0
ရန်ကုန်မြို့၌ ဟိုတယ်တည်ဆောက်ရေး၊ အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ စသည့် ဆောက်လုပ်ရေး လုပ်ငန်းများ၌ နည်းပညာ ပူးပေါင်းလုပ်ကိုင်ရန် အတွက် ဂျပန်၊ ဗီယက်နမ် စသည့် နိုင်ငံများနှင့် မကြာမီ MoU ရေးထိုးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသာဌေးက ပြောကြားသည်။


''ဒီမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ဘာတွေလုပ်ရင် ကောင်းမလဲဆိုပြီး မကြာသေးမီက ဂျပန်ဆောက်လုပ်ရေး လုပ်ငန်းရှင် အသင်းက တာဝန်ရှိသူတွေ၊ ဗီယက်နမ်က လုပ်ငန်းရှင်တွေ လာဆွေးနွေး သွားကြတယ်။ ကျွန်တော်တို့နဲ့ ဘာတွေပူးပေါင်း ဆောင်ရွက်မယ် ဆိုတာ ဆွေးနွေးတော့ ပြီးသွားပါပြီ။ မကြာမီ MoU ရေးထိုးတော့မှာပါ။ ဗီယက်နမ်က လုပ်ငန်းရှင်တွေက သူတို့ဆီကို လာလေ့လာဖို့လည်း ကျွန်တော်တို့ကို ဖိတ်ခေါ်ထားပါတယ်'' ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၊ ဥက္ကဋ္ဌ ဦးသာဌေးက ပြောကြားသည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းအနေဖြင့် ကိုရီးယား ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းနှင့် နည်းပညာများ ပူးပေါင်းဆောင်ရွက်ရန် အတွက် ၂၀၁၃ ခုနှစ် ဇွန်လဆန်း အတွင်းက တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် MoU ရေးထိုးခဲ့ကြောင်း သိရသည်။


Ref : EMG

Post a Comment

 
Top