Friday, November 1, 2013

သင့် အတွေးကို သိရှိနိုင်တဲ့ iPhone


Neurocam ဆိုတဲ့ ပစ္စည်းလေးနဲ့  သူ့ရဲ့  iPhone App တို့က သင့် ရဲ့အတွေးတွေကို သိရှိနိုင်ပါတယ်။ Headset ပုံစံရှိပြီး iPhone နဲ့ တွဲဖက်တပ်ဆင်ပြီး လူရဲ့ဦးခေါင်းဘေးမှာကပ်ထားရမှာဖြစ်ပါတယ်။ iPhone ရဲ့ ကင်မရာ  ကနေ သင့်ရဲ့ အတွေးတွေကို ဖမ်းယူသိရှိနိုင်တာဖြစ်ပါတယ်။


EEG sensors ပါရှိပြီး သင့် ဦးနှောက်ကို Scan လုပ်မှာဖြစ်ပါတယ်။ Neurocam ရဲ့  iPhone App က EEG ရဲ့  ဒေတာတွေကို တစ် ကနေ တစ်ရာ အဖြစ် သတ်မှတ်ပါမယ်။ ဒေတာ တွေက ခြောက်ဆယ် ဖြစ်သွားရင် သင့်ရဲ့  အတွေကို သိရှိပါပြီ။ ဒီ System က လက်ကို အသုံးပြုစရာမလိုဘဲ သင့် ရဲ့ အတွေးတွေ ကို တောင် မှတ်တမ်းတင်ပေးနိုင်ပါတယ်။

Neurocam က တည်နေရာတွေကိုပါ သိရှိနိုင်တဲ့အတွက် ဘယ်စတိုးဆိုင်က ဘယ်ပစ္စည်းကို လူတွေစိတ်၀င်စားလဲဆိုတာ ကိုလည်း သိနိုင်ပါတယ်။ သင့် အတွေးတွေကို Neurocam ကသိရှိနိုင်တဲ့အတွက် ကြော်ညာ လုပ်ငန်းတွေမှာ ဒီပစ္စည်းလေး က အသုံး၀င်လာနိုင်ပါတယ်။


Ref-Myanmar iCT

No comments:

Post a Comment