Monday, April 7, 2014
စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး စင်တာကို မီးအာမခံကြေး သိန်း ၁၄၀၀ ကျော်ပေး
ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ စတင်တည်ထောင်ပြီးနောက်ပိုင်း ပမာဏ အများဆုံး အာမခံကြေးအဖြစ် ပြီးခဲ့တဲ့နှစ်က မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး စင်တာကို ကျပ် သိန်း ၁၄၀၀ ကျော် ပေးအပ်ခဲ့ပါတယ်။
ဧပြီ ၄ ရက်နေ့က ရန်ကုန် စင်ထရယ်ဟိုတယ်မှာ ကျင်းပတဲ့ပွဲမှာ အာမခံကြေး ပေးအပ်ခဲ့တာ ဖြစ်ပြီး အာမခံကုမ္ပဏီတွေဘက်က အောင်သစ္စာဦးကုမ္ပဏီက ပေးအပ်ခဲ့ပါတယ်။
လက်ရှိ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ မူရင်း ပုဂ္ဂလိက အာမခံကုမ္ပဏီဟာ ကျပ် သန်း ၅၀၀ အထိ အာမခံ လက်ခံနိုင်ပြီး ဒီထက်ပိုတဲ့ ငွေပမာဏ ဆိုရင် ညီနောင် ပုဂ္ဂလိက ကုမ္ပဏီတွေက ၁၀ ရာခိုင်နှုန်းဆီ ထည့်ဝင်ရပါတယ်။
ဒီထက် ပိုလွန်တဲ့ ပမာဏ ဆိုရင်တော့ မြန်မာ့အာမခံ လုပ်ငန်းက စိုက်ထုတ် ပေးလျော်ရမယ်လို့ စည်းကမ်းသတ်မှတ်ထားပါတယ်။
DVB Burmese
No comments:
Post a Comment