ယခု Nokia ကလည်း Phablet ဈေးကွက်တည်းကို ဝင်ရောက်ဖို့ စတင် ပြင် ဆင်နေပြီ ဖြစ်ပါတယ်။ 1080 p အရည်အသွေးရှိ မျက်နှာပြင်ကို အသုံးပြုပြီး quad-core processor နဲ့ မြင်တွေ့ရမယ်လို့ ဆိုပါတယ်။ နောက်ဆုံး rumor တစ်ခုကတော့ ယင်းဖုန်းကို စက်တင်ဘာလ ၂၆ ရက်နေ့မှ ထုတ်ဖော်ပြသ မယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အရွယ်အစားကလည်း ၅ လက်မ ထက်ကြီးမယ်ဆိုတဲ့အချက် သေချာကြောင်း ပြောဆို နေကြ ပါတယ်။ My Nokia Blog ကတော့ Phablet ထွက်ရှိမယ်ဆိုတဲ့ အစီအစဉ်ကိုပဲ ရေး သားထားပြီး ထွက်ရှိမယ့် နေ့ကို ပြောမပြထားပါဘူး။
Windows Phone 8 OS နဲ့မြင်တွေ့ရမယ့် ကမ္ဘာ့ပထမဆုံး Phablet ဆိုရင် လည်း မမှားပါဘူး။ Android, iOS တို့ အသုံးပြုရတဲ့ ခံစားချက်မျိုးနဲ့ မတူမှာတော့ ကြိမ်းသေပါတယ်။ အရွယ်အစားကြီးသလို ကင်မရာ လည်း ကောင်းမွန်မယ့် Tablet အမျိုးအစား ဖြစ်ဖို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)

Post a Comment