွေကို ဧရာဝတီသတင်းထောက်တယောက် ရိုက်ကူးခဲ့တဲ့ပုံများမှာ တွေ့ရမှာပါ။
 

အင်းဝခေတ် ဗုဒ္ဓဆင်းတုများ မကြာခဏပျောက်ဆုံး

 
ရွှေဘိုမြို့နယ် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ အေဒီ ၁၇ ရာစု အင်းဝခေတ် ဗုဒ္ဓဆင်း တုတော်များ မကြာခဏ ခိုးယူ ခံနေရကြောင်း ရှေးဟောင်း ဆင်းတုတော်များ ထိန်းသိမ်း စောင့်ရှောက်မှုများ ဆောင်ရွက် လျက် ရှိသည့် ရွှေဘို မြို့နယ် ကျောက်မြောင်းမြို့နယ်ခွဲ မခေါက်ကျေးရွာ နန်းဦးကျောင်းတိုက် ဆရာတော်ဦးကုဏ္ဍလက မိန့်ကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဥကံ္က ဆူပူ မီးလောင်ပြီး အခြေအနေ တင်းမာ

ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့က ဥကံ္က မြို့ပေါ်ကို ယခုအခါ ထိန်းချုပ်ထားနိုင်သော်လည်း အခြေအနေမှာ စိုးရိမ်ရဆဲ (ဓာတ်ပုံ – Reuter)

ရန်ကုန်မြို့ မြောက်ဖက် မိုင် ၅၀ ကျော်အကွာရှိ ဥကံ္ကမြို့တွင် ယနေ့ မနက်က လူစုလူဝေးနှင့် ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့က မြို့ပေါ် ယခုအခါ အခြေအနေကို ထိန်းချုပ်ထားကြောင်း ပြောသော်လည်း ပတ်ဝန်းကျင် ရွာများ မီးလောင်နေပြီး
ဒဏ်ရာရသူများ ကောက်ယူရနေကာ အခြေအနေမှာ တင်းမာနေကြောင်း သတင်းရရှိသည်။
သတင်းအပြည့်အစုံကိုဒီမှာနှိပ်ဖတ်ပါ




အလုပ်သမားစေလွှတ်မှု မြန်မာအစိုးရက ပြန်လည်စိစစ်မည်

 
ထိုင်းနိုင်ငံကို မြန်မာနိုင်ငံက အလုပ်သမားတွေ တရားဝင် စေလွှတ်နေမှုမှာ အလုပ်သမားတွေ အပေါ် အကျိုးဆောင် ကုမ္ပဏီတွေရဲ့ တာဝန်ယူမှု၊ အကာအကွယ် ပေးမှုတွေနဲ့ ပတ်သက်ပြီး ပြန်ပြီး စိစစ်မယ်လို့ ပြည်ထောင်စု အစိုးရ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
သတင်းအပြည့်အစုံကိုဒီမှာနှိပ်ဖတ်ပါ

မက်စ် မြန်မာကုမ္ပဏီနဲ့ ပူးပေါင်း လုပ်ကိုင်ဖို့ စင်္ကာပူကုမ္ပဏီက ရှယ်ယာသစ်ရောင်းမည့် အစီအစဉ် ပယ်ချခံရ

မြန်မာနိုင်ငံမှာ ခရီုနီလို့လူသိများတဲ့ မက်စ် မြန်မာ ကုမ္ပဏီထူထောင်သူ ဦးဇော်ဇော်နဲ့အတူ အလုပ်လုပ်ဖို့အတွက် စင်္ကာပူအထည်ချုပ်ကုမ္ပဏီ Aussino က ရှယ်ယာသစ်တွေ အမေရိကန်ဒေါ်လာ ၅၇ သန်းဖိုး ထုတ်ဝေဖို့ စင်္ကာပူ SGX ဘဏ်ကို လျှောက်ထားခဲ့ပေမယ့် ဘဏ်ကလက်မခံ ပယ်ချလိုက်ပါတယ်။
သတင်းအပြည့်အစုံကိုဒီမှာနှိပ်ဖတ်ပါ

အိမ်ဦးခန်းရောက်နေတဲ့ ဓားပြ (သို့) မြေအောက်ရေ ခမ်းခြောက်မှု (ရုပ်/သံ)

ရန်ကုန်မြို့နေ ပြည်သူတွေ အများစုဟာ ဂျိုးဖြူ ရေပိုက်ကလာတဲ့ ရေချိုတွေကို အဓိကထား အားပြုသုံးစွဲနေရာက မြေအောက်ရေကို အဝီစိတွင်းတူးပြီး ထုတ်ယူ သုံးစွဲတဲ့ ပမာဏဟာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာ နေပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

ဥက္ကံမြို့ နောက်ဆုံး အခြေအနေ

 
 
 ဒီကနေ့ဧပြီလ ၃ဝ ရက်နေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့ဈေးအတွင်း အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင် ကိုရင်တစ်ပါးတို့ မတော်တဆတိုက်မိပြီး သပိတ်ပြုတ်ကျရာက စတင်ခဲ့တဲ့ ပဋိပက္ခကြောင့် ဥက္ကံမြို့မှာရှိတဲ့ ဗလီတစ်လုံး၊ နေအိမ်နဲ့ ဆိုင်ခန်း ၅ဝ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။
ဓာတ်ပုံနှင့်သတင်းအပြည့်အစုံကိုဒီမှာနှိပ်ဖတ်ပါ

ဘာကီးမှမလိုတဲ့  (IDM 6.15) လေးပါ

ဒေါင်းလော့ ဆွဲရာမှာ လူကြိုက် 
အများဆုံးနဲ့ အကောင်းဆုံးဆော့ဝဲလ်လေးဖြစ်ပါတယ်။

တော်တော်များများလည်းသိပြီးသာဖြစ်မယ်ထင်ပါတယ်။အရင်ကျွန်တော်

တို့ တင်ပေးထားသော် ဆော့ဝဲများမှာ crack လုပ်ရတာမျိုး ကီးရှာရ

တာမျိုး အမျိုးမျိုး ဒုက္ခတွေ့ ကြုံရပါတယ်။အဲ့ အခက်အခဲတွေ အလွယ်

ုံဖြတ်ကျော်နိုင်အောင်လို့  ဘာကီးမှ ထဲ့ စရာမလိုတဲ့ ဆော့ဝဲလ်

လေတင်ပေးလိုက်ပါတယ် အင်စတော လုပ်လိုက်ပြီးတာနဲ့  သုံး

လို့ ရပါပြီ အဲ့ တော့ အဆင်ပြေတာပေါ့နော် သုံးကြည့်လိုက်ပါဦး


ဘလော့ခရီးသည်ကိုကျေးဇူးတင်ရန်နှိပ်လိုက်ပါ

WinRAR 5 Beta 2 (2013 Full Version)

WinRAR ကို အားလုံးသိကြမှာပါ..... ကွန်ပျူတာမှာ မရှိမဖြစ်လိုအပ်တဲ့ Software လေးပါ... Update လေးထွက်လာလို့ တင်ပေးလိုက်ပါတယ်... Full Version အတွက် Keygen ကတော့ အရင် Version တွေမှာသုံးတဲ့ Keygen ပါပဲ..... 

BattleField 2 Bad Company Full Version 1.28 APK For Android


စစ်တိုက်ရတာ ၀ါသနာပါသူများအတွက် Android Phone မှာ ကစားနိုင်တဲ့ HD Game လေးတစ်ခုတင်ပေး
လိုက်ပါတယ်ဗျာ။ စစ်ဆင်ရေးတစ်ခု တိုက်နေရသလိုမျိုး အဆင့်ဆွေအဆင့်တွေနဲ့ အခန်းတွေအများကြီး
ကစားရမှာပါ။ PS3 နဲ့ PC Game မှာတော့ နာမည်ရပြီးသား လူကြိုက်များတဲ့ Game တစ်မျိုးဖြစ်ပါတယ်ဗျာ။
အခုအချိန်မှာတော့ Android ခေတ်ဖြစ်နေတော့ Android OS အတွက် ထုတ်လိုက်တာဖြစ်ပါတယ်ဗျာ။ ရုပ်
ထွက်ကတော့ လုံးဝကို ရှယ်နော်။ Screen Shoot တွေတင်ပေးထားတာတွေ့တဲ့အတိုင်းပါဘဲဗျာ။ Android OS 2.2 နှင့်အထက်မှာသာ ကစားနိုင်မှာဖြစ်ပါတယ်ဗျာ။

Memory Stick မှာ Virus ကိုက်လို့ ပျောက်နေတဲ့ File တွေကို ဘယ်လို ပြန်ဖော်မလဲ

 မိမွန်: Memory Stick မှာ Virus ထိပီး ဖိုင်တွေ တစစီ ပျက်စီးသွားလို့ ကူညီကြပါ ..
 
ကဲ..သူငယ်ချင်းတို့………….
ဒီတစ်ခါ ကျွန်တော် တင်ပေးလိုက်တာက…တစ်ခါတစ်လေ memory stick တွေမှာ virus ကိုက်လို့  folder တွေ လုံးဝပျောက်နေတာကို ပြန်ဖော်တဲ့ နည်းလေးပါ။။။။ သိပြီးသားလူတွေလည်း ရှိမှာပါ..ဒါပေမယ့် မသိသေးတဲ့ ဘော်ဘော်တွေ အတွက် ရည်ရွယ်ပြီး တင်ပေးလိုက်တာဖြစ်ပါတယ်…
….အားလုံး အဆင်ပြေပါစေဗျာ…..:)
 

Shortcut Icon ပြသနာအကျယ်ရှင်းလင်းချက် ( ဖြေရှင်းနည်း )

 

အမေး= အစ်ကိုရေ ကျွန်တော့်ကွန်ပျူတာက Windows 7 သုံးထားပါတယ်။ ဒါပေမယ့် အခုဘာနှိပ်လိုက်မိသလဲ မသိဘူး..Desktop ပေါ်မှာရှိတဲ့ Icon မှန်သမျှက Windows Media Player ပုံတွေချည်းဖြစ်ကုန်ပါတယ်။ Folder တွေကလွဲပြီးဘားမှဖွင့်မရတော့ပါ။ ဆိုင်သွားပြတော့လဲ Virus ကိုက်တာကြောင့်ဖြစ်တာ..Windows ပြန်တင်ရမယ်လို့ပြောပါတယ်..အရေးကြီးတဲ့ Data တွေရှိတဲ့အတွက် Windows ပြန်မတင်ချင်ပါဘူးခင်ဗျာ..အခုကျွန်တော်ဖြစ်နေတဲ့ အခက်အခဲကို ဖြေရှင်းနိုင်မယ့်နည်းရှိပါသလား..ပီးတော့ ကျွန်တော့်လိုမျိုးဘဲ ကျွန်တော့်သူငယ်ချင်း ကွန်ပျူတာတွေမှာလည်းဖြစ်နေပါတယ်..ဖြေရှင်းလို့ရမယ်ဆိုရင်ဖြေရှင်းပေးပါ..ပြီးတော့ ဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာလည်း အစ်ကိုတို့သိမယ်ဆိုရင်ရှင်းပြပေးစေလိုပါတယ်ခင်ဗျာ
လေးစားစွာဖြင့် - ၀ါးခယ်မသား (ဧရာဝတီတိုင်း)

Samsung, HTC, LG တို့ ကြိုးမဲ့အားသွင်းစနစ် ရရန် ပူးပေါင်း

Samsung, HTC, LG တို့ တကယ်ပူးပေါင်းထားပါတယ်။ ကြိုးမဲ့ အားသွင်း စနစ် တစ်ခုရရှိဖို့ ဖြစ်ပါတယ်။ ၂၀၁၄ မှာ အမှီထုတ်နိုင်ဖို့ ယာထားပါတယ်။

ဥက္ကံမြို့အခြေအနေ ဒေသန္တရအမိန့်ထုတ်ပြန်ထား

 
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့သို့  ဆက်စပ်မြို့နယ်များဖြစ်သည့် မှော်ဘီ၊ လှည်းကူး၊ မင်္ဂလာဒုံ၊ တိုက်ကြီးမြို့နယ်များမှ ရဲတပ်ဖွဲ့ဝင်များ၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့များမှ  ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ရင်း(၃)/ (၅)/(၆)များမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်ရ်ျ လုံခြုံရေး အဖွဲ့များ အနေဖြင့်  ဥက္ကံလုံခြုံရေးအား  စိုးမိုးရယူထားလျက်ရှိပြီး နယ်မြေ အေးချမ်းလျက်ရှိပါသည်။

 ဥက္ကံမြို့အား သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေသန္တရအမိန့်  ထုတ်ပြန်ထားရှိပါသည်။

ဥက္ကံမြို့တွင်  ဈေးပတ်လမ်းရှိ  ဆိုင်အချို့  ပျက်ဆီးခဲ့ပြီး  အနော်ရထာရပ်ကွက်ရှိ  ဈေးဗလီ တွင်  ကြီးမားသည့် ပျက်ဆီးမှု  မရှိကြောင်း  ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ  သတင်းရရှိပါသည်။

သစ်ထူးလွင်

ဖက်ရှင်ဆိုင်အတွက် အသုံးဝင်မည့် ကြည့်မှန်

ပချင်တာကတော့ မှန်အကြောင်းပါဗျာ။ အစကတော့ ပုံလေးကို ဖုံးဖုံး ဖိဖိ လုပ်ပေးမလို့ပါပဲ။ ထားလိုက်ပါတော့။ ( ကိုကြီးတို့ သိပ်မငမ်းနဲ့နော် :D)

အဲ့မိန်းခလေး ကြည့်နေတာ မှန်က ဂျပန်နိုင်ငံက Digital Fashion Co.Ltd., က ထုတ်တာ ဖြစ်ပါတယ်။ ကိုယ်က ဘာအဝတ်မှ ဝတ်မထား ရင် တောင် မှန်က သူ့ပါသူ အဝတ်ဝတ်ပြီးသား ပုံရိပ်တွေ ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ပထမဆုံး Apple ကွန်ပြူတာ

၁၉၇၆ ခုနှစ်တုန်းက Apple တို့ ပထမဆုံး ကွန်ပြူတာကို ဖန်တီး ပါတယ်။ အမည်ကိုတော့ Apple 1 လို့အမည်ပေထားပါတယ်။

လက်ပံတောင်းတောင်ဒေသသို့ အကြမ်းဖက်နှိမ်နှင်းရေး အထူးရဲတပ်ဖွဲ့ဝင်များရောက်ရှိ

 
ရန်ကုန်၊ဧပြီ၊၂၉

လက်ပံတောင်တောင်အရေးကြိုး ကိုင်သူဟုယူဆရသူရှစ်ဦးကို ဖမိးဆီးရန် လက်ပံတောင်းတောင် ဒေသတွင်တွင် အကြမ်းဖက် အကြမ်းဖက်နှိမ်နှင်းရေး အထူးရဲတပ်ဖွဲ့ဝင်များ ရောက်ရှိနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ ရဲအရာရှိ တစ်ဦးကပြောကြားသည်။
သတင်းအပြည့်အစုံကိုဒီမှာနှိပ်ဖတ်ပါ

တန်ဖိုးနည်းဖုန်း မှောင်ခိုဈေးကွက် ဆက်သွယ်ရေးက အရေးမယူဟုဆို

မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ် အမက ၁၆ တွင် တန်ဖိုးနည်း ဖုန်းကတ်အတွက် ဧပြီ ၂၄ ရက်နေ့က တန်းစီစောင့်ဆိုင်းနေစဉ် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)

တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် ဆင်းကတ်များကို ပုဂ္ဂလိက ဖုန်းဆိုင်များက မှောင်ခိုဈေးဖြင့် ရောင်းချနေသည့် အပေါ် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက အရေးယူသွားမည် မဟုတ်ကြောင်း မိုဘိုင်း ဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။
“မဲပေါက်တဲ့သူတွေက ကျေနပ်လို့ ဆိုင်တွေကို ရောင်းတာကို မရောင်းနဲ့လို့ တားလို့မှမရတာ၊ မသမာမှုတွေရှိရင် ပေးထားတဲ့ ဖုန်းတွေအတိုင်း တိုင်လို့ရတယ်၊ ဆက်သွယ်ရေး အစီအစဉ်နဲ့တော့ ဖုန်းဆိုင်တွေကို အရေးယူဖို့မရှိဘူး” ဟု ၎င်းက ဆိုသည်။
သတင်းအပြည့်အစုံကိုဒီမှာနှိပ်ဖတ်ပါ

ရန်ကုန်က ဖို့ဒ်ကား ကုမ္ပဏီမိတ်ဆက်ပွဲ

ဖို့ဒ်ကား မိတ်ဆက်ပွဲ မြင်ကွင်း၊ ဓာတ်ပုံ- ဧရာဝတီ 
အဲဒီ ပွဲကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်လည်း တက်ရောက်ခဲ့ပါ တယ်။ 
ဖို့ဒ် ကုမ္ပဏီက မြန်မာနိုင်ငံ အခြေစိုက် Capital Diamond Star Group ကုမ္ပဏီနဲ့ တွဲပြီး  လူစီး ဇိမ်ခံကားနဲ့ လုပ်ငန်းသုံး ကုန်တင်ကားတွေကို  ကုမ္ပဏီက တိုက်ရိုက် ရောင်းချပေးမှာပါ။ 
 

 

နယ်စပ်ဖြတ်ခရီးသည်တွေကို မြ၀တီမှာ တပတ်ဗီဇာပေးမယ်

 မကြာသေးခင်က မြ၀တီ-မဲဆောက်ဒေသမှာ တွေ့ရတဲ့ ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ် နဲ့ အရာရှိများ
(ဓာတ်ပုံ - ပြည်တော်မြင့်/ဧရာဝတီ)

နယ်စပ်ဖြတ်ဝင်ရောက်မယ့်  နိုင်ငံခြားသားခရီးသွားတွေကို ဗီဇာ တပတ်ပေးတော့မယ်လို့ မြ၀တီခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတဦးကပြောပါတယ်။
ဒီအစီအစဉ်ကို မေလထဲမှာ အစပြုမယ်လို့ အဲဒီအရာရှိက ဆိုပါတယ်။

”ဒီကိစ္စကိုအမြန်ဆုံးဖြစ်အောင် ကရင်ပြည်နယ်အစိုးရကလည်း စီစဉ်နေပါတယ်။ အမှန်က ပြီးခဲ့တဲ့လက စပေးဖို့ပါပဲ။  လုံခြုံရေးနဲ့ ငွေလဲမဲ့ကိစ္စတွေ မပြီးသေးလို့”

မြ၀တီခရိုင်လ၀ကအဖွဲ့ကတော့ ဒီလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေကို အရင်လကစပြီး  မိခင်ဝန်ကြီးဌာနရဲ့အမိန့်ရတဲ့အတွက် ပြင်ဆင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။

သတင်းအပြည့်အစုံကိုဒီမှာနှိပ်ဖတ်ပါ 
 

တရုတ်စစ်လေယာဉ် မရရှိဟု ယူဒဗလျူအက်စ်အေ ငြင်းဆို

 
တရုတ်နိုင်ငံအကူအညီနဲ့ စစ်ရဟတ်ယာဉ်တွေ ရရှိတယ်လို့ စစ်သတင်းအသားပေး ဂျိမ်းစ် လစဉ်ထုတ်ဂျာနယ်ရဲ့ရေးသားချက်အပေါ် “၀”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) က ငြင်းလိုက်ပါတယ်။
သတင်းအပြည့်အစုံကိုဒီမှာနှိပ်ဖတ်ပါ

တပ်မတော်နှင့်ပတ်သက်ပြီး လိုရာဆွဲ သတင်းပေးပို့များ ရှိဟုဆို

 ပြည်တွင်းပြည်ပ မီဒီယာ တစ်ချို့ဟာ တပ်မတော်နဲ့ ပတ်သက်ပြီး လိုရာဆွဲ သတင်းပေးပို့တာတွေ ရှိခဲ့တယ်၊ ဒါကြောင့် ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ
တပ်မတော်အနေနဲ့လည်း မီဒီယာကဏ္ဍ တိုးချဲ့ဖို့ လုပ်နေတယ်လို့ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ပြောဆိုလိုက်ပါတယ်။

ပြည်တွင်းပြည်ပ မီဒီယာတချို့ဟာ တပ်မတော်နဲ့ ပတ်သက်ပြီး လိုရာဆွဲ သတင်းပေးပို့မှုတွေ ရှိခဲ့တာကြောင့် ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ တပ်မတော်အနေနဲ့လည်း မီဒီယာကဏ္ဍ တိုးချဲ့ဖို့ လုပ်နေတယ်လို့ စစ်ရေးချုပ် ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ပြောပါတယ်။

ဒါတွေကိုသိမှ Internet ကိုဖုန်းနဲ့သုံးပါ

မိုဘိုင်းဖုန်းတွေကနေ အင်တာနက် ဆက်သွယ်မှုတွေကို data usage နဲ့ ကောက်ခံတော့မယ်ဆိုတော့ အသုံးပြုကြတဲ့သူတွေ အနေနဲ့ ကိုယ်ဘာတွေကို သုံးနေပြီး ဘယ်လောက် ကုန်ကျနိုင်တယ်ဆိုတာကို အကြမ်းဖျင်းလောက်တော့ သိထားကြဖို့ လိုပါတယ်။ ကိုယ်သုံးနေတဲ့ ဖုန်းရဲ့ data usage အနည်းအများဟာ အဓိကအားဖြင့်တော့ အသုံးပြုတဲ့ internet applications တွေနဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။

ဘူးသီးတောင်မြို့နယ်တွင် ရွာသားများအား မတရားဖမ်းဆီး ကြိုးတုတ်ပြီး ရိုက်နှက်

ဧပြီလ ၂၆ ရက် ၂၀၁၃ ရက်နေ့ နံနက် ၄ နာရီခွဲခန့်တွင် ဘူးသီးတောင်မြို့နယ်၊ ရခိုင်ကွန်ဒိုင်ကျေးရွာမှ  စက်လှေဖြင့် ဘူးသီးတောင်မြို့သို့ဈေးဝယ်ထွက်ရန် အသွားလမ်းတွင် ဒပြုချောင်းတံတားကင်းစခန်းသို့ ဝင်ရောက်သတင်းပို့စဉ် ဒုအရာခံဗိုလ်မြင့်လွှင်နှင့် အပေါင်းပါ ရဲဘော်(၂) ဦးက စက်လှေပေါ်လိုက်ပါလာသည့် ရခိုင်ကွန်ဒိုင်ကျေးရွာမှ မိန်းမ(၂) ဦးဖြစ်သည့် ဒေါ်မလှဝင်း(ဘ) ဦးထွန်းအောင်ဖြူ၊ အသက်(၃၇)နှစ် နှင့် ဒေါ်မစောရွှေ(ဘ) ဦးမောင်စံလှ၊ အသက် (၁၈) နှစ် တို့အား ကုန်းပေါ်သို့ကိုယ်လက်များကိုကိုင်၍ ဆွဲတင်သည်။
သတင်းအပြည့်အစုံကိုဒီမှာနှိပ်ဖတ်ပါ

Samsung ရဲ့ ၇ လက်မ သင်ပုန်းကွန်ပျူတာသစ်

တတိယမြောက်မျိုးဆက်ဖြစ်တဲ့  Samsung Galaxy Tab 3 ထွက်လာတော့မယ့်အကြောင်း Samsung က ထုတ်ဖော်ကြေညာလိုက်ပါပြီ။

သင်ပုန်းကွန်ပြူတာများ စတင်ထွက်စဉ်ကတည်းက လူကြိုက်များခဲ့တဲ့ Galaxy Tab အမျိုးအစားကို   Andriod  4.1 Jelly Bean တို့ ကို အသုံးပြုပြီး  Galaxy Tab 3  နာမည်နဲ့  ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ ဖို့ဒ် ကားတွေ ရောင်းပေးတော့မယ်


အမေရိကန် ပြည်ထောင်စုက ကားထုတ်လုပ်ရေး ကုမ္ပဏီကြီး တခုဖြစ်တဲ့ နာမည်ကြီး ဖို့ဒ်(Ford) ကုမ္ပဏီကြီးဟာ မြန်မာနိုင်ငံ ကားဈေးကွက်ကို ၀င်ရောက်ဖို့ ပြင်ဆင်နေပါပြီ။ 
ဖို့ဒ် ကုမ္ပဏီက မြန်မာနိုင်ငံ အခြေစိုက် Capital Diamond Star Group ကုမ္ပဏီနဲ့ တွဲပြီး  လူစီး ဇိမ်ခံကားနဲ့ လုပ်ငန်းသုံး ကုန်တင်ကားတွေကို အခု နှစ်ကုန်ပိုင်မှာ တိုက်ရိုက်ရောင်းချပေးမယ်ဆိုတဲ့အကြောင်း USA Today သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

တရုတ်ဟန်းဆက် ဖြစ်ကြောင်း အလွယ်တကူ သိနည်း

အားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀ထဲမှာ မရှိမဖြစ်အလိုအပ်ဆုံးအသုံးအဆောင်တွေထဲ တကယ့်အရေးကြီးဆုံးတစ်ခုအဖြစ် ဖုန်းကိုသုံးနေကြတဲ့အခါမှာ ဘ၀ပေးအကျိုးအရ အခြေအနေရ ဖုန်းကလေးတွေကို အကောင်းစားကြီးမ၀ယ်နိုင်တဲ့သူတွေအတွက်ရော့ ၀ယ်နိုင်တဲ့ သူတွေအတွက်ပါ အကောင်းကလေး အစစ်ကိုမှ မက်မောစွာနှင့် သုံးစွဲတတ်ကြပါတယ် ဒီနေရာမှာ နားမလည်လို့ လိုချင်တာလေး တစ်ခုကိုသာသိနေတော့ သွားလိုက်ရော့ အဆင်မပြေမှုတွေဖြစ်တတ်ပါတယ် အခုနောက်ပိုင်း တရုတ်ဟန်းဆက်တွေ တော်တော်လေး ဈေးကွက်ထဲ ၀င်လာတော့ အတုနှင့် အစစ်နှင့် မှားပြီး ၀ယ်သုံးဖြစ်နေကြတဲ့ သယ်ရင်းတွေအားလုံးအတွက် ကျွန်နော် နည်းလမ်းကောင်းလည်းကိုလိုက်ရှာ ဖွေရင်း ကိုယ်ပြည့်ဖြိုး ဆိုက်မှာသွားတွေ့လို့ သိပ်ကြိုက်တာနှင့် ဒီအတိုင်းလေးယူလာခဲ့ပြီး ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျား
အောက်မှာ မူရင်းလေးကိုဖတ်ပြီး အတုအစစ်က ဘယ်လိုဆိုတာကိုသိသာလာမှာပါ။

Nokia N97 နှင့် iPhone 3G ကွာဟချက်

မင်္ဂလာပါ။ ကျွန်တော်အခု လတ်လတ်ဆတ်ဆတ်ရှိတဲ့ပိုစ့်တစ်ခုတင်လိုက်ပါ့မယ်။ Technological Villa ကိုလာရောက် အားပေးသော စာဖတ်ပရိသတ်အတွက် နှိုင်းစရာ ဟန်းဆက်နှစ်လုံးကို နှိုင်းပြပါမယ်။ Nokia N97 နဲ့ iPhone 3G ပါ။ ဖတ်ကြည့်ပါအုံး။ ကဲ။ အကယ်လို့ သင်ဟာ iPhone 3G နဲ့ Nokia တစ်လုံးလေး ကောက်လာရတယ်ဆိုပါတော့.... သင်အဲ့ဒါကို ဘာကွာလဲကြည့်ရအောင်...။

Monday, April 29, 2013

Android ဖုန်းတွေမှာ Connected ဖြစ်ပြီးသား Wifi Password တွေ ပြန်ကြည့်နည်း

ningtunaung: ကိုပေါက်ရေ ... ကျွန်တော်ကို wifi password ပြန်ကြည့်နည်းလေးသိရင်ပြောပြစေချင်ပါတယ်။ ဖြစ်ပုံက ကျွန်တော်သူငယ်ချင်းကသူ hangset ထဲမှာသူများရိုက်ပေးထားတဲ့ wifi password ရှိတယ် အဲဒါမကြည့်တတ်လို့။

ningtunaung မေးလို့ ကျွန်တော် လိုက်လေ့လာကြည့်တော့ App သုံးပြီးကြည့်လို့ရတယ်..
သုံးရမယ့် App ကို အောက်ကလင့်မှာ တင်ပေးထားပါတယ်...  တစ်မျိုးသုံးရင် ရပါပြီ...

Android Phone မှာ ငွေလက်ကျန်စစ်ပေးနိုင်တဲ့ 1st MM Balance v1.0

Android Phone တွေမှာ Click တစ်ချက်နှိပ်ရုံနဲ့ ငွေလက်ကျန်ကိုစစ်ပေးနိုင်တဲ့ Application လေးတစ်ခုမျှ
ဝေပေးလိုက်ပါတယ်ဗျာ။ တချို့ကတော့ပြောကြမှာပါ ဒါက အပိုပါဘဲ မလိုပါဘူးလို့ပြောကြမှာပါ။ အပိုမ
ဟုတ်ဆိုတာကို သုံးကြည့်လိုက်ရင်သိသွားမှာပါ။ ဖုန်းမှာ နံပါတ်တွေနှိပ်ပြီး အချိန်ကုန်စရာမလိုတော့ဘူး
ပေါ့ဗျာ။ ငွေလက်ကျန်စစ်ရုံနဲ့တင်မဟုတ်ပါဘူး။ ဖုန်းငွေဖြည့်တဲ့နေရာမှာလည်း လွယ်ကူလျှင်မြန်စွာ ငွေ
ဖြည့်နိုင်ပါတယ်ဗျာ။ ကျွန်တော်စစ်သုံးပြီး သဘောကျလွန်းလို့မျှဝေပေးလိုက်တာပါ။ 

VSO Downloader Ultimate 3.0.3.5 with Patch Full Version

ကဲ အသစ်အဆန်းလေးကို အမြဲတစေလိုက်လံရှာဖွေ နေကြတဲ့ သယ်ရင်းတွေအတွက် အလိုရှိသလောက် ဒေါင်းဖို့ ဆော့ဖ်ဝဲကောာင်းလေးတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ VSO Downloader Ultimate ပါ သိပ်ကောင်းပါတယ် ကျနော်ကိုယ်တိုင်တင်ပြခြင်းတော့ဟုတ်ဖူး ဟေဟေ=(၀င်းကမ္ဘာကျော်မှာတွေ့လို့ သိပ်ကြိုက်တာနှင့် ပြန်လည်မျှဝေခြင်းပါ ခင်ဗျား)

စွဲမက်ဖွယ် မော်ဒယ်လ် လေးများနဲ့ Go Launcher - (Sexy JB GO Launcher EX Theme v2.0 APK For Android)


Sexy JB GoLauncherကတော့
နာမည်ကြည့်လိုက်တာနဲ့တင်ဘဲ ဘယ်လို Launcher မျိုးလည်းဆိုတာခန့်
မှန်းလို့ရပါတယ်နော်။ Sexy ဆိုပေမယ့် သရုပ်ပျက် Sexy မျိုးတော့မဟုတ်ပါဘူး။ 
အသက် 18 နှစ်အောက် လူငယ်များလည်း သဘောကျရင် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ 

GSM, WCDMA, CDMA Mobile ဖုန်းဖြင့် Internet အသုံးပြုနည်း

  • Description: အင်တာနက် အသုံးချနည်း၊ Phone နှင့် အင်တာနက် အသုံး၊ Android နှင့် အင်တာနက်သုံးနည်း၊ CDMA, GSM တွင် အင်တာနက် setting ထည့်သွင်းနည်း၊ ဖုန်းဖြင့် Wifi အသုံးပြုနည်း၊ ဖုန်းနှင့် ကွန်ပျူတာနှင့်တွဲကာ အင်တာနက် သုံးနည်း၊ WLAN Hotspot ပြုလုပ်ခြင်း၊ အင်တာနက် Modem အသုံးပြုနည်း၊ ဖုန်းတွင်ပါသည့် browser အသုံးပြုနည်း၊ webpageများကို bookmark ပြုလုပ်ခြင်း အစရှိသည့် GSM, WCDMA, CDMA Mobile ဖုန်းဖြင့် Internet အသုံးပြုနည်းအဖြာဖြာတို့ကို လက်တွေ့လုပ်ဆောင်ပုံများနှင့်တကွ ရေးသားရှင်းလင်းထားသော စာအုပ်ဖြစ်သည်။
ဒီမှာဒေါင်းပါ

UNOCHA ကိုယ်စားလှယ် EUမှာ မြန်မာအကြောင်း ရှင်းပြ

 ကုလသမဂ္ဂဆိုင်ရာ လူသားချင်း စာနာတဲ့ ကိစ္စရပ်များ ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာကိုယ်စားလှယ် Barbara Manzi ဟာ EU အဖွဲဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ မနေ့က ဘရပ်ဆဲလ်စ်မြို့မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နေရာဒေသတွေက အခြေအနေတွေနဲ့ လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး ကြိုးပမ်း ဆောင်ရွက်မှုတွေ အကြောင်း ရှင်းလင်း ပြောပြခဲ့ပါတယ်။
သတင်းအပြည့်အစုံကိုဒီမှာနှိပ်ဖတ်ပါ