0


ဆရာဝန်ပြေးလာပါတယ်။ မိုးသဲသဲထဲကနေ ရေစိုရွှဲစွာနဲ့ပဲ ခွဲစိတ်ခန်းနားထိ ပြေးလာပါတယ်။ သူနောက်ကျနေလို့ ဖြစ်ပါတယ်။

ရောက်ရောက်ချင်း မိုးကာ အင်္ကျီချွတ်လို့ ခွဲစိတ်ခန်း ဝတ်ဆုံ ဝတ်ဆင်လိုက်ပါတယ်။ ခွဲစိတ်ခန်းဝင်ခါနီးမှာပဲ လူနာရှင် ကလေးငယ်ရဲ့  မိဘ များက ယခုလို လာပြောပါတယ်။

"ခများ ဘာလို့နောက်ကျတာလဲ။ ကလေး သေရင် ကျုပ်တို့ ဘယ်လို ခံစားရမလဲ။ ကိုယ်ချင်းစာတရား လေးထားပါအုံး"

ဆရာဝန်ဟာ အေးဆေးစွာနဲ့ပဲ " ဟုတ်ကဲ့ပါဗျာ။ လောကမှာ ဘယ်အရာမှ အစိုးမရပါဘူး။ စိတ်ကိုယ်သာ အေးဆေးထားပါ။ ခများတို့ သားကို အတတ်နိုင်ဆုံး ကယ်ဆယ်ပေးပါ့မယ်" လို့ မျက်နှာထားချိုသွားစွာနဲ့ပဲ ဖြေပြီး ခွဲစိတ်ခန်း ဝင်လိုက်ပါတယ်။

အချိန်အတော်ကြာ အော်ပရေးရှင်း ဝင်ပြီးနောက် ခွဲခန်းက ပြန်ထွက် လာတော့ ဆရာဝန်က

"
ခများတို့ ကလေး အသက်ရှင်ပါတယ်။ လပိုင်းအတွင်း မူလအနေအထားသို့ ပြန်ရောက်မှာပါ။ အသေးစိတ်ကို သူနာပြုထံ မေးမြန်း နိုင်ပါတယ်" လို့ ပြုံးပြုံးရွှင်ရွှင်ပဲ ဖြေကြားပြီး လှည့်ထွက် သွားပါတယ်။

ဒီတော့ ဆရာဝန်ဘာလို့ ဒီလောက်အေးဆေးနေရလဲဆိုတာ သိချင်လို့ သူနာပြုကို မေးတဲ့အခါ မျက်ရည်အနည်းငယ်ဖြင့် ယခုလို ဖြေကြား ပါတယ်။

"
ဆရာ့ရဲ့  တစ်ဦးတည်းသော သားငယ်လေး ဒီရက်ပိုင်းအတွင်း ကွယ်လွန်
သွားပါတယ်။ ဒီနေ့က ဇာပနလေ။ သားအတွက် အချိန်မပေးနိုင်ခဲ့လို့ အသုဘ မှာတော့ အချိန်ပြည့်ရှိရမယ်လို့ သူဆုံးဖြတ်ချက်ထားတာ။ အခု လူကြီးမင်းတို့ ကလေးငယ်ကလည်း အသက်နဲ့လုပြီး ခွဲစိတ်ကုသပေးရမှာ ဆိုတော့ ဇာပနာ အခမ်းအနား မပြီးသေးပဲ သူပြေးလာတာပါ"

လင်မယားနှစ်ဦး ဘာသံမှ မထွက်နိုင်တော့ပါဘူး။ သူတို့ ပြောခဲ့မိတဲ့ " ကိုယ်ချင်းစာ တရား မရှိဘူးလား" ဆိုတဲ့ စကားလေးကို ပြန် အမှတ်ရရင်း

Post a Comment

 
Top