Tuesday, April 30, 2013

သတင်းတစ်ပုဒ်အများသိစေရန် ကြေညာတစ်ပုဒ်နဲ့ စောင့်နေရတဲ့ ကလေးတစ်ယောက်

ကျွန်တော် ၂၀၁၃ ခုနှစ် ဧပြီလ ၅ ရက်နေ့မှာ စံတော်ချိန် သတင်းစာပါ သတင်းစာတစ်ပုဒ် ကို ဖတ်လိုက်ရသည့် ကလေး လုပ်သားကို အလုပ်ရှင်နှိပ်စက်လို့ ကျောက်တန်းပြည်သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ် ကုသနေရ တဲ့ သတင်းကို ဖတ်ကြည့်လိုက် တော့ အသက်(၁၄)နှစ်အရွယ် အောင်သန်းဝင်းဆိုတဲ့ ကလေး ငယ်ကို ပရဆေးထုတ်လုပ်ရေး လုပ်ငန်းရှင် မောင်နှမသုံးဦးက ရိုက်နှက်ခြင်းကြောင့် မတ်လ ၃၁ ရက်နေ့တွင် ကျောက်တန်းမြို့ ပြည်သူ့ဆေးရုံ၌ အတွင်းလူနာ အဖြစ် ဆေးကုသမှုခံယူနေရ သည်တဲ့။


ဖြစ်စဉ်က ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြို့နယ် ရွှေပျောက်ကျေးရွာနေ ဦးမြင့် သန်းနှင့် သားဖြစ်သူ မောင်သန်း ၀င်းကို လုပ်ခတစ်လ ကျပ်လေး သောင်းနဲ့ ဆန်ပြောင်ကျေးရွာမှာ နေတဲ့ ဦးဆန်းညွန့်က အလုပ် လုပ်ဖို့ ပေးလိုက်တာတဲ့။ အဲဒီ နောက်မှာတော့ ကြေးမုံသတင်း စာမှာ ကြော်ငြာတစ်ပုဒ်ကို ကျွန် တော်ထပ်ဖတ်လိုက်တာက ခရမ်း ဦးချစ်တင်၏သမီးဖြစ်သူ ဒေါ်ခင် စမ်း၏ လွှဲအပ်ညွှန်ကြားချက်အရ စံတော်ချိန်သတင်းစာနဲ့ စောင့် ကြည့်(News Watch ) သတင်း ဂျာနယ်မျက်နှာဖုံးသတင်းတွေမှာ ရေးသားဖော်ပြချက်တွေမှာ ခရမ်း ဦးချစ်တင်မိသားစုကို ဂုဏ်သိက္ခာ ထိခိုက်စေပါတယ်တဲ့။ အဲဒီမှာ ကျွန်တော်သွားမြင်တာက စာရေး သူတွေက ခရမ်းဦးတင်လို့ မရေး ပါဘဲနဲ့ ခရမ်းဦးချစ်တင် မိသားစု က စတင်ပြီး အများသိစေရန် ကြော်ငြာခဲ့တာပါ။ ဒီနောက်မှာ တော့ ကျွန်တော့်ကို ကျောက်တန်း မြို့နယ် စာပေနှင့် စာနယ်ဇင်း ဥက္ကဋ္ဌနဲ့နာယကကြီးတို့ အကူအညီ တောင်းလာပါတယ်။ ကလေးကို ဆေးရုံတင်ထားတာ တစ်လ ကျော်နေပြီ။ သူတို့ဘက်က ဘယ် သူမှန်းမသိတဲ့ လူတွေက လာညှိ နေတာကြာပြီ။ ဒါပေမဲ့ ကလေး အတွက် အရေးယူပေးဖို့နဲ့ ထိထိ ရောက်ရောက် ဆောင်ရွက်ပေးဖို့ ကျတော့ အခုထက်ထိ ဆောင် ရွက်ပေးခြင်း မရှိသေးဘူးဆိုတာ ပါပဲ။ ကျွန်တော် ဒီဆောင်းပါး သတင်းကို တိုတိုနဲ့ လိုရင်းပဲ ပြော ချင်ပါတယ်။ ကလေးကို ဒီလောက် နှိပ်စက်ပြီးမှတော့ မိဘချင်း သား သမီးချင်း ကိုယ်ချင်းစာစွာနဲ့ ပြုစု စောင့်ရှောက်မှုပေးဖို့ ပြုလုပ်ပေး သင့်ပါတယ်လို့ပဲ ပြောကြားချင် ပါတယ်။ အမြန်ဆုံးဆောင်ရွက် ပေးကြပါလို့ တိုက်တွန်းလိုက်ပါ တယ်။ အရေးယူဆောင်ရွက်သင့် တဲ့လူတွေကလည်း အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးကြပါ။ ကြာလာရင် အခြေအနေဒီထက် ပိုဆိုးလာမှာမို့ တိုက်တွန်းလိုက်ရ ပါတယ်လို့ပဲ ပြောချင်ပါတယ်။ ကိုယ့်အလုပ်ကိုယ်သိပြီး ကိုယ့် တာဝန်ကိုယ်ယူသွားကြမယ်ဆိုရင် အားလုံးအဆင်ပြေသွားကြမှာ ပါလို့ပဲ ပြောချင်ပါတယ်။
SYN

No comments:

Post a Comment