Eleven Media Group
Updated
(မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)
မတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်
အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်မှ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးဝင်းထိန်က "လက်ရှိအခြေအနေကတော့ မကောင်းသေးပါဘူး။ ရဲတပ်ဖွဲ့ရဲ့ control က
သိပ်ပြီး ထိရောက်မှုမရှိဘူး။ ဒီမနက်မှာပဲ သီရိမင်္ဂလာရပ်ကွက်က လမ်းမပေါ်မှာ
အလောင်းသုံးလောင်းကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ လူအုပ်ကြီးက
တစ်ခုခုဖြစ်လို့ ကျွန်တော်က ၀င်ပြောတော့ ပြောတဲ့သူ ရန်လုပ်ခံရတာပဲ။
ဒီကိစ္စကို ထိထိ ရောက်ရောက် ကိုင်တွယ်ပါလို့ သက်ဆိုင်ရာကို ကျွန်တော်
ပြောထားပါတယ်" ဟု ပြောကြားခဲ့သည်။
.............................................................................................................
မိတ္ထီလာတွင် နည်းပညာ တက္ကသိုလ် ကျောင်းပိတ်လိုက်သော်လည်း စီးပွားရေးတက္ကသိုလ် မှာ မပိတ်ပဲ စာမေးပွဲ ဆက်ဖြေရမည် ဖြစ်သည်။
ကြောက်တာ စိတ်ညစ်တာ အိမ်ပြန်ချင်တာ ညလဲ မအိပ်ရဲကြဘူး အဲတာတွေ ကြောင့် စာလည်း ကျက်မရဘူး။ ဟု အဆောင်နေ ကျောင်းသူ တစ်ဦး မှပြောသည်။
ကိုဝိုင်ဝိုင်ကေ
22-3-13
.................................
RFA Burmese
မိတ္ထီလာ အဓိကရုဏ်း နောက်ဆုံးရသတင်း
"မိတ္ထီလာမြို့တွင် ဆူပူနေသူများကို ပစ်ခတ်နှိမ်နှင်းရန် အမိန့်မထုတ်သေး"
မတ်လ
၂၁ ရက်နေ့မှစတင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့အထိ မိတ္ထီလာမြို့မှာ
ဆူပူအကြမ်းဖက်နေတဲ့ သင်္ကန်းဝတ်ပါ လူအုပ်တွေကို ဥပဒေလုပ်ထုံးလုပ်နည်းအရ
ပစ်ခတ်နှိမ်နှင်းဖို့ကို ယခုအချိန်ထိ မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့က
အမိန့်ထုတ်ပြန်ခြင်းမရှိသေးဘူးလို့ ယင်းဒေသမှာ လုံခြုံရေး တာဝန်ယူနေတဲ့
ရဲအရာရှိတစ်ဦးက RFA ကို ဒီကနေ့ မနက်က အတည်ပြုပြောကြားပါတယ်။
"သူတို့ကို ဖမ်းလို့မရဘူး၊ပစ်ခတ်လို့မရဘူး။ဘယ်သူမှ ပစ်ခတ်ဖို့ အမိန့်မပေးဘူး။တိတိကျကျ အမိန့်မပေးဘူး"ဟု အဆိုပါရဲအရာရှိက ပြောပါတယ်။
ယမန်နေ့က
မတ်လ ၂၁ ရက်နေ့မှာ မင်္ဂလာဇေယျုံနယ်မြေမှာ ဆူပူအကြမ်းဖက်နေတဲ့ လူအုပ်ကို
ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ထိန်းသိမ်းရတာကတော့ နယ်မြေလုံခြုံရေး
ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အန္တာရာယ်ပြုတဲ့ အတွက်
ပစ်ခတ်ထိန်းသိမ်းရတာ ဖြစ်တယ်လို့ ရှင်းလင်းပြောကြားပါတယ်။
ဒီကနေ့
မနက်မှာတော့ မိတ္ထီလာမြို့တွင်းနေရာအနှံ့မှာ မီးလောင်ကျွမ်းမှုတွေ
ဖြစ်ပေါ်နေတဲ့အတွက် မီးသတ်တပ်ဖွဲ့တွေနဲ့ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး
မီးငြိမ်းသတ်နေရတယ်လို့ သိရပါတယ်။
သတင်းအပြည့်အစုံကိုဖတ်ရန်ဒီနေရာကိုနှိပ်ပါ
Subscribe to:
Post Comments (Atom)
Post a Comment