0
Yahoo တို့ Tumblr ကို ဝယ်လိုက်ပြီ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁.၁ ဘီလျံ အကုန်ကျခံပြီး ဝယ်ယူလိုက်တဲ့ Tumblr မှာ ခန့်အပ်မယ့် စီအီးအို ကလည်းအခြားမဟုတ်ပါဘူး။ Tumblr ကို ရောင်းလိုက်တဲ့ ပိုင်ရှင် David Karp ကိုပဲ ပြန်လည် ခန့်အပ်ခဲ့ခြင်း ဖြစ်ပါတယ်။


ယင်သို့ ခန့်အပ်ခြင်းကို ကမ္ဘာကို အံ့သြသွားစေခဲ့ပါတယ်။ ငါးကြင်းဆီနဲ့ ငါးကြင်း ပြန်ကြော်သလို ဖြစ်နေတဲ့ ယခု ကိစ္စအတွက် ဝမ်းမြောက်သူများ ကတော့ Tumblr အဖွဲ့သားများ ဖြစ်ပါတယ်။ David Karp ဟာ Tumblr ကို တည်ထောင်သူ အသက် ၂၇ နှစ်သာ ရှိသေးတဲ့ လူငယ် တစ်ဦး ဖြစ်ပါတယ်။  ကမ္ဘာ မှာ အသုံးပြုသူ အရေအတွက် များပြားလာအောင် Tumblr ကို ဖန်တီးပေးနိုင် သူ ဖြစ်ပြီး microblogging မှာ ထိပ်တန်း ရပ်တည်နေတဲ့ ဝဘ်ဆိုဒ် ဖြစ်ပါတယ်။ Tumblr က Facebook တို့နဲ့လည်း သိပ်မဆင် ပါဘူး။ ဓာတ်ပုံကို အဓိက ထား Share တဲ့ Social Network တစ်ခုပြီး Blog သဘောမျိုး ဖန်တီးဖို့ UI ပေးထားတဲ့ ဆိုဒ် ဖြစ်ပါတယ်။

နှစ်စဉ် ဝင်ငွေမြင့်တက်နေတဲ့ Tumblr ရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၈၀၀ အထက်မှာ ရှိနေပြီး Youtube က ဈေးတင် ဝယ်ယူခဲ့ခြင်း ဖြစ် ပါတယ်။ ပြီးတော့ စီအီးအို David Karp ကိုပဲ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၀ သန်းနဲ့ လေးနှစ်စာချုပ်ချုပ်ဆိုထားပြီး Tumblr ရှယ်ယာ ၄၁ သန်းကိုလည်း လွဲပေးလိုက်ပါတယ်။ David Karp အတွက် အရှုံးလုံးဝ မရှိပါဘူး။

Tumblr ကို သူ့စိတ်ကြိုက် ဆက် run နိုင်တဲ့အပြင် ကမ္ဘာ့ လစာအများဆုံး စီးအီးအို စာရင်းထဲမှာတောင် ပါဝင်လာဖွယ် ရှိပါတယ်။ ဒါကြောင့် Tumblr ကို လက်ရှိအချိန်ထိ ပိုမိုအောင်မြင်သွားရန် ကြိုးပမ်းသွားမယ်လို့ David Karp မှ တရားဝင် ပြောဆိုခဲ့ကြောင်း သိရပါတယ်။
.
Ref: mashable

Post a Comment

 
Top