Ferrari FF နှင့် Apple တို့ သဘောတူညီချက်ရယူ
ဘယ်လိုသဘောတူညီချက်လည်း ဆိုတော့ နောက်ထွက်သမျှ Ferrari FF ကားပေါ်တိုင်းမှ iPad mini ကို Entertainment အတွက် အဆင်သင့် တပ်ဆင်ပြီးသား ဖြစ်စေဖို့ ဖြစ်ပါတယ်။ ဒီတော့ ကားဝယ်ရင် Ferrari FF ပေါ်မျာ iPad mini ကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒါတင်မကသေးပါဘူး။ ကားထဲမှာ အသံနဲ့ စေခိုင်းတဲ့ Apple ရဲ့  Siri Voice command ကိုလည်း Integrated လုပ်ပေးထားပါတယ်။ ဒါကြောင့် ကားရဲ့  Entertainment စနစ်၊ GPS, နဲ့ မြေပုံလမ်းပြစနစ်များကို အသံနဲ့ စေခိုင်း ကြည့်ရှု နိုင်မှာ ဖြစ်ပါတယ်။
Ferrari FF ဆိုတာ ၂၀၁၁ ခုနှစ်ကစထုတ်လို့ ၂၀၁၂ မော်ဒယ်နဲ့ ရောင်းချ ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ယခု ၂၀၁၃ မော်ဒယ်နောက်ပိုင်းကားတိုင်းမှာ iPad mini နဲ့ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ယခင် ကားများကို လည်း ပြန်လည်တပ်ဆင်ပေးမယ့် အစီအစဉ် ရှိကြောင်း သိရပါတယ်။
--မူရင်း-
Ref: autoblog
Aung Kham (TSJ team)
Post a Comment