မန္တလေးမြို့တွင် အသစ်တည်ဆောက်မည့် လေးထပ်အဆောက်အဦးတိုင်း၌ ကားပါကင်ထည့်သွင်း ရတော့မည်ဖြစ်ကြောင်း သိရှိရသည်။
မန္တလေးမြို့တွင် တိုက်တာအဆောက်အဦးများအား အထပ်မြင့်တည်ဆောက်လျှင်
ယာဉ်ရပ်နားရန်အတွက် နေရာတစ်ခုကို ၂၀၁၃-၁၄ဘဏ္ဍရေးနှစ်မှစတင်ကာ
ထည့်သွင်းဆောက်လုပ်ရမည်ဖြစ်ကြောင်း မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီမှ
သိရသည်။
ယာဉ်စီးရေတိုးတက်များပြားလာခြင်းနှင့်အတူ
လူနေအိမ်ခြေသိပ်သည်းမှုများဖြစ်ပေါ်လာခြင်း၊ကုန်ပစ္စည်းရောင်း ချသော
ဆိုင်များတိုးတက်များပြားလာခြင်းကြောင့် ယာဉ်ရပ်နားမှု
အခက်အခဲဖြစ်ခြင်းနှင့်လမ်းပေါ်တွင် ယာဉ်ရပ် နားမှုကြောင့်
ယာဉ်ကြောပိတ်ဆို့မှုဖြစ်ခြင်းအား လျော့ချနိုင်ရန်အတွက်
ယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်သည်ဟုသိရ သည်။
`လမ်းပေါ်မှာယာဉ်ရပ်နားမှု
လျှော့ချဖို့အတွက် အဆောက်အအုံတွေမှာ ယာဉ်ရပ်နားတဲ့နေရာထည့်သွင်းရပါမယ်၊
ပြီးတော့ ၂၀၁၃-၁၄ဘဏ္ဍရေးနှစ်အတွင်းမှာ လေးထပ်မြင့် အဆောက်အအုံကစပြီး
အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ရှိပါတယ်´ဟု စည်ပင်သာယာရေးကော်မတီလမ်းတံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Post a Comment