0
ရန်ကုန်  သြဂုတ်   ၁ဝ
 ရန်ကုန် ကားဈေးကွက် အတွင်းရှိ ကားဝယ်ယူသူ များသည် မော်ဒယ်လ်မြင့်သော ကားများကို နံပါတ်အနီဖြင့် တင်သွင်း လာကြပြီး ကိုယ်ပိုင်ယာဉ်များ အဖြစ် စီးနင်း လာမှု ပိုမို လာကြောင်းရန်ကုန်မြို့ မော်တော်ယာဉ် ဈေးကွက် အတွင်းမှ သိရသည်။

ရန်ကုန်မြို့ရှိ ကားဝယ်ရောင်း များက ဈေးနှုန်း သက်သာသော နံပါတ် အနီ မော်တော်ယာဉ် များကို ဝယ်ယူ တင်သွင်းမှု များလာ ခြင်းကြောင့် ဈေးကွက် ဝယ်လိုအားမှာ ပိုမို များပြား လာကြောင်း သိရသည်။ ယင်း မော်တော်ယာဉ် များမှာ ပြည်တွင်းရှိ    လူလတ်တန်းစား များ၏ အကြိုက်ကို လိုက်ပြီး အမြင့်ကား များကို ဝယ်ယူ တင်သွင်း ရောင်းချ လာခြင်း ဖြစ်ကြောင်း   ကား ဝယ်ရောင်း တစ်ဦးက ပြောကြား ခဲ့သည်။
အဆိုပါ နံပါတ်အနီများ တင်သွင်းခြင်းမှာ  အနီစလစ် ဈေးချိုသာခြင်းနှင့် အခွန် တစ်ဝက်ခန့် သက်သာခြင်းများ ရှိသောကြောင့် ကားဝယ်သူ များကို ပိုမို ဆွဲဆောင် နိုင်ကြောင်း သိရသည်။
လောလောဆယ် နံပါတ်အနီတိုင်း၌ တံဆိပ်ပြာ တပ်ဆင် ပြေးဆွဲရန် မလိုသေး သောကြောင့် ကိုယ်ပိုင်ယာဉ် အဖြစ်ဝယ်ယူ စီးနင်းမှု များပြား လာခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန် မော်တော်ယာဉ် ဈေးကွက်တွင် နံပါတ် အနီများ ဖြစ်သော ရွှေငါးနှင့် နောက်ပိုင်း တင်သွင်း လာသော ကိုရီးယား အမြင့် ကားများမှာ ဈေးနှုန်း ချိုသာစွာဖြင့် ဈေးကွက် အတွင်း ဝယ်ယူ ရရှိ နေကြောင်း သိရသည်။ ယခုအခါ ဈေးကွက် အတွင်းတွင် မော်ဒယ်လ်မြင့် နံပါတ် အနီ ကိုရီးယား ကား တစ်စီးမှာ ငွေကျပ် သိန်း ၃ဝဝ ခန့် ဈေးပေါက် နေကြောင်း သိရသည်။

မြ၀တီ

Post a Comment

 
Top