Thursday, December 12, 2013

ကမ္ဘာ့ပထမဆုံး 3D printed ကားကို Urbee 2 လို့ခေါ်ပါတယ်။ အမေရိကန် နိုင်ငံမှ ၂၀၁၅ ခုနှစ်အတွက် ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ဒေါ်လာ ၅၀၀၀၀ လို့သိရပါတယ်။ ကီလိုမီတာ ၁၀၀ တွင် ဆီစား ၀.၈၄ ဖြစ်ပြီး ၄၅၀၀ ကီလိုမီတာမှာ ဆီစား ၃၈ လီတာ ရှိတယ်လို့ ဆိုပါတယ်။ ၎င်းကား၏ ဘော်ဒီဟာ ပေါ့ပါးပြီးတော့ လျှပ်စစ်နှင့် ဒီဇယ် နှစ်မျိုးသုံးလို့ရတယ်လို့ သိရပါတယ်။
စုစုပေါင်း အလေးချိန် ကတော့ ၉၀၀ ကီလိုဂရမ် ဖြစ်ပါတယ်။ ခရီဝေးသွားလျှင် လောင်စာဆီကို အသုံးပြုရပြီး မြို့တွင်းမှာဆိုရင် လျှပ်စစ်ဖြင့် သွားလာနိုင်တယ်လို့ ဆိုပါတယ်။ ဓာတ်ဆီကုန်သွားပါက
လျှပ်စစ်ဖြင့် မောင်းနှင်လို့ ရတဲ့ ကားဖြစ်ပါတယ်။
ဘီးကတော့ သုံးဘီသာ ပါရှိပြီး အနောက်ဘက်တွင် တစ်ဘီးသာ ပါရှိပါတယ်။ အနောက်ဘက်ရှိ ဘီးမှ မောင်းနှင်းခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ လှပသော ဒီဇိုင်း ပေါ့ပါးပြီး နှစ်မျိုးသုံးလို့ ရတဲ့ ကမ္ဘာ့ပထမဆုံး 3D printed ကားကို လူကြီးမင်းတို့ အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။ 

ကျော်လင်းနိုင်

Credit=ရိုးရာလေး


http://layuethonthon.blogspot.com

No comments:

Post a Comment