ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့သို့
ဆက်စပ်မြို့နယ်များဖြစ်သည့် မှော်ဘီ၊ လှည်းကူး၊ မင်္ဂလာဒုံ၊
တိုက်ကြီးမြို့နယ်များမှ ရဲတပ်ဖွဲ့ဝင်များ၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့၊
ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့များမှ ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ရင်း(၃)/
(၅)/(၆)များမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်ရ်ျ လုံခြုံရေး
အဖွဲ့များ အနေဖြင့် ဥက္ကံလုံခြုံရေးအား စိုးမိုးရယူထားလျက်ရှိပြီး နယ်မြေ
အေးချမ်းလျက်ရှိပါသည်။
ဥက္ကံမြို့အား သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေသန္တရအမိန့် ထုတ်ပြန်ထားရှိပါသည်။
ဥက္ကံမြို့တွင်
ဈေးပတ်လမ်းရှိ ဆိုင်အချို့ ပျက်ဆီးခဲ့ပြီး အနော်ရထာရပ်ကွက်ရှိ
ဈေးဗလီ တွင် ကြီးမားသည့် ပျက်ဆီးမှု မရှိကြောင်း
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။
သစ်ထူးလွင်
No comments:
Post a Comment