လီရိုနာဒို ဒါဗင်ချီ၏ ပန်းချီကား တွင် မော်ဒယ်ပြုလုပ် ပေးခဲ့သည်ဟု ယူဆ ရသည့် လီဆာဂါရာဒီနီ အမည်ရှိ အမျိုးသမီး၏ အရိုးစုကို DNA စစ်ဆေးရန် ကြိုးပမ်းမှုမှာ အောင်မြင် လုနီးပြီဖြစ်သည်။
သမိုင်း ပညာရှင်များက ဖလော ရင့်မြို့အနီး San’tOrsola ရှိ အရိုးစု နမူနာများကို ယူလာခဲ့ပြီး ဂါရာဒီ နီ၏ဆွေမျိုး အချို့၏ အရိုးနမူနာ များနှင့် နှိုင်းယှဉ်ကြည့် ခဲ့ကြသည်။
DNA စစ်ဆေးမှု အောင်မြင် ခဲ့လျှင် အရိုးစုကို ဂါရာဒီနီ၏ မျက်နှာပုံပေါ် လာစေရန် 3D စနစ် ဖြင့် ဖန်တီးပြု လုပ်မည် ဖြစ်ကြောင်း လေ့လာ သုတေသန ပြုခဲ့သည့် ပရော်ဖက်ဆာ ဗင်စီတီက သိရသည်။
““ရှာမတွေ့ ခဲ့ရင်လည်း အနုပညာ သမိုင်း ပညာရှင်များက မော်ဒယ်က ဘယ်သူ ဆိုတာကို ဆက် လက်ရှာဖွေ နေဦးမှာပါ””ဟု ပရော် ဖက်ဆာ ဗင်စီတီက ပြောကြား ခဲ့ သည်။ဆန်းစစ်ချက် ရလဒ်ကို မေလ သို့မဟုတ် ဇွန်လတွင် အသင့်တင် ပြ နိုင်မည် ဟုလည်း ပြောကြား ခဲ့သည်။ ဒါဗင်ချီ၏ ပန်းချီကား မော်ဒယ် ဟုတ် မဟုတ် ခွဲခြား လေ့လာ နိုင်ရန် အတွက် ရာစုနှစ် အတွင်း ပထမဆုံး အကြိမ် အနေဖြင့် ဖလောရင့် တိုင်း မိသားစုဂူ ကို လွန်ခဲ့သည့် နှစ် သြဂုတ်လ က ဖွင့်ခဲ့သည် ဟု သိရ သည်။
အချို့ကမူ အဆိုပါ ပန်းချီကား မှာ ပန်းချီဆရာ ၏ ကိုယ်တိုင် ရေးပုံတူ တစ်ခုဟု ဆိုကြပြီး တချို့က သူတိတ်တခိုး နှစ်သက် နေသော ချစ်သူ အမျိုးသမီး များထဲမှ တစ်ယောက် ဟု ဆိုကြသည်။ အထောက် အထားများ အရ ဒါဗင်ချီက အဆိုပါ ပန်းချီကား ကို သူသေဆုံး ချိန် အထိ သူနှင့်အတူ သိမ်းဆည်း ထားခြင်း ဖြစ်ကြောင်း သိရသည်။ မိုနာလီဇာ ပန်းချီကားကို သက္ကရာဇ် ၁၅၀၃ မှ ၁၅၀၆ ခုနှစ် အကြား ရေးဆွဲခဲ့ခြင်း ဖြစ်နိုင် ကြောင်း ခန့်မှန်း ထားသည်။

Ref & Credit : The Messenger
No comments:
Post a Comment