computer
တွေတစ်လုံးနဲ့တစ်လုံး network ချိတ်တဲ့နေရာမှာ protocol တစ်ခု
မဖြစ်မနေသုံးဖို့လိုအပ်ပါတယ်။ အဲဒီ
protocol ဆိုတာ လွယ်လွယ်ပြောရင်တော့ ဘာသာစကား လိုပါဘဲ။
ကျွန်တော်တို့
လူတွေမှာလည်းဘာသာ စကားတွေအမျိုးမျိုးရှိသလိုIPတွေမှာလဲProtocol
တွေလဲ အမျိုးမျိုး ရှိပါတယ်။
ဒါပေမယ့်Internet
ကိုချိတ်မယ်ဆိုတဲ့ computer
တိုင်းဟာတော့ TCP/IP ဆိုတဲ့protocol ကိုမဖြစ်မနေ
သုံးဖို့လိုပါတယ်။ TCP/IP
protocol သုံးတဲ့ computer တိုင်းဟာလည်း IP address
တစ်ခုမဖြစ်မနေသက်မှတ်ဖို့လိုပါတယ်။ IP
address မှာ Version4နဲ့Version6ဆိုပြီးနှစ်မျိုးရှိပါတယ်။V4က32bits
နဲ့အလုပ်လုပ်ပြီးV6ကတော့ 128bitsနဲ့အလုပ်လုပ်ပါတယ်။ယခု
လက်ရှိအများစုက V4 ကို အသုံးပြုနေပါတယ်။
V4 IP
address မှာ Class လေးခုရှိပါတယ်။
A, B, C, D, နဲ့ E ပါ။Class A, B, C ကကျွန်တော်တို့
နဲ့ ရင်းနှီးပြီး
အသုံးများပါတယ်။
( ဒီ
class A, B, C သုံးခုထဲက address ရယူ အသုံးပြုထားတဲ့ machine တွေကြားမှာ
အပြန်အလှန်ကြိုက်သလို
ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်)Class
D က Multicast address ဖြစ်ပါတယ် ။
(
multicast ဆိုတာ က သတ်မှတ်ထားတဲ့ အစုအဖွဲ့တစ်ခုအတွင်းမှာသာ အပြန်အလှန်ဆက်သွယ်နိုင်တဲ့
address မျိုးပါ
ဥပမာ -Class D address ရဲ့ Group1 မှာ computer 5 လုံး၊
Group 2 မှာ computer 5 လုံး၊
ချိတ်ထားတယ်ဆိုရင်
Group1 ထဲက computer အချင်းချင်း၊ Group2
ထဲက
computer အချင်းချင်း၊ပဲဆက်သွယ်နိုင်ပါတယ် Group1 က
computer နဲ့ Group 2 က computer ချိတ်ဆက်ပြီးအသုံးပြုလို့မရနိုင်ပါဘူး ။)
Class E ကတော့
သုတေသန ပြုလုပ်နိုင်ဖို့ reserved အတွက်ထားရှိပါတယ်၊ အသုံးမပြုပါဘူး။
အဲဒီတော့
ကျွန်တော်တို့ Class A, B, C အကြောင်းကို ဆက်လေ့လာပါမယ် Network
Address, Host Address
IP
address တစ်ခုတိုင်းမှာ Network Address နဲ့ Host Address ဆိုပြီးတော့
အပိုင်းနှစ်ပိုင်းပါပါတယ်။Network
Address ဆိုတာ Hostတွေကိုပေါင်းစည်းထားတဲ့
addressအစုအဝေးတစ်ခုဖြစ်ပြီး၊HostAddressဆိုတာတော့ Networkထဲမှာပါဝင်တဲ့အစိတ်အပိုင်းတစ်ခုပါ။IP
address ဒီလို အလုပ်လုပ်တယ် IPV4မှာ32bitsနဲအလုပ်လုပ်တယ်ဆိုတာကျွန်တော်ဆွေးနွေးပြီးပါပြီ။အဲဒီ
32bitsကို8bitsစီ၊8bitsစီအပိုင်းလေးပိုင်းခွဲပြီးအလုပ်လုပ်ပါတယ်။တကယ်
တမ်း bits တွေနဲ့အလုပ်လုပ်တာဖြစ်ပေမယ့်
သက်မှတ်တဲ့နေရာမှာဘဲဖြစ်၊ ဖြစ်ရေးသားဖေါ်ပြတဲ့နေရာမှာဘဲဖြစ်ဖြစ်
Dot-decimalစနစ်နဲ့ ရေးသားဖေါ်ပြပါတယ်။
( ဥပမာ-
192.168.1 .100) တစ်ပိုင်းစီဟာ
8bits ကို ကိုစားပြုပြီး တစ်ပိုင်း နဲ့ တစ်ပိုင်းကြားမှာ dot(.) လေးတွေခံရေးပါတယ်
။8bits ပါဝင်တဲ့ အစုအဝေးတစ်ခုကို
octet လို့ခေါ်ပါတယ်။
ဒါကြောင့်
IP Address တစ်ခုမှာ octect လေးခုပါဝင်ပါတယ်။ IP
address ကြည့်ရုံနဲ့ Class တွေလယ်လိုခွဲမလဲ
IP
address တစ်ခုကိုကြည့်လိုက်တာနဲ့ Class A လား B လား C လား ဆိုတာကို IP
address ရဲ့ ပထမဆုံးအပိုင်း
( first
octect ) ကိုကြည့်ပြီးခွဲနိုင်ပါတယ်။
Class
1st octect range
A 1 to
126
B 128 to
191
C 192 to
223
ဥပမာ-
10.10.152.1
Class A
172.16.10.1
Class B
192.168.2.1
Class C
ဆိုတာကို
ရှေ့ဆုံး အပိုင်းကိုကြည့်ရုံနဲ့ အလွယ်တကူခွဲနိုင်ပါတယ်။
Local
Machine Address
အပေါ်က IP
address range ထဲမှာ 127 ဆိုတာကို မတွေ့ ရပါဘူး။
အဲဒီ 127တစ်
ပိုင်းလုံးကိုအသုံးမပြုဘဲ ချန်ထားခဲ့ပါတယ်။ အဲဒါကို loop-back address လို့
ခေါ်ပါတယ်။အဲဒီထဲကမှ
127.0.0.1 ကို local machine address အဖြစ်သုံးပါတယ်။
local
machine address ဆိုတာ
computer
နဲ့ သက်ဆိုင်တဲ့၎င်းတို့ကို ကိုယ်စားပြုတဲ့ address ပါ။
ဘာနဲ့ သဘောတရားချင်းတူလဲဆိုတော့
လူနာမည်တွေလိုပါဘဲ -
လူတိုင်းကိုယ်စီမှာ
ကွဲပြားခြားနားတဲ့ နာမည်တွေရှိပါတယ်၊
ဒါပေမယ့်
ဆက်သွယ်မှုတွေပြုလုပ်လို့
(စကားပြောခြင်း)
ကိုယ့်ကိုကို ကိုယ်စားပြုတဲ့အခါ နာမည်ထက် ငါ၊ကျွန်တော်
စတဲ့ နာမ်စားတစ်ခုနဲ့
ကိုစားပြုကြပါတယ်။
အင်္ဂလိပ်လိုဆိုရင်တော့ ( I ) ပေါ့။TCP/IP protocol
သုံးပြီး
Network ချိတ်တဲ့
computer
တိုင်း မှာလည်း မတူညီတဲ့ IP address တစ်ခုချင်းစီရှိ ကြပေမယ့်
ကိုယ့်
computer ကို
ကိုယ်စားပြုတဲ့
အခါ 127.0.0.1 ဆိုတဲ့ Local machine address နဲ့ကိုစားပြုပါတယ်။
အလွယ်ပြောရင်တော
့
computer I ပေါ့။ဒီ address လေးသုံးပြီး ကိုယ့် computer က network ပေါ်မှာ
အလုပ်လုပ်နိုင်
မလုပ်နိုင်၊
NIC card
အလုပ်လုပ် မလုပ် စတာတွေကို စမ်းသပ်နိုင်ပါတယ်။
ကျွန်တော် network အကြောင်းကိုလေ့လာနေဆဲ လူတစ်ယောက်အနေနဲ့ ကျွန်တော် IP address အကြောင်းကိုလေ့လာရင်း တွေ့လို့ ပြန်လည် မျှဝေလိုက်ရခြင်းဖြစ်ပါတယ်ဗျာ။
အားလုံးအဆင်ပြေကြပါစေဗျာ။
Aung Ko Htet (IT studier)

Post a Comment