Wednesday, October 2, 2013

မန်းတွင် မိုဘိုင်းဟန်းဆက်များကို ဘဏ်နှင့် ချိတ်ဆက်ကာ အရစ်ကျ ဝယ်ယူနိုင်ပြီဟုဆို

မန်းတွင် မိုဘိုင်းဟန်းဆက်များကို ဘဏ်နှင့် ချိတ်ဆက်ကာ အရစ်ကျ ဝယ်ယူနိုင်ပြီဟုဆို
===============

မိုဘိုင်းဟန်းဆက်များ၊ Tablet များကို အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုသူများအတွက် MOBISTAR Mobile မှ မြန်မာ့ရှေ့ဆောင်ဘဏ် (၂) မန္တလေးမြို့နှင့် ချိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုသူများအနေဖြင့် မြန်မာရှေ့ဆောင်ဘဏ်ခွဲ (၂) မန္တလေးရှိရာ ၈၄ လမ်းနှင့် ၃၆ လမ်းထောင့်တွင် အသေးစိတ်အချက်အလက်များကို သွားရောက် စုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဘဏ်မှ ဝယ်ယူခွင့် အသိအမှတ်ပြု စာရွက်စာတမ်းရရှိမှသာ MOBISTAR (မန္တလေး) ၈၃လမ်းနှင့် ၃၄ လမ်းထောင့်တွင် လာရောက် ဝယ်ယူနိုင်မည် ဖြစ်ကြောင်းသိရသည်။ အသေးစိတ် အချက်အလက်များကို မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲ (၂) မန္တလေးတွင်လည်းကောင်း၊ MOBISTAR (မန္တလေး) ဖုန်း-၀၉-၇၃၉၀၃၇၀၀ သို့ လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။

 
Ref: Internet Journal

No comments:

Post a Comment