EU ဥရောပသမဂ္ဂရုံး
ဥရောပဈေးကွက်တွေကို မြန်မာနိုင်ငံအနေနဲ့ အခွန်ကင်းလွတ်စွာ၊ ကုန်ပစ္စည်း ပမာဏ အပေါ်သတ်မှတ်တဲ့ ကိုတာ ကင်းလွတ်စွာနဲ့ ကုန်သွယ်နိုင်ရေး၊ ဥရောပသမဂ္ဂက ပြန်ခွင့်ပေးဖို့ ဥရောပပါလီမန် နိုင်ငံတကာ ကုန်သွယ်ရေးကော်မတီက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို အားပေးဖို့
အထူးသဖြင့် အဓမ္မလုပ်အားပေး ပပျောက်အောင် ကြိုးပမ်းမှုတွေကို
အားပေးဖို့အတွက် ဥရောပ ကော်မရှင်ရဲ့ အဆိုပြုချက်ကို ထောက်ခံပေးပါလို့
ဥရောပပါလီမာန် နိုင်ငံတကာကုန်သွယ်ရေးကော်မတီက တိုက်တွန်းလိုက်တာလဲ
ဖြစ်ပါတယ်။
လက်နက်နဲ့ ခဲယမ်းတွေကလွဲလို့ EU ဥရောပသမဂ္ဂဈေးကွက်ကို
မြန်မာအနေနဲ့ အခွန်နဲ့ ကိုတာကင်းလွတ်စွာ ကုန်သွယ်ခွင့်ပေးဖို့ကိစ္စကို
ဥရောပ ပါလီမာန် နိုင်ငံတကာကုန်သွယ်ရေးကော်မတီမှာ မဲအများနဲ့
ထောက်ခံထားပြီး ဖြစ်ပါတယ်၊ ဒါပေမဲ့ ဒီကိစ္စကို ဥရောပပါလီမာန်မှာ
မဲခွဲဆုံးဖြတ်ဖို့ လိုအပ်ပါသေးတယ်။
သတင်းအပြည့်အစုံကိုဒီမှာနှိပ်ဖတ်ပါ
Post a Comment