ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက်ရန် ကိုရီးယားနိုင်ငံမှ
(Incheon Airport Consortium) ရွေးချယ်ခံရကြောင်း သတင်းရရှိသည်။
အရံကုမ္ပဏီအဖြစ် စင်ကာပူနိုင်ငံမှ့ Yong nam-CAPE-JGC Consortium အား
ရွေးချယ်ထားကြောင်း သိရသည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက်ရန် နိုင်ငံတကာမှ
လေဆိပ်တည်ဆောက်ရေး ကုမ္ပဏီများအား တင်ဒါခေါ်ယူခဲ့ပြီး၊ နောက်ဆုံးအဆင့်
တင်ဒါအောင်မြင်သည့် ကုမ္ပဏီခုနစ်ခု အနက်မှ Incheon Airport Consortium
ကုမ္ပဏီအား နောက်ဆုံးအဆင့် အပြီးသတ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ယခုရွေးချယ်ခံရသည့် Incheon Airport Consortium သည် Incheon Airport
ဦးဆောင်သည့် ကုမ္ပဏီ အဖွဲ့အစည်းလေးခု စုပေါင်းတည်ထောင်ထားသည့် ကုမ္ပဏီ
အဖွဲ့အစည်း တစ်ခုဖြစ်သည်။ Incheon Airport Consortium တွင် Hyundai
Engineering Construction၊ Kumho Kumho Industrial Co.,ltd၊ Halla
Engineering and Constructio နှင့် Daewoo International Corporation တို့
ပါဝင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား တည်ဆောက်ရာတွင်
အဆင့်သုံးဆင့် ခွဲခြားသတ်မှတ်ထားပြီး ပထမအဆင့်တွင် ပေ ၁၂၀၀၀ ရှိ
ပြေးလမ်းတစ်ခု၊ ခရီးသည် ၁၂ သန်း အသုံးပြုနိုင်မည့် လေဆိပ် အဆောက်အအုံနှင့်
လေဆိပ် facilities များ၊ ဒုတိယအဆင့်တွင် ခရီးသည် ၁၅ သန်း အသုံးပြုနိုင်မည့်
လေဆိပ် အဆောက်အုံနှင့် လေဆိပ် facilities များ၊ တတိယအဆင့် အနေဖြင့်
နောက်ထပ် ၁၀ နှစ် ကြာမြင့်ချိန်တွင် ခရီးသည် ၀င်ထွက်မှု ၂၅ သန်းအထိ
တိုးတက်လာခဲ့ပါက ပြေးလမ်းနှင့် လေဆိပ်အဆောက်အုံများ ထပ်မံတိုးချဲ့
ဆောက်လုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
Incheon Airport Consortium ကုမ္ပဏီအနေဖြင့် လေဆိပ်တည်ဆောက်ရေး
လုပ်ငန်းစဉ်များအား စတင်ဆောက် လုပ် သည့် သတ်မှတ်ကာလမှ သုံးနှစ်ခွဲအတွင်း
အပြီးတည်ဆောက်ရန် လျာထားပြီး ၂၀၁၈ ခုနှစ် ဇန်န၀ါရီလတွင် စတင်အသုံးပြုနိုင်
ရန် စီစဉ်ထားကြောင်း သိရသည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်မည့် မြေနေရာသည်
ရန်ကုန်မြို့မှ မိုင် ၅၀ ကွာဝေးပြီး ပဲခူးမြို့၏ အနောက်ဘက်
နှစ်မိုင်အကွာတွင် တည်ရှိသည်။ ယင်းမြေနေရာသည် ဒုတိယ ကမ္ဘာစစ်အတွင်းက
ဂျပန်စစ်လေယာဉ်များ ပျံသန်းဆင်းသက် အသုံးပြုရန် တည်ဆောက်ခဲ့သည့်
လေယာဉ်ကွင်းဟောင်း နေရာတစ်ခု ဖြစ်သည်။
First Eleven Media Group
Home
»
မြန်မာ့သတင်း
» ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက်ရန် ကိုရီးယားနိုင်ငံမှ Incheon Airport Consortium ရွေးချယ်ခံရ
Subscribe to:
Post Comments (Atom)
Post a Comment