Thursday, December 12, 2013

သမ္မတ ဦးသိန်းစိန် သယံဇာတ ထုတ်ယူ သုံးစွဲရေး ပွင့်လင်းမှု ဖော်ဆောင်ရေး အဖွဲ့ (EITI) ဥက္ကဋ္ဌအား တွေ့ဆုံ

 
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နော်ဝေနိုင်ငံ အော်စလိုမြို့ အခြေစိုက် သဘာဝ သယံဇာတ အရင်းအမြစ်များ တူးဖော်ထုတ်ယူ သုံးစွဲရေး ဆိုင်ရာ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အဖွဲ့ ( EITI ) ၏ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Ms. Clare Short နှင့် အဖွဲ့အား နိုင်ငံတော် သမ္မတ အိမ်တော်ရှိ ဧည့်ခန်း မဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် EITI အဖွဲ့သို့ မြန်မာနိုင်ငံဝင်ရောက်ရေးအတွက် ပြင်ဆင် ဆောင်ရွက်နေမှုနှင့် EITI အဖွဲ့က မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် သွားမည့် အခြေအနေများ၊ သဘာဝ ဓာတ်ငွေ့၊ ရေနံ၊ သတ္ထု၊ သစ်တော၊ ငါးမွေးမြူရေးကဏ္ဍများ အနက်မှ သင့်တော်သော ကဏ္ဍတစ်ခုကို လုပ်ငန်း စီမံချက်တစ်ရပ် ရေးဆွဲရေးနှင့် EITI လုပ်ငန်းများ အတွက် အတွေ့အကြုံ၊ ဆွေးနွေးပွဲနှင့် သင်တန်းပေးရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ယင်းတွေ့ဆုံပွဲသို့ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ ဦးဝင်းရှိန်၊ ဒေါက်တာမြင့်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Ref - http://www.president-office.gov.mm/

http://layuethonthon.blogspot.com

No comments:

Post a Comment