harp မှ ပုံမှန်မှာ ယူနေတဲ့ iPhone 5 LCD Panel ကို Apple မှ လျော့ လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဆိုလိုရင်းကတော့ iPhone 5 ထုတ်လုပ်မှုအား လျော့ချ လိုက်ခြင်း ဖြစ် ပါတယ်။
လက်ရှိမှာ အများစုက iPhone 5 ဝယ်ဖို့ထက် လာမယ့် iPhone မော်ဒယ်
အသစ်များကိုပဲ စောင့်ဆိုင်းနေခြင်း ဖြစ်ပါတယ်။ ထွက်ရှိတဲ့ အချိန်နဲ့
သိပ်မကွာပဲ နောက်ထပ် iPhone မော်ဒယ် အသစ် သတင်း ထွက်တော့ iPhone 5
ဝယ်လိုအား အနည်းငယ် လျော့နည်း သွားခြင်း ဖြစ်ပါတယ်။
ဒါကြောင့် iPhone 5 ထုတ်လုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းမှာယူမှုဟာ အရင်က
လောကက် မများတော့ပဲ တရုတ်ပြည်က Foxcom စက်ရုံမှာလည်း ထုတ်လုပ်မှု အရေအတွက်
လျော့ချလိုက်ကြောင်း သိရပါတယ်။
----
Ref: reuters
Aung Kham (TSJ team)
No comments:
Post a Comment