လေရူးသုန်သုန်
LATEST AND UPDATE NEWS FOR ALL
Tuesday, January 29, 2013
ဈေးကြီး ဒီဇိုင်းလှ အီတလီပြိုင်ကား Enzo Ferrari
Enzo Ferrari ကိုအစီးရေ ၄၀၀ သာထုတ်လုပ်ပြီး ၃၉၉ စီးသာရောင်းချခဲ့ပါတယ်။ အမှန်တော့ ၃၄၉ စီးသာ ရောင်းချပြီး customer တွေရဲ့တောင်းဆိုချက်ကြောင့် အစီး ၅၀ ထပ်မံထုတ်လုပ်ခဲ့ရပါတယ်။
၂၀၀၂ခုနှစ်ကနေ ၂၀၀၄ခုနှစ်အထိထုတ်လုပ်ခဲ့ပြီး အမေရိကန် ကားမဂ္ဂဇင်းတစ်ခုရဲ့၂၀၀၀ ခုနှစ်နောက်ပိုင်း ကမ္ဘာ့အကောင်းဆုံး ပြိုင်ကား ၁၀၀ စာရင်းမှာ ထိပ်ဆုံးရပ် တည်ခဲ့ပါတယ်။ ပြီးတော့လည်း ယနေ့အချိန်ထိ ကမ္ဘာ့ဈေး အကြီးဆုံး ပြိုင်ကား ၁၀ စီးစာရင်းထဲမှာ နံပါတ် ၇ ရပ်တည်နေတဲ့ ပြိုင်ကားဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာ ၆ သိန်း ၇သောင်းနဲ့ ရောင်းချ ခဲ့ပြီး လေလံပွဲတွေမှာ အမေရိကန်ဒေါ်လာ တစ်သန်းမက တန်ဖိုးပေးဝယ်နေတဲ့ ကားလည်း ဖြစ်ပါတယ်။
၆ လီတာ၊ ဆလင်ဒါ ၁၂ လုံး Vအင်ဂျင်အမျိုးအစားကို အသုံးပြုပြီး ဖော်မြူလာဝမ်းကာတွေမှာ အသုံးပြုတဲ့ semi automatic ဂီယာဘောက် ၆ ချက်ထိုးအမျိုးအစားကို အသုံးပြုပါတယ်။ ဖော်မြူလာဝမ်းပြိုင်ကားတွေမှာတောင် ခွင့်မပြုထားတဲ့ နည်းပညာများ ဖြစ်တဲ့ အကွေ့မှာ အရှိန် ထိန်းတဲ့ နောက်ဘက်တောင်ပံခေါ် Aerodynmaic ,traction control တို့ပါဝင်ပါတယ်။ F1 ကားများရဲ့ လျှပ်စစ်ဟိုက် ဒရောလစ် transmission နဲ့ ကာဘွန်ဖိုက်ဘာဖုံး ဆီလီကွန် ဘာဘိုက်သား ကြွေ ဘရိတ်ဝိုင်း တို့ကို ပေါင်းစပ်ထား ပါ တယ်။
စတီယာရင်ဝီးကို LED မီးနဲ့ ထိန်းချုပ်ပြီး ဒရိုင်ဘာကို ဂီယာချိန်းဖို့အတွက် အချက်ပေးနေမှာ ဖြစ်ပါတယ်။ top speed တစ်နာရီ ၂၂၁ မိုင်အထိပြေးပြီး၊ ဆီတစ်ဂါလံ မြို့ တွင်း ၁၂မိုင်နဲ့ ဟိုင်းဝေး ၁၈ မိုင်အထိမောင်းနှင်နိုင်ပါတယ်
Enzo Ferrari ကို အီတလီထုတ်မှန်ပေမယ့် ကားဒီဇိုင်း ကိုတော့ ဂျပန်အခြေဆိုက် ကားဒီဇိုင်းကုမ္မဏီ Pininfarina မှ ရေးဆွဲပေးခဲ့တာဖြစ်ပါတယ်။ Ferrari ထုတ်သမျှကားတွေ ထဲမှာ Performance အမြင့်ဆုံးကားဖြစ်တဲ့အတွက် သူ့ကို Ferrari ကုမ္မဏီတည်ထောင်သူ ဖခင်ကြီး အီတလီ ပြိုင် ကားမောင်း ချန်ပီယံ Enzo Ferrari ရဲ့နာမည်ကို အသုံးပြု လိုက်တာဖြစ်ပါတယ်။
ဒီဇိုင်းအားဖြင့်လှပြီး ယနေ့တိုင် လူကြိုက်များလျက် ရှိသေး တဲ့ Enzo Ferrari ကို လေလံဈေးကွက်မှာ အမေရိကန်ဒေါ်လာ တစ်သန်းနဲ့အထက်မှာသာ ဝယ်ယူလို့ ရတော့မှာ ဖြစ်ပါတယ်။
Ref:Ferrari
Aung Kham (TSJ team)
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment