Tuesday, January 29, 2013
ကစားစရာ မဟုတ်သော ကီတီ သော့ချိတ်
Kitty ကြောင်ရုပ်ပုံ သော့ချိတ်ဆိုပေမယ့် ကစားစရာတော့ မဟုတ်ပါဘူး။ အားနွဲ့တဲ့ အမျိုးသမီးတွေကို ရန်ရှာတတ်တဲ့ သူများအား ပြန်လည်တိုက်ခိုက် ဖို့ အတွက် ဆောင်ရန် လက်နက် ဖြစ်ပါတယ်။
ပလပ်စတစ်ဆိုပေမယ့် Ultra tough ဖြစ်ပြီး သံထက်တောင် မာပါတယ်။ Kitty ရဲ့  နားရွက်နှစ်ဖက်က အတော်ထက်ပြီး ဗိုက်ထိုးရင် ဗိုက်ပေါက် ပါတယ်။ ယခု နောက်ပိုင်း အိန္ဒိယမှာ အမျိုးသမီးများ အနိုင်ကျင့်ခံရတဲ့ ဖြစ် ရပ်တွေ ဆက်တိုက်ဖြစ်ရ၊ ကြားနေရတော့ ကိုယ်ခံ ပညာ သင်တာတွေရော၊ ပစ္စည်းတွေကော အမျိုးမျိုးထုတ်လုပ်ပါတယ်။
ယခု ထုတ်လုပ်ထားတဲ့ ကီတီကီးချိန်းကလည်း self defense device တစ်ခု အနေနဲ့ပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
--
Ref:colgadets
Aung Kham (TSJ team)
ဈေးကြီး ဒီဇိုင်းလှ အီတလီပြိုင်ကား Enzo Ferrari
Enzo Ferrari ကိုအစီးရေ ၄၀၀ သာထုတ်လုပ်ပြီး ၃၉၉ စီးသာရောင်းချခဲ့ပါတယ်။
အမှန်တော့ ၃၄၉ စီးသာ ရောင်းချပြီး customer တွေရဲ့တောင်းဆိုချက်ကြောင့်
အစီး ၅၀ ထပ်မံထုတ်လုပ်ခဲ့ရပါတယ်။
၂၀၀၂ခုနှစ်ကနေ ၂၀၀၄ခုနှစ်အထိထုတ်လုပ်ခဲ့ပြီး အမေရိကန်
ကားမဂ္ဂဇင်းတစ်ခုရဲ့၂၀၀၀ ခုနှစ်နောက်ပိုင်း ကမ္ဘာ့အကောင်းဆုံး ပြိုင်ကား ၁၀၀
စာရင်းမှာ ထိပ်ဆုံးရပ် တည်ခဲ့ပါတယ်။ ပြီးတော့လည်း ယနေ့အချိန်ထိ ကမ္ဘာ့ဈေး
အကြီးဆုံး ပြိုင်ကား ၁၀ စီးစာရင်းထဲမှာ နံပါတ် ၇ ရပ်တည်နေတဲ့
ပြိုင်ကားဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာ ၆ သိန်း ၇သောင်းနဲ့
ရောင်းချ ခဲ့ပြီး လေလံပွဲတွေမှာ အမေရိကန်ဒေါ်လာ တစ်သန်းမက
တန်ဖိုးပေးဝယ်နေတဲ့ ကားလည်း ဖြစ်ပါတယ်။
၆ လီတာ၊ ဆလင်ဒါ ၁၂ လုံး Vအင်ဂျင်အမျိုးအစားကို အသုံးပြုပြီး
ဖော်မြူလာဝမ်းကာတွေမှာ အသုံးပြုတဲ့ semi automatic ဂီယာဘောက် ၆
ချက်ထိုးအမျိုးအစားကို အသုံးပြုပါတယ်။ ဖော်မြူလာဝမ်းပြိုင်ကားတွေမှာတောင်
ခွင့်မပြုထားတဲ့ နည်းပညာများ ဖြစ်တဲ့ အကွေ့မှာ အရှိန် ထိန်းတဲ့
နောက်ဘက်တောင်ပံခေါ် Aerodynmaic ,traction control တို့ပါဝင်ပါတယ်။ F1
ကားများရဲ့ လျှပ်စစ်ဟိုက် ဒရောလစ် transmission နဲ့ ကာဘွန်ဖိုက်ဘာဖုံး
ဆီလီကွန် ဘာဘိုက်သား ကြွေ ဘရိတ်ဝိုင်း တို့ကို ပေါင်းစပ်ထား ပါ တယ်။
စတီယာရင်ဝီးကို LED မီးနဲ့ ထိန်းချုပ်ပြီး ဒရိုင်ဘာကို ဂီယာချိန်းဖို့အတွက်
အချက်ပေးနေမှာ ဖြစ်ပါတယ်။ top speed တစ်နာရီ ၂၂၁ မိုင်အထိပြေးပြီး၊
ဆီတစ်ဂါလံ မြို့ တွင်း ၁၂မိုင်နဲ့ ဟိုင်းဝေး ၁၈
မိုင်အထိမောင်းနှင်နိုင်ပါတယ်
Enzo Ferrari ကို အီတလီထုတ်မှန်ပေမယ့် ကားဒီဇိုင်း ကိုတော့ ဂျပန်အခြေဆိုက်
ကားဒီဇိုင်းကုမ္မဏီ Pininfarina မှ ရေးဆွဲပေးခဲ့တာဖြစ်ပါတယ်။ Ferrari
ထုတ်သမျှကားတွေ ထဲမှာ Performance အမြင့်ဆုံးကားဖြစ်တဲ့အတွက် သူ့ကို
Ferrari ကုမ္မဏီတည်ထောင်သူ ဖခင်ကြီး အီတလီ ပြိုင် ကားမောင်း ချန်ပီယံ Enzo
Ferrari ရဲ့နာမည်ကို အသုံးပြု လိုက်တာဖြစ်ပါတယ်။
ဒီဇိုင်းအားဖြင့်လှပြီး ယနေ့တိုင် လူကြိုက်များလျက် ရှိသေး တဲ့ Enzo
Ferrari ကို လေလံဈေးကွက်မှာ အမေရိကန်ဒေါ်လာ တစ်သန်းနဲ့အထက်မှာသာ ဝယ်ယူလို့
ရတော့မှာ ဖြစ်ပါတယ်။
Ref:Ferrari
Aung Kham (TSJ team)
မိုဘိုင်းဖုန်းနှင် ဆက်စပ်သော စိတ်ရောဂါသစ် တွေ့ရှိ
ရယ်စရာ မဟုတ်ပါဘူး။ တကယ် ရောဂါ စစ်စစ်ဖြစ်ပါတယ်။ ဟန်းဖုန်း မရှိတော့ တာမျိုး၊ ဟန်းဖုန်း ပါဝါကုန်သွားတာမျိုး၊ ဟန်းဖုန်း ဘေလ်ကုန် သွားတာ မျိုးကျရင် စိတ်ဓာတ်ကျဆင်းမှုနဲ့ အခြား မအီမသာ ခံစားချက် တစ်ခု ဖြစ်ပေါ်ပြီး ယင်းစိတ်ရောဂါကို Nomophobia လို့ အမည်ပေး ထားပါ တယ်။
အရှည်ခေါ်ကတော့ no-mobile-phone phobia ဖြစ်ပါတယ်။ ဖုန်း ပါဝါ ကုန်သွားလို့ ဘက်ထရီအားမဖြည့်ရသေးတာမျိုး၊ ဖုန်းဘေလ်ကုန်သွားလို့ စိတ်ညစ်ရတာမျိုးကတော့ တော်များများ တွေ့ကြုံရပါတယ်။ နောက် တစ်နေရာရာ သွားတဲ့အခါ ဖုန်းမေ့ခဲ့တာတို့၊ ဖုန်းပျောက်သွားတာ တို့ ဖြစ်ရင် လည်း ပိုဆိုးတဲ့ စိတ်ခံစားချက် တစ်ခုကို ရပါတယ်။ ပြီးတော့ အသံတစ်ခုခု ကြားတာနဲ့ မက်ဆေ့ခ်ျဝင်တယ်၊ ဖုန်းလာ တယ်လို့ ထင်နေရာကလည်း ယင်း Nomophobia စိတ် ရောဂါ အခြေအနေ တစ်ခု ဖြစ်ပါတယ်။
ဖုန်းရဲ့  လူ့ဘဝ လုပ်ငန်းဆောင်တာမှာ ပါဝင်တဲ့ အစိတ်အပိုင်းက ကြီးမား လာပြီး စိတ်ပိုင်းဆိုင်ရာ တစ်ခုလုံးကို လွမ်းမိုးလာတာမျိုးတို့ ဖြစ်တတ်ပါ တယ်။ ဖုန်းမရှိရင်၊ဖုန်းလေးမှ မဆက်ရရင် အထီးကျန်တယ်လို့ ထင်မြင် လာတတ်ကြပြီး ဖုန်းကိုအခြေပြုလို့ နေထိုင်မှုများ ပြုလုပ်ပါတယ်။ Nomophobia ရဲ့  နောက်ဆက်တွဲကတော့ အထီးကျန်တယ်လို့ ခံစားရတဲ့ စိတ်ရောဂါ အခြေအနေ တစ်ခုသို့ ရောက်ရှိနိုင်စေတယ်လို့ လေ့လာသူတို့က ဆိုထားပါတယ်။
--
Ref: wiki
Aung Kham (TSJ team)
Friday, January 25, 2013
နည်းပညာ စာအုပ်များ ၂
မြန်မာဘာသာပြန် နည်းပညာ စာအုပ်လေးတွေဖြစ်ပါတယ်
စိတ်ဝင်စားရင် ဒေါင်းလိုက်ပေါ့ ဗျာ လိုအပ်မယ်ထင်လို့ 
ရှာဖွေတွေ့ ရှိသမျှပြန်လည်မျှဝေလိုက်ပါသည်
ဒေါင်းရန် ဒီမှာ http://www.ziddu.com/download/21415702/Ebooks2.rar.html
ကလေးကို မုန့်ပေးချော့ခဲ့ရသော မိုက်ခရိုဆော့ဖ် ဖြစ်ရပ်မှန်
သိတဲ့သူများလည်း သိမယ်ထင်ပါတယ်။ ၂၀၀၄ ခုနှစ် ဇန်နဝါရီလ လောက် မှာ တော်တော် လူသိများသွား တဲ့ ဖြစ်ရပ် တစ်ခု ဖြစ်ပါတယ်။
ကနေဒါ အထက်တန်း ကျောင်းသား တစ်ဦး (အိုင်တီ ကျောင်းသား) ရဲ့  အမည်ဟာ Mike Rowe ဖြစ်ပါတယ်။ ပညာသင်နေရင်းနဲ့ အလုပ်လည်း လုပ်ပါတယ်။ ဒီတော့ ဒိုမိန်း တစ်ခု လုပ်ဖို့ စိတ်ကူးရပြီး MikeRoweSoft.com အမည်နဲ့ ဝဘ်ဆိုဒ် တစ်ခု လုပ်ပါတော့တယ်။ Soft ကတော့ အပျော်အပျက် သဘောမျိုးနဲ့ သူထားတဲ့ နာမည် ဖြစ်ပါတယ်။ သို့ပေမယ့် အသံထွက်လိုက်တော့ မိုက်ခရိုဆော့ဖ် နဲ့ လေယူလေသိမ်းချင်းက သိပ်မကွာဘူး ဖြစ်ပါတယ်။ ခပ်မြန်မြန်ဆိုရင် မိုက်ခရိုဆော့ဖ်လို့ပဲ အသံထွက် ပါတယ်။ သူစထောင်လိုက်တာ ၂၀၀၃ ခုနှစ် သြဂုတ်လက ဖြစ်ပါတယ်။
၂၀၀၄ ဇန်နဝါရီရောက်တော့ Microsoft က အပြင်းအထန် ကန့်ကွက် ပါတယ်။ ယင်းဝဘ်ဆိုဒ်ကို ပိတ်ပင်လိုက်ဖို့ တောင်းဆိုပါတယ်။ ဒီအတွက် ၁၀ ဒေါ်လာ ပေးမယ်လို့ ဆိုပါတယ်။ သို့ပေမယ့် Mike ကတော့ အမေရိကန်ဒေါ်လာ ၁သောင်း တောင်းဆိုပါတယ်။ Microsoft က မပေးနိုင်ပါဘူး။ ဒါကြောင် တရားရုံးမှာ ထိပ်တိုင် ရင်ဆိုင်ဖို့ အတွက် ချိန်းဆို လိုက်ပါတယ်။
ကျောင်းသား Mike ဘက်မှာ ပြည်သူအများအပြားရှိနေပြီး ရှေ့ နေငှားဖို့ ကအစ လှူဒါန်းကြပါတယ်။ ဒီလိုနဲ့ နောက်ဆုံး ရလဒ်ကတော့ Networking နဲ့ ပက်သက်တဲ့ မိုက်ခရိုဆော့ဖ်က ဖွင့်တဲ့ သင်တန်း တစ်ခုကို Mike အား တက်ခွင့်ပေးပြီး Cerificate ပါထုတ်ပေးလိုက်ပါတယ်။ ဒါ့အပြင် Xbox ဂိမ်းစက် ခေတ်စားနေချိန်ဖြစ်ပြီး အသစ်တစ်လုံး ပေးလိုက်ပါတယ်။
ဒီလိုနဲ့ Mike ဟာလည်း Certificate တစ်ခု၊ Xbox တစ်လုံးနဲ့ ကျေနပ်ပြီး သူ့ MikeRoweSoft.com ကို ပိတ်သိမ်းပေးလိုက်ပါတယ်။ ၁၂ နာရီတွင်းကို Page view ၂သိန်းခွဲ တက်ရလောက်အောင်ကို နာမည်ကြီးသွားခဲ့ပါ တယ်။ လျော်ကြေးငွေတင်မကပဲ ကျောင်းသားလေး Mike ရတာ ရှိပါသေး တယ်။
ဝဘ်ဆိုဒ်ပိတ်လိုက်ပေမယ့် Microsoft နဲ့ အပြန်လည် Message ပို့ စကားပြောထားတဲ့ ဝဘ်ဆိုဒ်ရဲ့  ၂၅ မျက်နှာကိုလည်း amazon မှာ လေလံ တင် ရောင်းချပြီး အမေရိကန်ဒေါ်လာ ၂ သိန်းကျော် ရရှိခဲ့ပါတယ်။ အနည်းငယ်ကို ဆေးရုံအား လှူဒါန်းပြီး ကျန်တာတွေ သူ့ပညာရေးအတွက် အသုံးပြုလိုက်တယ်လို့ ဆိုပါတယ်။
အမည်နဲ့ အသံထွက် မူပိုင်ခွင့်အတွက် တိုက်ပွဲဝင်လိုက် ရတဲ့ Microsoft ရဲ့  ဖြစ်ရပ်မှန် တစ်ခု ဖြစ်ပါတယ်။ သို့ပေမယ့် သမိုင်းထဲမှာတော့ Microsoft က ကလေးအငိုတိတ်အောင် မုန့်ပေးချော့လိုက်ရတယ်လို့ အမှတ်တရတစ်ခု ကျန်ရှိစေခဲ့ပါတယ်။
---
Ref:edition.cnn
Aung Kham (TSJ team)
အခြားဂြိုလ်မှာ ကိုယ့်အသက် ဘယ်နှစ်နှစ်ရှိမလဲ တွက်ချက်မယ်
နည်းနည်းတော့ ခေါင်းစားပါမယ်။ တွက်တာက ခေါင်းမစားပါဘူး။ ကိုယ်မွေးတဲ့ ရက်၊ လ၊ ခုနှစ်ကို ရိုက်ထည့်လိုက်ရုံနဲ့ အလိုအလျောက် အဖြေထွက်ပါတယ်။ သို့ပေမယ့် အောက်ပါ အနက်တို့ကို သိထားဖို့တော့ လိုပါမယ်။
Earth Day - ကမ္ဘာက ကိုယ့်ကိုယ်ကို တစ်ပတ်ပြည့်အောင် လည်တဲ့ Rotation period ဖြစ်ပြီး ၁ ရက်ကိုဆိုခြင်း ဖ်ြစပါတယ်။
Earthy Year - ကမ္ဘာက နေကို တစ်ပတ်ပြည့်အောင် ပတ်ရန် ကြာတဲ့ ကာလ (Revolution peroid) မို့ ကမ္ဘာနှစ် လို့ခေါ်ပါတယ်။ (၃၆၅ ရက်ဝန်းကျင်)
ဒီတော့ Mercury Day ဆိုရင် မာကျူရီဂြိုလ် (သောကြာဂြိုလ်)က သူ့ကိုသူ တစ်ပတ်ပြည့်အောင် ပတ်မယ့် ကာလ ဖြစ်ပြီး Mecury Year ဆိုရင် မာကျူရီ နှစ် (သောကြာဂြိုလ်က နေကို တစ်ပတ်ပြည့်အောင် ပတ်မယ့် ကာလ) ဖြစ်ပါတယ်။
ဒီတော့ ကိုယ်က ကမ္ဘာက အသက် ၂၀ ကျော်ပေမယ့် (ကမ္ဘာကို အပတ် ၂၀ ပတ်ပြီးပေမယ့်) သောကြာဂြိုလ်မှာသာ ရှိနေမယ်ဆိုရင် ၈၅ ပတ်ကျော် ပတ်ပြီး အသက် တော်တော်ကြီးနေမှာ ဖြစ်ပါတယ်။ ရက်နဲ့ကျတော့ သူ့ကိုသူ လည်တာ တော်တော်လေးကြာပြီး သူ့ ရက် ၁၀၀ ကျော်က ကမ္ဘာက ရက်ပေါင်း ၇၀၀၀ ကျော်နဲ့ သွားကိုက်နေပါတယ်။
ရှင်းရင်းနဲ့ ရှုပ်နေပြီ ထင်ပါတယ်။ ဒီတော့ ကိုယ်တိုင်သာ တွက်ချက်ပြီး စမ်းကြည့်လိုက်ဖို့ အောက်ပါ လခ့်လေးအား လမ်းညွှန်လိုက်ရပါတယ်။
http://is.gd/oNb8kR
--
Aung Kham (TSJ team)
Tuesday, January 22, 2013
Laptop ကို ကျန်းမာရေးညီညွတ်စွာ အသုံးပြုရန် နည်းလမ်း
Laptop အသုံးပြုခြင်းဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးကို စာဖတ်သူတို့ သိရှိနားလည်သွားပြီလို့ ယူဆပါတယ်။ ဒါကြောင့် ယင်းဆိုးကျိုးများကို ရှောင်ရှားဖို့အတွက် Laptop ဘယ်လိုအသုံးပြုရမယ်ဆိုတာ အောက်ပါအတိုင်း မျှဝေလိုက်ပါတယ်။
Get a Large Screen
Laptop ဝယ်တော့မယ်ဆိုရင် မျက်နှာပြင်ခပ်ကျယ်ကျယ်ကို ရွေးချယ်ဝယ်ယူရန် လိုအပ်ပါတယ်။ ဒါမှာ အာရုံကြောတို့ရဲ့ စူးစိုက် အလုပ်လုပ်ရမှုကို လျော့နည်းစေပါတယ်။ အကယ်၍ မျက်နှာပြင်ခပ်သေးသေး၊ သယ်သွားသယ်လာအဆင်ပြေတာမျိုးကိုပဲ လိုလားတယ်ဆိုရင်လည်း font size ကြီးကြီး အသုံးပြုရပါမယ်။ ဖန်သားမျက်နှာပြင်ထဲကအရာတွေကို အလွယ်တကူ ကြည့်လို့ မြင်နိုင်အောင် ပြုလုပ်ထားရပါမယ်။ ဥပမာ- စာလုံးတွေကအစ ဆိုက်ကြီးအောင် ပြောင်းလဲထားရမှာ ဖြစ်ပါတယ်။
Use a Separate Mouse
Laptop မှာပါတဲ့ မော့က်စ်က အသုံးပြုလို့အဆင်မပြေပါဘူး။ နေရာအကုန်အကျနည်းအောင် အဆင်ပြေသလို မဖြစ်ဖြစ်အောင် ထည့်ပေးထားတာ ဖြစ်ပါတယ်။ လက်ရဲ့ ရွှေ့လျားမှုက ပုံမှန်မဟုတ်တဲ့အတွက် လက်ကောကဝတ်ကို နာကျင်/အကြောလွဲ စေပါတယ်။ ဒါကြောင့် သီးခြား မောက်စ် တစ်လုံးဝယ်သုံးခြင်းဖြင့် လက်ကောက်ဝတ်နာကျင်မှုကို ရှောင်းရှားနိုင်စေပါတယ်။
Level to the Eye
Laptop ရဲ့ ဖန်သားမျက်နှာပြင်ကို မျက်လုံးနဲ့ တည့်အောင်ချိန်ပေးရမယ်။ ဘယ်ထောင့်၊ ဘယ် Angle ရှိရမယ်လို့ မတိုက်တွန်းလိုပါဘူး။ အသုံးပြုသူက အလွယ်တကူ လည်ပါင်း၊ ခေါင်း အများကြီး လှုပ်ရှားစရာမလိုပဲ ကြည့်နိုင်မြင်နိုင်တဲ့ Level မှာထားရပါမယ်။
Use a Separate Keyboard
Laptop မှာ ပါဝင်တဲ့ ကီးဘုတ်က Screen နဲ့အရမ်းနီးကပ်ပါတယ်။ ဒီတော့ ဆိုးကျိုးက မျက်လုံး အမြင် အာရုံကို ထိခိုက်စေပါတယ်။ သာမန် PC တစ်လုံးအသုံးပြုသူများထက် ပိုဆိုးပါတယ်။ ဒါကြောင့် Laptop အသုံးပြုသူ အနေနဲ့ သီးခြား extension ကီးဘုတ်တစ်လုံး ဝယ်တတ်ပြီး သုံးစေချင်ပါတယ်။ ဈေးနှုန်းလည်း သိပ်မကြီးပါဘူး။ သို့ပေမယ့် သယ်သွားသယ်လာရအဆင်မပြေဘူး။ သုံးဖို့အဆင်ပြေဘူးဆိုရင်လည်း Screen နဲ့သိပ်မနီးကပ်စေဖို့ အထူးသတိထားရပါမယ်။ လက်ဖျံကို ဆန့်တန်းလို့ရလောက်ထိ ဝေးကွာစေဖို့ တိုက်တွန်းထားပါတယ်။
Take a Break
Laptop အသုံးပြုသူများအနေနဲ့ ၂ နာရီကြာတိုင်း ခဏအနားယူရပါမယ်။ ပြီးတော့ နာရီဝက်ကြာတိုင်း မျက်လုံးကို ဖန်သားပြင်ရဲ့ အပြင်ဘက် ရှုခင်းဖြစ်ဖြစ်၊ ဝေးကွာတဲ့ နေရာတစ်ခုခုကို ကြည့်ရှုရပါမယ်။ ခေတ္တအနားယူပြီး အညောင်းပြေအညာပြေ မိနစ်ပိုင်းထ လမ်းလျှောက်ခြင်းကလည်း ကြွက်သားတွေထုံထိုင်း နာကျင်မှုမှ ကင်းဝေးသည့်အပြင် စိတ်ဖိအားလည်း ကျဆင်းပါတယ်။
Recline Slightly
အထက်ပါအချက်များထဲကအတိုင်း သီးခြား ကီးဘုတ်၊ သီးခြား မောက်စ် အသုံးမပြုနိုင်ဘူး။ အသုံးမပြုချင်ဘူးဆိုရင် နောက်တစ်နည်းနဲ့ ရှောင်ရှားနိုင်ပါတယ်။ ဒါကတော့ ကိုယ်ဟန်အနေအထားမှန်တဲ့ ထိုင်ခုံမှာ ထိုင်၍ အသုံးပြုခြင်း ဖြစ်ပါတယ်။ အာရုံစိုက်နေမှုက သတိထားပြီး ခုံရဲ့ ကိုယ်ဟန်အတိုင်း ထိုင်နိုင်အောင် ကြိုးစားရပါမယ်။ ပြီးတော့ ခါးနဲ့ ကြော ညောင်းလာပြီဆိုရင် မြေပြင်ညီ ကြမ်းပြင်/ ဆိုဖာတို့ မှာ ကျောခင်းပြီး အကြောဆန့်ခြင်း ပြုလုပ်ရန် လိုအပ်ပါတယ်။ ပုံမှန် သုံးနေရင်း ခဏနားတဲ့အခါ ထိုင်နေရင်း အကြောဆန့်တာမျိုးကလည်း အညောင်းသက်သာစေပါတယ်။
အထက်ပါအချက်များအတိုင်း လုပ်ဆောင်သွားရင်တော့ Laptop အသုံးပြုရာမှာဖြစ်နိုင်တဲ့ ဆိုးကျိုးများကို အနည်းနဲ့အများ ကာကွယ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။
-----
အောင်ခမ်း (tsj team)
ကျန်းမာရေးထိခိုက်စေနိုင်သော အန္တရာယ်များ ဟန်းဖုန်း ၁၀ လုံး
ဟန်းဖုန်းက လူကို ဘယ်လို ကျန်းမာရေး ထိခိုက်တယ်ဆိုတာ စာဖတ်သူ တော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။
အဓိက ထိခိုက်စေတာက ဦးနှောက် ဖြစ်ပြီး ဖုန်းက ထုတ်လွတ်တဲ့ ရေဒီယို လိုင်း ကြောင်း ဖြစ်ပါတယ်။ ယင်း radiation ကြောင့်ပဲ ဖုန်းကို သထိထား သုံးဖို့ မှာကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဆေးပညာရှင်နဲ့ Scientist များက အတူတူလေ့လာပြီး Specific Absorption Rate (SAR) သတ်မှတ်ပါတယ်။ ဥပမာ- တစ်ယူနစ်ကို ရေဒီယိုလိုင်း ဘယ်လောက်ထိ ထုတ်လွတ်ပြီး လူဦးနှောက်ထဲကို ဘယ်လောက် ဆုတ်ယူ (adsorb) လုပ်စေ တာမျိုးကို ဖြစ်ပါတယ်။
ဘယ်ဘက်ဦးနှာက်သန်သူနှင့် ညာဘက်ဦးနှောက်သန်သူ
ဘယ်ဘက်အခြမ်း ဦးနှောက်သန်သူ
သိပ္ပံ ပညာရပ် စိတ်ဝင်စားသူ၊ သင်္ချာအတွက်အချက်ဝါသနာပါသူ၊ ခင်မင်ရင်းနှီးလွယ်သူ၊
ဦးနှောက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်
ဦးနှောက်ရဲ့  လုပ်ဆောင်ချက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စမ်းသပ်ချက်ကို အမေရိကန် MIT မှ စမ်းသပ်အောင်မြင် သွားပြီ ဖြစ်ကြောင်း သိရပါတယ်။
ယင်း လျှပ်စစ်ဓာတ်အားက မိုက်ခရိုဝပ်ထ် ပမာဏပဲ ရှိပါတယ်။ ဒီတော့ ဖုန်းနဲ့ အခြား အီလက်ထရောနစ် ပစ္စည်း အကြီးစားတွေကို အားသွင်းလို့မရ တာ သေချာပါတယ်။ သို့ပေမယ့် ရည်ရွယ်ချက်က ဦးနှောက်တွင်းမှာရှိတဲ့ Chip များကို ပြန်လည် အားသွင်းဖို့ ဖြစ်ပါတယ်။
ဦးနှောက် တစ်ခုတည်း မဟုတ်ပါဘူး။ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ဘယ် အားသွင်းစရာ လိုတဲ့ ပစ္စည်း အစိတ်အပိုင်း ကိုယ်မဆို အားသွင်း ပေးမှာ ဖြစ်ပါတယ်။ ယခု လက်ရှိ အသုံးပြုနေတာကတော့ ပြန်လည်ခွဲထုတ်ခြင်း သို့မဟုတ် ကြိုးမဲ့ ရေဒီယိုလိုင်းနဲ့ အားသွင်းခြင်းတို့ ဖြစ်ပြီး ဦးနှောက်တွင်းမှာ ထည့်ထားတဲ့ Chip များကို အသက်ရှင်စေပါတယ်။ ခွဲစိတ် ထားသူ အချို့  ဟာ အသက်ဆက်ရှင်ဖို့အတွက် လျှပ်စစ်ပစ္စည်းတွေ ကိုယ်တွင်းမှာ ထည့်သုံးတဲ့ နည်းပညာဟာ ပေါ်တာ ကြာပြီ ဖြစ်ပါတယ်။
ယခု ယင်းစက်တွေကို အပြင်ထုတ်စရာမလိုပဲ အတွင်းမှာပဲ သွင်းလို့ ရအောင် ဖန်တီးပေးမယ့် စနစ်ကတော့ အသစ်ပဲ ဖြစ်ပါတယ်။ ဦးနှောက်ထဲမှ cerebrospinal fluid ဆိုတဲ့ အရည်မှ ဂလူးကိုစ့်ဓာတ်ထုတ်ပါမယ်။ ယင်း ဂလူးကိုစ့်မှ အောက်ဆီဂျင်ကို ထုတ်ပြီး ယင်းအော်ကဆီဂျင်ကို အခြေခံလို့ လျှပ်စစ်ဓာတ်အားအဖြစ်သို့ ပြောင်းလဲပေးစေဖို့ ဖြစ်ပါတယ်။ အဆင့်တွေ များပေမယ့် ထပ်မယ့် ပစ္စည်းက မီလီမီတာ မျှသော အတိုင်းအတာ လောက်ထိကို သေးငယ်ပါတယ်။
ယင်း ပစ္စည်းကြောင့် ဦးနှောက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်ပြီး ကိုယ်တွင်းမှ ကျန်းမာရေး အထောက်အပံ့ အီလက်ထရောနစ် ပစ္စည်းများကို အားသွင်းနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref:realitypod
Aung Kham (TSJ team)
၅.၈ လက်မ Samsung Foneblet ထွက်ရှိမည်
၅.၈ လက်မ Samsung Foneblet ထွက်ရှိမည်
Samsung မှ အသစ်ထုတ်အုံးမယ့် စမတ်ဖုန်း+Tablet ဖြစ်ပါတယ်။ စမတ်ဖုန်း အနေနဲ့ကော၊ Tablet အနေနဲ့ကော အသုံးပြုလို့ရမယ့် Samsung Galaxy Note တွေလိုပဲ ဖြစ်ပါတယ်။
သို့ပေမယ့် Foneblet ဆိုတော့ ဘယ်လိုဖြစ်လာမလဲ ဘယ်သူမှ မသိသေး ပါဘူး။ ဖုန်း ကတော့ 960 x 540 LCD AMOLED display ကို အသုံးပြု တယ်လို့လည်း ဆိုနေကြပါတယ်။ ဒီတော့ resolution အရမ်းကောင်းတဲ့ ဖုန်းထဲမှာတော့ မပါပါဘူး။
ဆင်းမ်ကဒ် နှစ်ခု ထည့်သွင်းလို့ရမယ့် Dual Sim card ဖုန်း လည်း ဖြစ်ပါတယ်။ လာမယ့် Mobile World Congress မှာ ဝင်ရောက် ပြသမှာ ဖြစ်ပြီး Samsung Galaxy S4, ၈ လက်မ Galaxy Note Talet တို့နဲ့ အတူတူ ထွက်ရှိနိုင်ချေ ရှိကြောင်း သိရပါတယ်။
--
Ref: pocketlint
Aung Kham (TSJ team)
Core i3,Core i5, Core i7 တို့ ကွာခြားချက်
Core i3:
* Entry level processor.
* 2-4 Cores
* 4 Threads
* Hyper-Threading (processor resources ကို ကောင်းကောင်း အသုံးပြုနိုင်)
* 3-4 MB Catche
* 32 nm Silicon (စွမ်းအင် အသုံးချမှုနည်းပြီး အပူချိန်လျော့)
Core i5:
* Mid range processor.
* 2-4 Cores
* 4 Threads
* Turbo Mode (အသုံးမပြုလျှင် Core ကို အလိုအလျောက် ရပ်နားပေး)
* Hyper-Threading (processor resources ကိုကောင်းကောင်း အသုံးပြုနိုင်)
* 3-8 MB Catche
* 32-45 nm Silicon (စွမ်းအင် အသုံးချမှုနည်းပြီး အပူချိန်လျော့)
intel core i7 300x176 Difference Between Core i3, Core i5, Core i7
Core i7:
* High end processor.
* 4 Cores
* 8 Threads
* Turbo Mode (အသုံးမပြုလျှင် Core ကို အလိုအလျောက် ရပ်နားပေး)
* Hyper-Threading (processor resources ကို ကောင်းကောင်း အသုံးပြုနိုင်)
* 4-8 MB Catche
* 32-45 nm Silicon (စွမ်းအင် အသုံးချမှုနည်းပြီး အပူချိန်လျော့)
--
Ref:hacktrack
Aung Kham (TSJ team)
Apple တို့ iPhone 5 အတွက် ကုန်ကြမ်းမှာယူမှု လျော့ချ
harp မှ ပုံမှန်မှာ ယူနေတဲ့ iPhone 5 LCD Panel ကို Apple မှ လျော့ လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဆိုလိုရင်းကတော့ iPhone 5 ထုတ်လုပ်မှုအား လျော့ချ လိုက်ခြင်း ဖြစ် ပါတယ်။ လက်ရှိမှာ အများစုက iPhone 5 ဝယ်ဖို့ထက် လာမယ့် iPhone မော်ဒယ် အသစ်များကိုပဲ စောင့်ဆိုင်းနေခြင်း ဖြစ်ပါတယ်။ ထွက်ရှိတဲ့ အချိန်နဲ့ သိပ်မကွာပဲ နောက်ထပ် iPhone မော်ဒယ် အသစ် သတင်း ထွက်တော့ iPhone 5 ဝယ်လိုအား အနည်းငယ် လျော့နည်း သွားခြင်း ဖြစ်ပါတယ်။
ဒါကြောင့် iPhone 5 ထုတ်လုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းမှာယူမှုဟာ အရင်က လောကက် မများတော့ပဲ တရုတ်ပြည်က Foxcom စက်ရုံမှာလည်း ထုတ်လုပ်မှု အရေအတွက် လျော့ချလိုက်ကြောင်း သိရပါတယ်။
----
Ref: reuters
Aung Kham (TSJ team)
၂၀၆ စီးသာရှိတဲ့ အီတလီ ထုတ် Pagani Cinque Roadster
ကမ္ဘာကျော် အီတလီ ဇိမ်ခံကားနဲ့ ပြိုင်ကားထုတ် ကုမ္မဏီဖြစ်တဲ့ Pagani မှ ထုတ်လုပ်တဲ့ ကမ္ဘာ့ဈေးကြီးပြိုင် ကား တစ်စီးကတော့ Pagani Cinque Roadster ဖြစ်ပါ တယ်။
၁၉၉၉ခုနှစ်မှ ၂၀၁၁ခုနှစ်အထိသာထုတ်လုပ်ပြီး တစ်ကမ္ဘာ လုံးအတိုင်းအတာအားဖြင့် ၂၀၆ စီးသာရှိပါ တယ်။ နှစ်ယောက် စီးပြိုင်ကားလေးရဲ့ စွမ်းဆောင်ချက် ကတော့ မြင်းကောင်ရေ ၆၇၈အထိရှိပါတယ်။ top speed တစ်နာရီ ၂၁၇ မိုင်အထိပြေးတဲ့ အရှိန်ပြင်းပြိုင် ကားဖြစ်ပါတယ်။ အော်တိုဂီယာ ခြောက်ချက်ထိုး မာစီဒီး ဘတ်ဇ် AMG အင်ဂျင် ကိုအသုံးပြုထားပါတယ်။ အိတ်ဇော system ကို တိုက်တေနီယမ်သတ္တုနဲ့ ဖုံးအုပ်ထားပြီး Suspenstions ကိုတော့ မက်ဂနီဆီယမ်နဲ့ တိုက်နေနီယမ်နဲ့နှစ်မျိုးလုံးပေါင်းစပ်ထားပါတယ်။ အားသာချက်ကတော့ အင်ဂျင်နဲ့ အိတ်ဇော အပူလွန်မှု လုံးဝမရှိပဲ အညစ်ကြေး ကပ်ညစ်မှုနည်းပါတယ်။
၂၀၁၀ ထုတ်နောက်ဆုံး မော်ဒယ်က အစီးရေ ငါးစီးသာ ရှိပြီး ဈေးနှုန်းကလည်း အမေရိကန်ဒေါ်လာ ၁၈သန်း နဲ့ ငါးသောင်းတန်ဖိုးရှိပါတယ်။ ဒါကြောင့် ၂၀၁၂-၂၀၁၃ခုနှစ်ရဲ့ ကမ္ဘာ့ဈေးအကြီးဆုံးပြိုင်ကားစာရင်းမှာ Aston Marin One-77 နဲ့ ယှဉ်လျက်ရှိနေပါတယ်။
အင်ဂျင်- Mercedes Benz AMG engine
ပါဝါ - မြင်းကောင်ရေ ၆၇၈
ဂီယာ - အော်တို ၆ ချက်ထိုး
Top speed- တစ်နာရီ ၂၁၇ မိုင်
http://www.colayonline.com.mm/automobile/
Aung Kham (TSJ team)
Saturday, January 19, 2013
အိန္ဒိယတွင် Samsung Galaxy ပစ္စည်းပေါင်း အလုံး ၁၀ သန်းကျော် ရောင်း ချပြီး
၂၀၁၀ ခုနှစ် ဇွန်လက စလို့ အိန္ဒိယနိုင်ငံမှာ Samsung Galaxy S ကို စဖြန့် ပါတယ်။ ယင်းနောက် Galaxy ကုန်ပစ္စည်းများ ဆက် တိုက် ရောက်ပြီး ရောင်းအား အရှိန်အဟုန်နဲ့ တက်ခဲ့ပါတယ်။
စစ်တမ်းအရ ၂၀၁၃ ခုနှစ် ပထမ ၆လ အတွင်း အိန္ဒိယမှာ စမတ်ဖုန်း စုစုပေါင်း အလုံးရေ သန်း ၁၀၂.၄၃ သန်း မက ရောင်းချပြီး ဖြစ်ပါတယ်။ ယင်းထဲမှာ Samsung ရဲ့  ဖုန်း ၅.၅ သန်း ပါရှိပြီး ဈေးကွက်ရဲ့  ၄၁.၆ ရာခိုင်နှုန်းပဲ ဖြစ်ပါတယ်။ နိုကီယာတောင် ၁၉.၂ ရာခိုင်နှုန်းပဲ ရှိပြီး Blackberry ထုတ်တဲ့ RIM က ၁၂.၁ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားပါတယ်။
Galaxy Y, Galaxy SII Galaxy Tab , Galaxy Tab 2, Galaxy SIII အစရှိ တဲ့ ကုန်ပစ္စည်းများက ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ် ကာလအတွင်း အိန္ဒိယ မှ ဖြန့် ချိခဲ့ခြင်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ လူလတ်တန်းစားတွေ ပိုများ အတွက် Apple ကုန်ပစ္စည်းထက် Samsung ကိုပဲ ပိုမို အားပေးကြခြင်း ဖြစ် ပါတယ်။ Apple ရဲ့  ဈေးကွက် ပိုင်ဆိုင်မှုကတော့ အတော်လေးကို နည်းနေပါ သေး တယ်။
အနာဂတ်မှာ အိန္ဒိယဟာလည်း Samsung ရဲ့  ကြီးမားတဲ့ အီလက်ထရောနစ် ကုန်ပစ္စည်း ဈေးကွက် တစ်ခု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း ထားကြောင်း သိရ ပါတယ်။
--
Ref: slashgear
Aung Kham (TSJ team)
Nokia ကိုကျော်လွန်၍ Samsung က ကမ္ဘာ့နံပါတ်တစ် မိုဘိုင်းဖုန်း ကုမ္မဏီ ဖြစ်လာတော့မည်
Nokia က ဆယ်စုနှစ် တစ်ခုနဲ့ နောက်ထပ် တစ်ဝက်တိတိကို ယူထားတဲ့ ကမ္ဘာ့ နံပါတ် ၁ မိုဘိုင်းဖုန်း ကုမ္မဏီ သမိုင်း အဆုံးသတ်ပါတော့မယ်။ Samsung က ယခုနှစ်ကုန်မှာပဲ ကမ္ဘာ့နံပါတ် ၁ မိုဘိုင်းဖုန်း ကုမ္မဏီ ဖြစ် လာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၂ ခုနှစ်က Samsung ရဲ့  အရှိန်အဟုန်နဲ့ တက်တဲ့ ကာလတစ်ခုဖြစ်ခဲ့ပြီး ဈေးကွက်ရဲ့  ၂၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ နိုကီယာကတော့ ၂၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။
ယမန်နှစ် ၂၀၁၁ မှာတုန်းကျတော့ နိုကီယာက ၃၀ ရာခိုင်နှုန်း၊ Samsung က ၂၄ ရာခိုင်နှုန်းနဲ့ ကွာခြားနေတာ ဖြစ်ပါတယ်။ ယခုတော့ ပြောင်းလဲ သွားပြီး Samsung က ဗိုလ်ဆွဲတော့မှာ ဖြစ်ပါတယ်။ Apple ကတော့ ဈေး ကွက် ၁၀ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ရသေးပြီး တတိယ နေရာ မှာပဲ ရှိနေ ပါသေးတယ်။ မော်ဒယ် Brand နဲ့ အလုံးရေ ထုတ်လုပ်မှုကလည်း Samsung နဲ့ Nokia တို့လောက်မများပြားလို့ ဖြစ်ပါတယ်။
Samsung ကတော့ တစ်နှစ်ထဲမှာကို မော်ဒယ်အမျိုးမျိုး တစ်ခုပြီးတစ်ခု ထုတ်လုပ်ရောင်းချပြီး ဈေးကွက်ကို အသာစီးရယူခဲ့ပါတယ်။ နောက်ထပ် အားသာချက် တစ်ခုကလည်း ဈေးနှုန်းသက်သာခြင်း ဖြစ်ပြီး အရေအတွက် များပေမယ့် အရည်အသွေး အပိုင်းလည်း ကျဆင်းသွားမှု မရှိခြင်း ကလည်း နောက်ထပ် အောင်မြင်ရခြင်း တစ်ခု ဖြစ်ပါတယ်။
၂၀၁၂ နောက်ဆုံး လေးလတာ ကာလ စစ်တမ်းအရ Samsung မှ မိုဘိုင်းဖုန်း အလုံးရေ ၉၈ သန်း ရောင်းချရပြီး ၅၅ သန်းက စမတ်ဖုန်း ဖြစ် ပါတယ်။ Nokia ကျတော့ အလုံးရေ ၈၂ သန်းရောင်း ချရပြီး စမတ်ဖုန်း ကျတော့ ၇.၂ သန်းပဲ ရှိပါတယ်။ ဒါကလည်း အဓိက ကွာခြားသွားခြင်း ဖြစ် ပါတယ်။
သမိုင်းတစ်လျှောက် ယူလာတဲ့ နံပါတ် ၁ နေရာကို ဖယ်ပေးရတော့မယ့် Nokia အနေနဲ့ အနာဂတ်မှာ စိုးရိမ်စရာရှိကြောင်း ဝေဖန်ထားကြပါတယ်။ Lumia စမတ်ဖုန်း ရောင်းအားတက်ပေမယ့် မျော်မှန်းထား သလောက် ဖြစ် မလာသေးပါဘူး။ ဒါကြောင့် အနာဂတ်မှာ နံပါတ် ၂ ကနေတောင် ဆင်းရမယ့် အနေအထားမှာ ရှိနေပါတယ်။
RIM နဲ့ HTC ကတော့ မိုဘိုင်းဈေးကွက် ၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး အတူတူ ရပ်တည်နေကြောင်း သိရပါတယ်။
--
Ref: techrader.
Aung Kham (TSJ team)
ကမ္ဘာ့အပါးဆုံး လပ်(ပ်)တော့
ပုံသေတော့ သတ်မှတ်လို့ မရပါဘူး။ နောက်လည်း သူ့ထက် ပါးတဲ့ Laptop တွေ ကြိမ်းသေပေါ်လာအုံးမှာ ဖြစ်ပါတယ်။ သို့ပေမယ့် လောလော ဆယ် လက်ရှိ ကာလမှာတော့ အပါးဆုံး Laptop က Samsung မှ ထုတ်တဲ့ Seires 9 ဖြစ်ပါတယ်။ အထူက ၀.၆ လက်မပဲ ရှိပါတယ်။ လက်မဝက် ကျော် ရုံလေးပဲ ဖြစ်ပါတယ်။
Apple ကထုတ်တဲ့ MacBook Pro တောင် လက်ရှိ အပါးဆုံးက ၀.၇၁ လက်မ အထိပဲ Slim ဖြစ်ပါသေးတယ်။ ဒီတော့ Samsung ရဲ့  Series 9 ကို အပါးဆုံးလို့ သတ်မှတ်ထားနိုင်ပါသေးတယ်။ သူ့ရဲ့  Specification အကြမ်းဖျင်းကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။
• တတိယမျိုးဆက် Intel Core processor - Core i7 ကို အသုံးပြု ပါတယ်။
•4GB Ram
•128GB SSD, memory ထပ်တုန်းရန် SSD slot ပါဝင်ပါတယ်။
•Windows 7 operating system ( Windows 8 သို့ Upgrade လုပ်ပေး ပါတယ်။)
• ဘက်ထရီက Photoshop တို့လို ပါဝါစားတဲ့ ပရိုဂရမ်ကို သုံးရင် ၈ နာရီခံပြီး အလင်းရောင် တစ်ဝက် ထားသုံးရင် ၁၀ နာရီခံပါတယ်။
• gaming system ရတယ်လို့ မဟုတ်ပေမယ့် အင်ဂျင်ကောင်းကောင်း သုံးတဲ့ Diablo 3 တို့လို ဂိမ်းကို နိုင်ပါတယ်။
•LCD, HD+, 400 nit screen. သာမန် Laptop တစ်လုံးထက် အလင်းရောင် ၄၀ ရာခိုင်နှုန်းပို တယ်လို့ ဆိုပါတယ်။
•Boots up in 10 seconds, 3 seconds from sleep mode
• USB 3.0 နှင့် USB 2.0 ပေါက်များ ပါရှိပါတယ်။
၁၃ လက်မ၊ ၁၅ လက်မ အရွယ်နှစ်မျိုး ထုတ်ပြီး ဈေးနှုန်းကတော့ ၁၂၉၉ ဒေါ်လာနဲ့ ၁၄၉၉ ဒေါ်လာ ဆီ ရှိကြောင်း သိရပါတယ်။
--
Ref: Samsung
Aung Kham (TSJ team)
Samsung Galaxy S4 ဗီဒီယိုထွက်ပေါ်
Samsung Galaxy S4 ဖုန်းကြော်ငြာ ဗီဒီယိုပါ ဆိုပြီး rozetked ဝဘ်ဆိုဒ်က Youtube မှာ တင်လိုက်ပါတယ်။ ရက်ပိုင်းအတွင်းကို ကြည့်ရှုသူ ၁ သိန်းကျော်သွားပြီ ဖြစ်ပါတယ်။
Samsung က တရားဝင်ကြေညာထားခြင်း မဟုတ်သေးတော့ ယင်း ဗီဒီယိုထဲက Samsung Galaxy S4 ကတော့ fake ပဲဖြစ်ပါတယ်။ သို့ပေမယ့် ဗီဒီယို ဖန်တီးသူတို့ တော်တော် တော်ပါတယ်။ သူတို့ ခန့်မှန်းခြေက အနီးစပ် ဆုံး ဖြစ်တယ်လို့တောင် ချီးကျူးထားကြပါတယ်။
ဗီဒီယိုထဲကအတိုင်းဆိုရင် S4 ကို လေဆာကီးဘုတ်နဲ့တောင် ချိတ်ဆက် အသုံးပြု နိုင်ပါတယ်။ ကင်မရာက 13 megapixel ရှိပြီး ၅ လက်မ မကတဲ့ မျက်နှာပြင်က 1080p resolution အဆင့်ရှိတဲ့ Grand AMOLED အမျိုး အစား ဖြစ်ပါတယ်။ Processor ကလည်း 2.0GHz 4 quad core ဖြစ်ပါ တယ်။ quad core တောင် လေးခု ပါတယ်ဆိုတဲ့ သဘောဖြစ် ပါတယ်။
အရွယ်ပိုကြီးလာပြီး ပိုလည်းပါးသွားပါတယ်။ မော်ဒယ်ကုဒ်နံပါတ်ကို GT-I9500 လို့တောင် အမည်ပေးထားပါသေးတယ်။ တကယ် ထုတ်ဖော်ပြ သတဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ CES မှာမှ တကယ်ဟုတ် မဟုတ် မြင်တွေ့ရ မှာ ဖြစ်ပါတယ်။
Samsung Galaxy S4 ကြာ်ငြာဗီဒီယိုကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
http://youtu.be/p5YPaBkhKZI
Aung Kham (TSJ team)
ထိုင်းနိုင်ငံမှ ရေပေါ် ရုပ်ရှင်ရုံ
ရေပေါ်မှာ ပြုလုပ်ထားတဲ့ ရုပ်ရှင်ရုံ တကယ် ရှိပါတယ်။ ထိုင်းနိုင်ငံ ဖူးခက် ကျွန်းအနီး Kudu Noi ကျွန်းမှာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။
တရုတ်ပြည် ရှန်ဟိုင်းမှာ နေထိုင်တဲ့ ဂျာမနီ လူမျိုး ဒီဇိုင်နာတစ်ဦးက သူ့စိတ်ကူးနဲ့ ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ယင်းနေရာမှာ ဖူးခက်ကျွန်း ရုပ်ရှင်ပွဲတော်တွေလည်း နှစ်စဉ် ကျင်းပပေးတယ်လို့ ဆိုပါတယ်။ ရာသီဥတုကြောင့် ရေတက်လာရင်လည်း မြှုပ်မသွားနိုင်အောင်၊ ပုံမှန်အတိုင်း ကြည့်လို့ရအောင် အတိမ်အနက်ကိုလညး တွက်ချက်ထားပါတယ်။ အပေါ်မြင့် ယူလို့ ရသလို၊ အောက်လည်း ချလို့ ရပါတယ်။
ပင်လယ်ရေပြင်ပေါ်မှာ ရုပ်ရှင်ကြည့်လို့ ရအောင် ဖန်တီးပေးလိုက်နိုင်တဲ့ ဂျာမနီ ဒီဇိုင်နာရဲ့  စိတ်ကူးဟာ ကမ္ဘာကျော်သွားပြီး Kudu Noi ကို အလည် လာ သူအများစုဟာ ရေပေါ်က ရုပ်ရှင်ရုံကို လာရောက် အားပေးလျက် ရှိတယ်လို့ သိရပါတယ်။
--
Ref: huffingtonpost
Aung Kham (TSJ team)
Friday, January 18, 2013
Nokia ဖုန်းအတွက် အသုံးဝင် လျှို့ ဝှက် ကုဒ်နံပါတ်များ
နိုကီယာ ဖုန်း user များအတွက် အသုံးဝင်မယ့် လျှို့ ဝှက်ကုဒ်နံပါတ်များကို မျဝေ ပေးလိုက်ရပါတယ်။
*#0000# - Display the software version, the date when the software was built and the phone model. In some cases, the phone model is not the one used by marketing. It is the internal model used inside Nokia. For example, RM-36 is the internal name of Nokia 6680.
*#06# for checking the IMEI (International Mobile Equipment Identity).
*#7780# reset to factory settings.
*#67705646# This will clear the LCD display (operator logo).
*#2820# Bluetooth device address.
*#746025625# Sim clock allowed status.
*#62209526# - Display the MAC address of the WLAN adapter. WLAN support သောဖုန်းများတွင်သာ ရသည်။
*#92702689# -
1. Displays Serial Number.
2. Displays the Month and Year of Manufacture
3. Displays (if there) the date where the phone was purchased (MMYY)
4. Displays the date of the last repair - if found (0000)
5. Shows life timer of phone (time passes since last start)
အရေးပေါ် ဘက်ထရီအားဖြည့်ခြင်း
အရေးပေါ် အခြေအနေမှာ ဘက်ထရီကလည်း အားကုန်နေပြီဆိုရင် "*3370#" ကုဒ်ကို ရိုက်ထည့်ခြင်းဖြင့် ၃၀ ရာခိုင်နှုန်း ပြန်လည် မြင့်တက် ပါတယ်။
#3370# Deactivate Enhanced Full Rate Codec( EFR) ဆိုရင်တော့ ၅၀ ရာခိုင်နှုန်းပြန်ပြည့်ပြီး Sound quality ကအစ ပြန်တက်ပါတယ်။ သို့ပေမယ့် Talk time ကတော့ ၅ ရာခိုင်နှုန်း လျော့ကျသွားပါမယ်။
*#3370# - Enhanced Full Rate Codec (EFR) activation.
ဒါကတော့ လိုင်းဆွဲအားပိုတက်စေပြီး GPRS တို့ service တက်တာတို့ လုပ်ပေးပါတယ်။ သို့ပေမ့် ဘက်ထရီအား ကုန်တာ မြန်ပါတယ်။
*#3370* - (EFR) deactivation.
ဖုန်း အလိုအလောက် restart ပြန်လုပ်ပါမယ်။ ဘက်ထရီ ၃၀ ရာခိုင်နှုန်း တက်ပေမယ့် လိုင်းဆွဲအား နည်းနည်းကျသွားပါမယ်။
*#4720# - Half Rate Codec activation.
*#4720* - Half Rate Codec deactivation. The phone will automatically restart
If you forgot wallet code for Nokia S60 phone, use this code reset: *#7370925538#
Note, your data in the wallet will be erased. Phone will ask you the lock code. Default lock code is: 12345
Press *#3925538# to delete the contents and code of wallet.
Unlock service provider: sim, turn phone on and press vol up(arrow keys) for 3 seconds, should say pin code. Press C,then press * message should flash, press * again and 04*pin*pin*pin#
*#7328748263373738# resets security code.
Default security code is 12345
#pw+1234567890+1# Provider Lock Status. (use the "*" button to obtain the "p,w" and "+" symbols)
#pw+1234567890+2# Network Lock Status. (use the "*" button to obtain the "p,w" and "+" symbols)
#pw+1234567890+3# Country Lock Status. (use the "*" button to obtain the "p,w" and "+" symbols)
#pw+1234567890+4# SIM Card Lock Status.(use the "*" button to obtain the "p,w" and "+" symbols)
*#147# (Vodafone) this lets you know who called you last *#1471# Last call (Only Vodafone)
*#21# Allows you to check the number that "All Calls" are diverted To
*#2640# Displays security code in use
*#30# Lets you see the private number
*#43# Allows you to check the "Call Waiting" status of your phone.
*#61# Allows you to check the number that "On No Reply" calls are diverted to
*#62# Allows you to check the number that "Divert If Unreachable(no service)" calls are diverted to
*#67# Allows you to check the number that "On Busy Calls" are diverted to
*#67705646# Removes operator logo on 3310 & 3330
*#73# Reset phone timers and game scores
*#746025625# Displays the SIM Clock status, if your phone supports this power saving feature "SIM Clock Stop Allowed", standby time ပိုရစေပါတယ်။
*#7760# Manufactures code
*#7780# Restore factory settings
*#8110# Software version for the nokia 8110
--
အချို့ ကုဒ်နံပါတ်များကို သတိထား အသုံးပြုရန် လိုအပ်ပါတယ်။
--
Aung Kham (TSJ team)
Samsung မိုဘိုင်းဖုန်း၏ လျှို့ ဝှက် ကုဒ်နံပါတ်များ
Samsung မိုဘိုင်းဖုန်း user များအတွက် အသုံးဝင်မယ့် လျှို့ ဝှက်ကုဒ်နံပါတ် များကို ရှာဖွေ မျှဝေပေးလိုက်ရပါတယ်။
*#9125# : Smiley
*#9999# : Software Version
*#06# : IMEI Number
*#0001# : Serial Number
*#9998*523# : LCD Contrast
*#0228# or *#8999*228# : Battery Info
*#8999*636# : Display Storage Capacity
*#8999*778# : Display SIM Card Information
*#8999*782# : Show Date And Alarm Clock
*#8999*786# : The Display During Warning
*#8999*837# : Samsung Hardware Version
*#0523# - *#8999*523# : Display Contrast
*#8999*638# : Show Network Information
*#9998*246# : Battery Status- Memory Capacity
*#9998*324# - *#8999*324# : Debug Screen
*#9998*842# - *#8999*842# : Vibration Test
*#9998*289# - *#8999*289# : Alarm Beeper - Ringtone Test
*#8999*9266# : Display Received Channel Number And Received Intensity
*#8999*364# : Watchdog ON/OFF
*#8999*427# : WATCHDOG Signal Route Setup
*2767*3855# : Full Reset (Caution every stored data will be deleted.)
*2767*2878# : Custom Reset
*2767*927# : Wap Reset
*2767*226372# : Camera Reset (deletes photos)
*2767*688# : Reset Mobile TV
#7263867# : RAM Dump (On or Off)
#*4773# : Incremental Redundancy
#*7785# : Reset wake-up & RTK Timer Variables
#*7200# : Tone Generator Mute
#*3888# : BLUETOOTH Test Mode
#*7828# : Task Screen
#*2562# : Restarts Phone
#*2565# : No Blocking? General Defense.
#*3353# : General Defense, Code Erased.
#*3837# : Phone Hangs on White screen.
#*3849# : Restarts Phone
#*7337# : Restarts Phone (Resets Wap Settings)
#*2886# : Auto Answer ON/OFF
#*7288# : GPRS Detached/Attached
#*7287# : GPRS Attached
#*2077# : GPRS Switch
#*22671# : AMR REC START
#*22673# : Pause REC
#*22674# : Resume REC
#*22675# : AMR Playback
#*22676# : AMR Stop Play
#*22677# : Pause Play
#*22678# : Resume Play
#*77261# : PCM Rec Req
#*77262# : Stop PCM Rec
#*77263# : PCM Playback
#*77264# : PCM Stop Play
#*22679# : AMR Get Time
#*7666# : White Screen
#*7693# : Sleep Deactivate/Activate
#*2286# : Data Battery
#*2679# : Copycat Feature Active/Deactivate
#*3940# : External Loop-Test 9600 bps
#*4263# : Hands Free Mode Activate/Deactivate
#*2558# : Time ON
#*3941# : External Loop-Test 115200 bps
#*5176# : L1 Sleep
#*7462# : SIM Phase
#*7983# : Voltage/Freq
#*7986# : Voltage
#*8466# : Old Time
#*2255# : Call Failed
#*5376# : Delete All Sms!!!!
#*2337# : Permanent Registration Beep
#*2474# : Charging Duration
#*2834# : Audio Path (Hands-free)
#*3270# : DCS Support Activate/Deactivate
#*3282# : Data Activate/Deactivate
#*3476# : EGSM Activate/Deactivate
#*3676# : Format Flash Volume!!!
#*4760# : GSM Activate/Deactivate
#*4864# : White Screen
#*7326# : Accessory
#*7683# : Sleep Variable
#*3797# : Blinks 3D030300 In RED
#*7372# : Resetting The Time To DPB Variables
*#8999*667# : Debug Mode
*#92782# : Phone Model (Wap)
#*5737425# : JAVA Mode
*#2255# : Call List
*#232337# : Bluetooth MAC Address
*#5282837# : Java Version
*#8999*8376263# : All Versions Together
*#8999*8378# : Test Menu
*#4777*8665# : GPSR Tool
*#8999*523# : LCD Brightness
*#8999*377# : Error LOG Menu
*#8999*327# : EEP Menu
*7465625*228# : Active Lock ON
#7465625*228# : Active Lock OFF
*7465625*28638# : Auto Network Lock ON
#7465625*28638# : Auto Network Lock OFF
*7465625*28782# : Auto Subset Lock ON
#7465625*28782# : Auto Subset Lock OFF
*7465625*2877# : Auto SP Lock ON
#7465625*2877# : Auto SP Lock OFF
*7465625*2827# : Auto CP Lock ON
#7465625*2827# : Auto CP Lock OFF
*7465625*28746# : Auto SIM Lock ON
#7465625*28746# : Auto SIM Lock OFF
*#7465625# : Check the phone lock status
*7465625*638*Code# : Enables Network lock
#7465625*638*Code# : Disables Network lock
*7465625*782*Code# : Enables Subset lock
#7465625*782*Code# : Disables Subset lock
*7465625*77*Code# : Enables SP lock
#7465625*77*Code# : Disables SP lock
*7465625*27*Code# : Enables CP lock
#7465625*27*Code# : Disables CP lock
*7465625*746*Code# : Enables SIM lock
#7465625*746*Code# : Disables SIM lock
အချို့ ကုဒ်များ မှားယွင်းနိုင်သဖြင့် သတိထား အသုံးပြုရန် လိုအပ်ပါသည်။
Aung Kham (TSJ team)
၉၉ စီးသာထုတ်သော အဆင့်မြင့်စူပါကား GTA Spano
စပိန်ပြိုင်ကားထုတ်လုပ်ရေးကုမ္မဏီတစ်ခုဖြစ်တဲ့ GTA Motor မှ ၂၀၀၅ ခုနှစ်မှာ လျှို့ဝှက်စီမံကိန်း တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ အဆင့်မြင့် GTA concept ကားဖြစ်ပါတယ်။ အစီးရေနည်းနည်းသာ ထုတ်လုပ်ပြီး ဖြန့်ချိမယ်လို့ ဆုံးဖြတ်ပြီးနောက် ၂၀၁၀ခုနှစ်မှာ ပွဲထုတ်ပြသခဲ့ပါတယ်။
ကားရဲ့ဒီဇိုင်းအား အမြင်ဆန်းနေပြီး အမိုးကို မှန်အနက်နဲ့ ပြုလုပ်ထားပါတယ်။ အသုံးပြုတဲ့ အင်ဂျင် ကတော့ ဆလင်ဒါ ၁၀လုံးအားဖြည့် ၈၃၀၀ စီစီ Vအင်ဂျင် ဖြစ် ပါတယ်။ ဒါကြောင့် သူ့ရဲ့ မြင်းကောင်ရေ အားဟာ ၈၂၀ အထရှိပြီး အမြင့်ဆုံး speed တစ်နာရီ ၂၁၇ မိုင်အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
ဘော်ဒီကို ကာဘွန်ဖိုက်ဘာ၊ တိုက်တေနီယမ်၊ Kevlar သတ္တုအားလုံး ဆီလျော်သလို ရောစပ် တည်ဆောက်ထား ပါတယ်။ ဥပမာ- crash ဖြစ်နိုင်ချေများတဲ့ ဦးပိုင်းတွေကို ဆိုရင် ကာဘွန်ဖိုက်ဘာ ပါဝင်မှု နည်းမှာ ဖြစ်ပါတယ်။ အသုံးပြုတဲ့ သတ္တုအမျိုးအစားများဟာ ပေါ့ပါးပြီး ကြံ့ခိုင်မှုရှိတာကို တွေ့ရပါတယ်။
အရွယ်အစားအားဖြင့်လည်း အမြင့် ၄၇ လက်မ၊ အရှည် ၁၈၃ လက်မ၊ အကျယ် ၇၈ လက်မ သာရှိတဲ့ နှစ်ယောက်စီး စူပါကား ဖြစ်ပါတယ်။
မြန်ဆန်မှုနှုန်းကို ထိန်းချုပ်နိုင်ဖို့အတွက် ဘရိတ်ကို ပစ်စတင်ခြောက်လုံးတပ် ကယ်လီပါနဲ့ အသုံးပြုထားပါ တယ်။ ကာဘွန်ကြွေသားနဲ့လုပ်တဲ့ Disc ကြောင့်မို့ ဘယ်လောက် မြန်မြန် ထိန်းချုပ်ရလွယ် ကူပြီး ABS စနစ်ကို အသုံးပြုပါတယ်။ ဂီယာ ၇ ချက် လက်ထိုး ဖြစ်ပေမယ့် Automatic sequential လည်းပါဝင်ပါသေးတယ်။
တစ်ကမ္ဘာလုံးမှာမှ အစီးရေ ၉၉ စီးသာရှိတဲ့ အတွက် ဈေးနှုန်းက အမေရိကန်ဒေါ်လာ ကိုးသိန်းခွဲ အထက်မှာ ရှိပါတယ်။ ဒါကြောင့် ကမ္ဘာ့ဈေးကြီး ကားစာရင်းထဲမှာ ပါဝင်နေတဲ့ ကားတစ်စီးလည်း ဖြစ်နေ ပါသေးတယ်။
အောင်ခမ်း (TSJ team)
http://www.colayonline.com.mm/automobile/
Thursday, January 17, 2013
စက်ရုပ်လုပ်သားများနှင့် လည်ပတ်သော တရုတ်စားသောက်ဆိုင်
လူလုံးဝ မပါပါဘူး။ ဆိုင်တစ်ခုလုံး စက်ရုံကချည်း အလုပ်လုပ်နေတဲ့ စားသောက်ဆိုင် ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဘေကျင်းမြို့ မှာ ဖွင့်လှစ်ထားပြီး စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန် ဒေါ်လာ ၈ သန်းမက ရှိတယ်လို့ ဆိုပါတယ်။ အစား အသောက် ချက်တာကအစ စက်ရုပ်တွေဆိုတော့ တကယ့် ထူးခြား အံ့သြဖွယ်ရာပါပဲ။ တရုတ်က စတဲ့ နည်းပညာတစ်ခုလုံး မှတ်တမ်း တင်ရလောက်ပါတယ်။ စားပွဲထိုး၊ စားဖိုမှူး၊ သန့်ရှင်းရေး၊ ဖော်ဖြေရေး အစရှိသဖြင့် အားလုံးတို့က စက်ရုပ်တွေချည်း ပြုလုပ်တာ ဖြစ်ပါတယ်။
စင်ပေါ်မှာ စက်ရုပ်ကသီချင်းဆိုပြ၊ ကပြပါတယ်။ ဆိုင်ထဲမှာ စက်ရုပ်တွေ သွားလာဖို့အတွက် လမ်းလုပ်ပေးထားပြီး သူ့လည်ပတ်မှု ပုံစံအတိုင်း သွားလာ နေပါတယ်။ အစားအသောက် ချက်ခန်းမှာလည်း စက်ရုပ်စားဖိုမှူး များ ကိုယ်တိုင်ချက်ပြုတ်နိုင်အောင် ပရိုဂရမ်သွင်းထားပြီး သူ့ပုံစံအတိုင်း လည်ပတ်နေပါတယ်။ ယင်း စက်ရုပ်အားလုံးကို အရေးအကြောင်း ဆိုရင် သိအောင် Control Room ကနေလည်း ထိန်းချုပ် ပေးနိုင်ပါတယ်။
သူတို့အတွက် ထမင်းစားချိန်လည်းပေးပါတယ်။ စက်ရုပ်ဆိုတော့ ထမင်း မစား ပါဘူး။ လျှပ်စစ်ဓာတ်အားသွင်းတဲ့အချိန်က ထမင်းစားချိန်ပါပဲ။ ၂ နာရီအားဖြည့်ပြီးရင် ၅ နာရီမနားတမ်းအလုပ်လုပ်မှာ ဖြစ်ပါတယ်။ ယင်း ကဲ့သို့ စက်ရုပ်တွေချည်း လုပ်ကိုင်သော စက်ရုပ်စားသောက်ဆိုင်ကို တရုတ်နိုင်ငံတစ်ဝန်းတွင် ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
သမိုင်းတွင် အကြီးကျယ် အခမ်နားဆုံး ခံတပ် Fort Bourtange
နယ်သာလန်နိုင်ငံ၊ မြောက်ဘက်အစွန်း Groningen ပြည်နယ် Bourtange ရွာမှာ တည်ရှိနေတဲ့ ခံတပ်တစ်ခု ဖြစ်ပါတယ်။
နယ်သာလန်ရဲ့  အကြီးကျယ်ဆုံး နေရာထဲမှာ တစ်ခုအပါဝင် ဖြစ်ပါတယ်။ ဘာလို့လဲဆို တစ်နိုင်ငံလုံး ဂျာမနီလက်အောက်ရေက်ချိန် ယင်းခံတပ်ရဲ့  အထောက်အပံ့ကြောင့် ဂျာမန်လက်အောက်ရောက်ရမယ့် အခြေအနေကနေ လွတ်မြောက်ခဲ့လို့ ဖြစ်ပါတယ်။
၁၉၅၃ ခုနှစ်က ဘုရင်ခံ William the I of Orange မှ တည်ဆောက်ခိုင်းလို့ ဖြစ်ပါတယ်။ အဲ့တုန်းက Groningen ပြည်နယ်ဟာ စပိန်ရဲ့  သိမ်းပိုက်ထားမှုကို ခံထားရပြီး တစ်ဖက်ကလည်း ဂျာမနီတပ်များ ခြံရံနေပါတယ်။ ဒီတော့ ဒီတပ်နှစ်တပ်သာ ပေါင်းစုံမိလိုက်ရင် နယ်သာလန်ဆိုတာ ဖွတ်ဖွတ်ကျေအောင် ပျက်ဆီးရမှာမို့ အမျော်အမြင်ကြီး စွာနဲ့ ဆက်သွယ်ရေး လမ်းအလယ်တည့်တည့်မှာ ယခုလို ဧရာမ ခံတပ် အကြီးကြီး တည်ဆောက်ပါတယ်။
ကြယ်ပုံသကဏ္ဍာန် အကွင်းပေါင်းများစွာနဲ့ တစ်ဆင့်ပြီး တစ်ဆင့်မှာ ရွှံ့ နွံတွေ၊ ရေတွေ၊ လက်နက်ဗုံးတွေ အဆင့်ဆင့်ခံပါတယ်။ အမြောက်တပ် ခေတ်စားတဲ့အချိန်ဆိုတော့ အမြောက်ဒဏ်ခံနိုင်အောင် သူ့ခေတ်သူ့ခါ နည်းပညာနဲ့ တည်ဆောက်ထားပါတယ်။ တကယ်လည်း ခံနိုင်ပါတယ်။ စပိန်ရဲ့ တိုက်စစ်ကို တွန်းလှန်နိုင်ပြီး Groningen ပြည်နယ်ကို ပြန်ရပါတယ်။
ဂျမနီတပ်လည်း နယ်သာလှန်နိုင်ငံကို ဝင်သိမ်းပါတယ်။ ပြည်နယ်အားလုံး သိမ်းလို့ပြီးပေးမယ့် ယင်း ခံတပ် Bourtange တစ်ခုတည်း ကပ်ကျန်နေပါတယ်။ ယင်းတပ်မှာလည်း နယ်သာလှန်တို့ တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။ ဂျာမနီတို့ ထိုးစစ်က ခံတပ် Bourtange ကို ရောက်ဖို့ထပ် သူ့ရွှံ့ နွံတွေမှာပဲ ဇာတ်သိမ်းသွားပါတယ်။ နောက်ဆုံး ဂျာမနီတွေ တပ်ပြန်ဆုပ်ရလောက်အောင်ကို Fort Bourtange က ဂုဏ်အရှိန်အဝါ ကြီးမားလှပါတယ်။
၁၅ ရာစုကတည်းက နယ်သာလှန် ဆောက်လုပ်ရေး အင်ဂျင်နေယာတွေ ဘယ်လို စွမ်းတယ်ဆိုတာကို ယနေ့တိုင် သက်သေပြနေပါတယ်။ အမြောက်တပ် ရှိရင် နိုင်ငံသိမ်းနိုင်တယ်ဆိုတဲ့ သမိုင်းကိုလည်း ယင်းခံတပ်က သက်သေပြသွားပါတယ်။
ယနေ့မှာတော့ ပြတိုက်တစ်ခုအနေနဲ့ တည်ရှိနေပါပြီ။ နယ်သာလှန်နိုင်ငံရဲ့  ကြီးကျယ်မြင့်မြတ်ခဲ့တဲ့ စစ်တပ်နဲ့ ဘုရင်များအကြောင်းကို လေ့လာ လိုသူများအတွက် အကောင်းဆုံးနေရာများထဲမှာ Fort Bourtange ဟာ တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရပါတယ်။
--
Ref: wiki
Aung Kham (TSJ team)
Wednesday, January 16, 2013
မြန်မာကျပ်ငွေ ၁ သိန်းကျော် ဝန်းကျင် ZTE ဖုန်းသစ် Skate Kis
Skate အမည်နဲ့ ဖုန်းအမျိးမျိုးကို တရုတ် ZTE ကထုတ်လုပ်ပါတယ်။ ယခု
အသစ်ထုတ်တဲ့ ဖုန်းက ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၀ ဝန်းကျင် မှာသာ
ရှိပါတယ်။ ဒါကြောင့် မြန်မာကျပ်ငွေ ၁ သိန်း ၃သောာင်း ဝန်းကျင် သာ
ကုန်ကျမယ့် ဖုန်း ဖြစ်ပါတယ်။
OS. Android 2.3.6
Display. 3.5 inches HVGA 480x320 pixels
battery . 1400 mAh
Processor. Qualcomm MSM 7225A800MHz
Memory . 512 MB RAM , micro DD card insertable
Camera. 3.2 megapixel
အလယ်အလတ်တန်းစားဖုန်းလို့ သတ်မှတ်ထားပါတယ်။ Android တောင် ICS Upgrade လုပ်မပေးထားပါဘူး။ မျက်နှာပြင် Resolution ကလည်း 480x320 pixels သာရှိပါတယ်။ ရှေ့ ကင်မရာမပါပါဘူး။ နောက်ကင်မရာ 3.2 megapixel ဆိုတော့ သုံးပျော်ရုံပဲ ဖြစ်ပါတယ်။ ဘက်ထရီက မျက်နှာပြင်သေးတဲ့ ဖုန်းဖြစ်တဲ့အတွက် Usage သိပ်မကုန်ပါဘူး။ Internal Memory နည်းတာက micro SD နဲ့ ထပ်ဖြည့်လို့ရပါတယ်။
တစ်ခုကောင်းတာကတော့ ကိုယ်ထည် ဖြစ်ပါတယ်။ အလူမီနီယံသားနဲ့ လုပ်ထားပြီး အကြမ်းလည်းခံပါတယ်။ အင်္ဂလန်မှာတောင် ဒီရက်ပိုင်းမှ စတင်ဖြန့်ချိတာ ဖြစ်ပါတယ်။ အခြား ZTE Skate တွေလောက် လည်း ဈေးမကြီးပါဘူး။ ဒါကြောင့် ဈေးသက်သာ ဖုန်း သုံးလိုသူများအတွက် ZTE Skte Kis က မကြာမီ မြန်မာပြည်ရောက် လာတော့မှာ ဖြစ်ပါတယ်။
ZTE အနေနဲ့ Middle standard ဖုန်းဈေးကွက်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း သိရပါတယ်။
--
Ref: ZTE
Aung Kham (TSJ team)
OS. Android 2.3.6
Display. 3.5 inches HVGA 480x320 pixels
battery . 1400 mAh
Processor. Qualcomm MSM 7225A800MHz
Memory . 512 MB RAM , micro DD card insertable
Camera. 3.2 megapixel
အလယ်အလတ်တန်းစားဖုန်းလို့ သတ်မှတ်ထားပါတယ်။ Android တောင် ICS Upgrade လုပ်မပေးထားပါဘူး။ မျက်နှာပြင် Resolution ကလည်း 480x320 pixels သာရှိပါတယ်။ ရှေ့ ကင်မရာမပါပါဘူး။ နောက်ကင်မရာ 3.2 megapixel ဆိုတော့ သုံးပျော်ရုံပဲ ဖြစ်ပါတယ်။ ဘက်ထရီက မျက်နှာပြင်သေးတဲ့ ဖုန်းဖြစ်တဲ့အတွက် Usage သိပ်မကုန်ပါဘူး။ Internal Memory နည်းတာက micro SD နဲ့ ထပ်ဖြည့်လို့ရပါတယ်။
တစ်ခုကောင်းတာကတော့ ကိုယ်ထည် ဖြစ်ပါတယ်။ အလူမီနီယံသားနဲ့ လုပ်ထားပြီး အကြမ်းလည်းခံပါတယ်။ အင်္ဂလန်မှာတောင် ဒီရက်ပိုင်းမှ စတင်ဖြန့်ချိတာ ဖြစ်ပါတယ်။ အခြား ZTE Skate တွေလောက် လည်း ဈေးမကြီးပါဘူး။ ဒါကြောင့် ဈေးသက်သာ ဖုန်း သုံးလိုသူများအတွက် ZTE Skte Kis က မကြာမီ မြန်မာပြည်ရောက် လာတော့မှာ ဖြစ်ပါတယ်။
ZTE အနေနဲ့ Middle standard ဖုန်းဈေးကွက်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း သိရပါတယ်။
--
Ref: ZTE
Aung Kham (TSJ team)
မြန်မာကျပ်ငွေ သိန်း ၂၀ ကျော်တန် အဖြူရောင် Blackberry Porsche အသစ်
အမေရိကန်ဒေါ်လာ ၂၃၀၀ ဝန်းကျင်လောက် ကုန်ကျမယ့် စမတ်ဖုန်း ဖြစ်ပါ တယ်။ ဈေးက ကြီးတယ်ဆိုတော့ ဘာများထူးခြားသလဲ ဆိုတာကို လေ့ လာကြည့်မိပါတယ်။
အမှန်တော့ ဈေးကြီးရတဲ့ အကြောင်းက ဒီဇိုင်းနဲ့ တံဆိပ်စားလို့ဖြစ်ပါတယ်။ Blackberry ထုတ်ဖုန်း လို့ တပ်အပ်ပြောလို့မရပါဘူး။ Porsche Design Group က Blackberry ဖုန်း နာမည်ကို အခြေခံလို လိုသလို ပုံစံထွင် ထုတ်ထားတဲ့ ဖုန်း ဖြစ်ပါတယ်။ သူတို့အနေနဲ့မှာတော့ တော်တော်လေးကို လှတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ Feature ကလည်း ယခုခေတ်အခါအတွက် အနေတော်လောက်ပဲ ဖြစ်ပါတယ်။
Blackberry OS 7.1 ကို သုံးပြီး Processor ကတော့ 1.2 GHz ရှိပါတယ်။ internal storage က 8GB ဆိုပေမယ့် 16GB microSD ကဒ်ပါ တစ်ခါတည်း ထည့်ပေးထားပါတယ်။ 32GB အထိ upgrade လုပ်နိုင်တယ်လို့ ဆိုပါတယ်။
့ပြီးတော့ Blackberry ကပေးတဲ့ အခြားသော feature များလည်း ပါဝင်အုံးမှာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အဖြူရောင် ဗားရှင်း BlackBerry Porsche Design P'9981 ထွက်ရှိပြီး ဒီတစ်ခါကတော့ အနက်ရောင် ဗားရှင်း ဖြစ်ပါတယ်။ လာမယ့် ဇန်နဝါရီလ ၂ ရက်နေ့ကစလို့ စတင် ဖြန့်ချိမှာ ဖြစ်ပါတယ်။ အလုံးရေလည်း အနည်းငယ်သာ ထုတ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အများထက် ထူးတဲ့ ဖုန်းကိုမှ ကိုင်ချင်သပဆိုရင် သိန်း ၂၀ ကျော်တဲ့ Blackberry Porsche ကို ပြည်တွင်း Mobile shop များမှ တစ်ဆင့် အော်ဒါ မှာ ယူ နိုင်ပါတယ်။
--
Ref:pocketlint.
Aung Kham (TSJ team)
ကြိုးမဲ့အားသွင်း စနစ်ဖြင့် ရောက်ရှိလာမည့် HTC Windows Phone 8X
HTC Windows Phone 8X ကို စက်တင်ဘာလ ၁၉ ရက်နေ့က ကြေညာ ခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာလအတွင်း ထွက်ရှိမှာ ဖြစ်ပြီး ကြိုးမဲ့ အားသွင်း စနစ် ပါဝင်လာမယ့် သိရပါတယ်။
ယခင် ကြေညာတုန်းက ကြိုးမဲ့အားသွင်း စနစ် (Wireless charging) မပါဝင် ခဲ့ပါဘူး။ ယခုမှ ထွက်ပေါ်လာတဲ့ သတင်း ဖြစ်ပါတယ်။ သို့ပေမယ့် Wireless version မှာပဲ ဖြစ်ပြီး AT&T Version မှာ မဟုတ်ပါဘူး။ နိုကီရာရဲ့  Lumia 920 တုန်းကလိုပဲ ကြိုးမဲ့ စနစ် ပါဝင်လာပြီး လက်ရှိ ရေပန်းစားနေတဲ့ စမတ်ဖုန်းများနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ကင်မရာ 8 megapixel ရှိပြီး ကင်မရာ လုပ်ဆောင်ချက် ကောင်းမွန်မယ့် ဖုန်း ဖြစ်ပါတယ်။ GSM Networkd နဲ့ပဲ compact ဖြစ်တယ်လို့ officially ပြောဆိုထားပါတယ်။
Dimensions : 132.35 x 66.2 x 10.12 mm
Weight : 130 g
Operating system : Windows Phone 8
CPU : 1.5 GHz dual-core Qualcomm Krait
GPU : Qualcomm Adreno 225
Memory : 16 GB internal flash, 1 GB RAM
Removable storage : No
Battery :1800 mAh Li-ion battery
Data inputs : Multi-touch capacitive touchscreen, proximity sensor, ambient light sensor
Display : 4.3" Super LCD 2 , 1280 x 720 px at 342 ppi
Rear camera : 8.0 Megapixel
Front camera : 2.1 Megapixel
Connectivity : Bluetooth 2.1+EDR, NFC
----
Ref: HTC
Aung Kham (TSJ team)
၃၅၀ ဒေါ်လာတန် HTC One SV
ဗြိတိန်မှာ ယခုမှ စတင်မိတ်ဆက်ပြီး မကြာမီ ကမ္ဘာ့ဈေးကွက်ကို ရောက်ရှိ တော့မယ့် HTC ရဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။
Mid range ဖြစ်တဲ့အတွက် အခြား high class ဖုန်းများလောက်တော့ specifiction သိပ်မမြင့်ပါဘူး။
- Andorid 4.0.4 Ice Cream Sandwich OS ကို အသုံးပြု ထားပါတယ်။
- Internal Memory 8 GB ပါရှိပြီး micro SD ကဒ်နဲ့ 32 GB ထပ်ဆိုက် နိုင်ပါသေးတယ်။
- ကင်မရာ 5 megapixel - 1080p HD ဗီဒီယိုရိုက်ကူးနိုင်ပြီး f/2.0 lens ပါဝင်ပါတယ်။ ရှေ့ မှာတော့ 1.2 megapixel ရှိပါတယ်။
- HTC ရဲ့  ကောင်းကွက်တစ်ခုက အော်ဒီယို ဖြစ်ပြီး beat studio နဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
- 1.6GHz Qualcomm Snapdragon dual-core processor ကို အသုံးပြု ထားပါတယ်။
- ၄.၃ လက်မ Super LCD 2 မျက်နှာပြင်ကို အသုံးပြု ထားပါတယ်။
- Bluetooth 4.0, Wi-Fi ပါရှိပြီး NFC ပါတဲ့ စမတ်ဖုန်း အမျိုးအစား ဖြစ် ပါတယ်။
- ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၃၅၀ ဆိုတော့ မြန်မာပြည်မှာ ၃ သိန်းကျော် ဝန်းကျင် ပေါက်ဈေးရှိမယ့် ဖုန်း ဖြစ်ပါတယ်။ ကမ္ဘာမှာလည်း မကြာမီ ဖြန့်ချိတော့မှာ ဖြစ်သလို မြန်မာပြည်ကိုလည်း မကြာမှီ ရောက်လာနိုင်တော့မယ့် ဖုန်း ဖြစ်ကြောင်း သိရပါတယ်။
--
Ref: gadgetian
Aung Kham (TSJ team)
LG တို့ Windows 8 ဖုန်းအတွက် ပြင်ဆင်နေ

ကိုရီးယား တိုမ်း သတင်းဌာနမှ ထုတ်ပြန်တဲ့ သတင်း ဖြစ်ပါတယ်။ LG အနေ နဲ့ Windows Phone 8 OS သုံး စမတ်ဖုန်းအတွက် ပြင်ဆင်နေပြီး လာမယ့် Mobile World Congress မှာ ဝင်ရောက်ပြသမယ်လို့ ဆိုပါတယ်။
ပုံမှာ ပြထားတာကတော့ LG က ပထမဆုံး ထုတ်လုပ်တဲ့ Windows Phone 7 OS သုံး စမတ်ဖုန်း ဖြစ်ပြီး သူ့ခေတ်သူ့ခါမှာ လူကြိုက်များ ဖုန်း ဖြစ်ခဲ့ပါ တယ်။ ယခု WP 8 ကတော့ ၅.၅ လက်မ အရွယ် LG touch screen စမတ် ဖုန်းတွေမှာ အသုံးပြုမှာ ဖြစ်ပါတယ်။
လက်ရှိ CES မှာလည်း နည်းပညာသစ်သုံး အီလက်ထရောနစ်ပစ္စည်း များ ပြသနေသလို ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress အတွက်လည်း Windows Phone 8 OS သုံး စမတ်ဖုန်းများ ပြသ ရန် သေချာနေတယ်လို့ Korea Time မှ ပြောဆိုထား ကြောင်း သိရပါတယ်။
--
Ref: cnet
Aung Kham (TSJ team)
Monday, January 14, 2013
Advanced SystemCare Free 6 - 6.1.9.214
ဒီကောင်လေးက Advanced SystemCare
နောက်ဆုံးထွက်လာတဲ့ Free ပေးသုံးတဲ့ ကောင်လေးပါ..။ အရင်တုန်းက
တင်ပေးထားတဲ့ Advanced SystemCare လင့်တွေပျက်ကုန်တဲ့အတွက် Cbox နဲ့
Comment တွေမှာ ခဏခဏပြန်တင်ပေးဖို့ တောင်းထားလို့ ဒီကောင်လေးကို Update
အသစ်ထွက်ထွက်ချင်း တင်ပေးလိုက်ပါတယ်..။ ကွန်ပျူတာနဲ့ Browser တွေကို
သွက်လက်မြန်ဆန်စေတဲ့ ဆော့ဝဲလ်ကောင်းလေးတခုပါပဲ..။ အသုံးပြုနည်းတွေကို
အရင်ပိုစ့်တွေမှာလည်း လုပ်ပြထားသလို
အခုဒီပိုစ့်မှာလည်း ပြန်လည်လုပ်ပြပေးထားပါတယ်..။ အသုံးပြုရတာ လွယ်တဲ့အတွက်
တခေါက်ကြည့်တာနဲ့ မှတ်မိသွားပါလိမ့်မယ်..။ ဒီကောင်လေးကို
အသုံးပြုပြီးတဲ့အခါတိုင်း မိမိတို့ရဲ့စက်ကို Restart ချပေးပြီးမှ
ကွန်ပျူတာကို ဆက်သုံးပါ..။ လိုအပ်တဲ့သူများကတော့
အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 20.4 MB ရှိပါတယ်..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..။
ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ Uninstaller တူးလေးတခုပါ အပိုပါလာ
ပါလိမ့်မယ်..။ မိမိတို့စက်ထဲက အသုံးမလိုတော့တဲ့ ဆော့ဝဲလ်တွေ
တူးတွေကို ပြန်ထုတ်ပစ်ချင်တဲ့အခါ ဒီ Uninstaller တူးကို
အသုံးပြုပြီး ပြန်ထုတ်ပစ်လို့ ရပါတယ်..။
Install လုပ်ပြီးသွားတဲ့ အခါမှာတော့ အောက်ကပုံတွေအတိုင်း လုပ်သွားပါတယ်..။ မောက်စ်မျှားပြထားတဲ့ နေရာတွေကို နှိပ်သွားလိုက်ပါ..။
မောက်စ်မျှားပြထားတဲ့ နေရာတွေကို နှိပ်သွားလိုက်ပါ..။
Scan စစ်တဲ့နေရာမှာတော့ Automatically Repair နေရာမှာ အမှန်ခြစ်လေး ပေးပြီးမှ Scan စစ်ပါ..။ အောက်ပုံ.
Repair Finished စာသားနဲ့ အားလုံးပြီးသွားလို့ အမှန်ခြစ်တွေ ပေါ်လာရင်တော့
ဒီကောင်လေးကို ပိတ်ပြီး စက်ကို Restart ချပေးလိုက်ပါ..။
စက်ပြန်တက်လာရင်တော့ အရင်ကထက် ပိုမိုသွက်လက်မြန်ဆန် နေပါလိမ့်မယ်..။