0
ဒီနည်းက လူတော်တော်များများအတွက် အသုံးမ၀င်ရင်တောင် လူတချို့အတွက်တော့
 တော်တော် အသုံးဝင်မယ် ထင်လို့ တင်ပေးလိုက်တာပါ။ ကျွန်တော် ဒီည windows server 2012 နဲ့ ပတ်သက်လို့ အွန်လိုင်းမှာ ဟိုလေ့လာ ဒီလေ့လာ လျှောက်ကြည့်ရင်းနဲ့ စိတ်ကူးရလို့ တင်ပေးလိုက်တာပါ။ 
ဘာဖြစ်လို့လဲ ဆိုတော့ ရှိသမျှစာတွေသာတစ်ထိုင်တည်းဖတ်ရမယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ။ 
ဒီတစ်ခုတည်းနဲ့တည်း တခြားဘာမှ လုပ်လို့ မရတော့ဘူး။ ဖတ်ရတာကလဲ မိခင်ဘာသာ မဟုတ်။ 
အဲဒီတော့ PDF File ပြောင်းပြီး သိမ်းထားမယ်။ အလုပ်အားတဲ့အချိန် ဖြည်းဖြည်းခြင်း လေ့လာပေါ့။ မဟုတ်ဘူးလား။
web page တစ်ခုလုံးကို save လုပ်ပြီး သိမ်းထားလို့ရော မရဘူးလား။ ရပါတယ်။
 ဒါပေမဲ့ File တွေရှုပ်တယ်။ Size ပိုကြီးသွားမယ်။ ပြီးတော့ mobile phone တို့ Tablet တို့လိုမျိုးကနေ ဘယ်လို လေ့လာမလဲ။ အဲဒီတော့ PDF လေးပြောင်းပြီး သိမ်းထားလိုက်တာ ပိုအဆင်ပြေသွားတာပေါ့။
ဆိုလုပ်ကြည့်ရအောင်ဗျာ
ပထမအဆင့်အနေနှင့်- မိမိ PDF ပြောင်းချင်တဲ့ web page ကို ဖွင့်ထားပါ။
ဒုတိယအဆင်ကတော-  http://web2pdfconvert.com/  ကိုသွားလိုက်ပါ။
  အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။
အဆင့်သုံးအနေနဲ့ကတော့ အပေါ်ကပုံမှာ ပြထားတဲ့အတိုင်း အပြာနဲ့ဝိုင်းထားတဲ့ နေရာမှာ မိမိ PDF ပြောင်းလိုတဲ့ web page ကိုထည့်ပြီး Convert to PDF ကို နှိပ်ပါ။ ပြီးရင်အချိန်ခဏလောက် စောင့်ပြီးရင် PDF Successfully Created ဆိုတဲ့ အနီရောင် စာတန်းနဲ့ အတူ Download PDF ဆိုတာလေး ပေါ်လာပါလိမ့်မယ်။ ဒါဆို မိမိ လိုချင်တဲ့ web page ကို PDF File လေးပြောင်းပြီး အချိန်မရွှေး ပြန်လေ့လာလို့ ရသွားပါပြီ။
အဓိကကျနော်ပြောချင်တာကတော့ဒီ www.web2pdfconvert.com ဆိုတဲ့websiteကို မှတ်ထားလိုက်ဖို့ပါပဲခင်ဗျား
 ဒါပေမယ့်-သိပ်လည်းမပျော်လိုက်နှင့်ဦး-ဒီကောင်မှာအားနည်းချက်တစ်ခုရှိသေးတယ်ဗျ-
အဲဒါကဘာလဲဆိုတော့- ဒီနည်းက မြန်မာလို ရေးထားတဲ့ web page တွေကို PDF ပြောင်းတဲ့အခါမှာ အဆင် မပြေပါဘူး။ မြန်မာစာတွေက လေးထောင့်တုံးတွေ ပဲ မြင်ရပါတယ်။ တခြား Language နဲ့ ရေးထားတဲ့ web page တွေကိုတော့ အဆင်ပြေပါတယ် ခင်ဗျာ ။
  http://www.tramyanmar.net/2013/01/web-page-pdf-file.html
ကိုကိုးကားပြီးရေးသားခြင်းပါခင်ဗျား အားလုံးကိုလေးစားလျှက်
 

Post a Comment

 
Top