0
RFA Burmese
မိတ္ထီလာ အဓိကရုဏ်း နောက်ဆုံးရသတင်း
"မိတ္ထီလာမြို့တွင် ဆူပူနေသူများကို ပစ်ခတ်နှိမ်နှင်းဖို့ ပြည်ထဲရေးကခွင့်မပြု"

မတ်လ ၂၁ ရက်နေ့မှစတင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့အထိ မိတ္ထီလာမြို့မှာ ဆူပူအကြမ်းဖက်နေတဲ့ သင်္ကန်းဝတ်ပါ လူအုပ်တွေကို ဥပဒေလုပ်ထုံးလုပ်နည်းအရ ပစ်ခတ်နှိမ်နှင်းဖို့ကို ယခုအချိန်ထိ မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့က အမိန့်ထုတ်ပြန်ခြင်းမရှိသေးဘူးလို့ ယင်းဒေသမှာ လုံခြုံရေး တာဝန်ယူနေတဲ့ ရဲအရာရှိတစ်ဦးက RFA ကို ဒီကနေ့ မနက်က အတည်ပြုပြောကြားပါတယ်။
"သူတို့ကို ဖမ်းလို့မရဘူး၊ပစ်ခတ်လို့မရဘူး။ဘယ်သူမှ ပစ်ခတ်ဖို့ အမိန့်မပေးဘူး။တိတိကျကျ အမိန့်မပေးဘူး"ဟု အဆိုပါရဲအရာရှိက ပြောပါတယ်။
ယမန်နေ့က မတ်လ ၂၁ ရက်နေ့မှာ မင်္ဂလာဇေယျုံနယ်မြေမှာ ဆူပူအကြမ်းဖက်နေတဲ့ လူအုပ်ကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ထိန်းသိမ်းရတာကတော့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အန္တာရာယ်ပြုတဲ့ အတွက် ပစ်ခတ်ထိန်းသိမ်းရတာ ဖြစ်တယ်လို့ ရှင်းလင်းပြောကြားပါတယ်။
ဒီကနေ့ မနက်မှာတော့ မိတ္ထီလာမြို့တွင်းနေရာအနှံ့မှာ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် မီးသတ်တပ်ဖွဲ့တွေနဲ့ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး မီးငြိမ်းသတ်နေရတယ်လို့ သိရပါတယf

သတင်းအပြည့်အစုံနှင့်ဗွီဒီယိုမှတ်တမ်းကိုကြည့်ရန်ဒီနေရာကိုနှိပ်ဖတ်ပါ 

Post a Comment

 
Top