မြန်မာနိုင်ငံမှာလိုပဲ ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ထိုင်းမှာလည်း
ယဉ်ကျေးမှု ပွဲတော်များ ကျင်းပပါတယ်။ ပုံမှာ မြင်တွေ့ရတာကတော့ ချင်းမိုင်
တိုင်ဆောင်တိုင် မီးပုံးပျံပွဲ ဖြစ်ပါတယ်။
မီးအိမ်ငယ်များကို ကောင်းကင်ယံလွတ်တင်နေတဲ့ လှပတဲ့ ပုံရိပ်ကို
Justinning Photography မှ ရိုက်ကူးဖော်ပြထားတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊
အနောက်မြောက်ပိုင်း ချင်းမိုင်မြို့ မှာ ဖြစ်ပြီး ယင်းပွဲတော်ကို Yi Peng
Festival လို့အမည်ပေးထားပါတယ်။ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် တောင်ကြီးမြို
့ကလိုပဲ ချင်းမိုင်မှာလည်း တန်ဆောင်တိုင် လဆန်းကနေ လပြည့်နေ့အထိ
ကျင်းပခြင်း ဖြစ်ပါတယ်။
ပွဲတော်တွင်း မီးပုံးပျံလွတ်တင်ခြင်း အပြင် ရေထဲသို့ ငှက်ပျော၊ ပန်း၊
ဆီးမီး ခွက်ငယ်များ မျောပါတယ်။ ဆီမီး တစ်ထောင်ကဲ့သို့ ပွဲများလည်း ကျင်းပ
ပါတယ်။ လာအိုနိုင်ငံမှာလည်း ထိုနည်းတူစွာ ကျင်းပပါတယ်။
ချင်းမိုင်က ဘုန်းကြီး၊ ဦးဇင်းများ တရားတော် ရွတ်ဖတ်ပူဇော်စဉ်
မီးပုံးပျံများ ပျက်တက်သွားစဉ် ရိုက်ကူးထားတဲ့ အလှဓာတ်ပုံကို ယခုကဲ့သို့
မြင်တွေ့ ရပါ တယ်။
--
Ref:wiki

No comments:
Post a Comment