မိုဘိုင်းလောကကြီးမှာ ဘယ်သူတွေက အသာစီးရနေပြီး ဘယ်သူတွေက သိပ်ပြီး
ဟန်ပုံမရဖြစ်နေတယ်ဆိုတာ စောစောပိုင်းကတည်းက အဖြေထွက်နေတာ ဖြစ်ပါတယ်။
ထုံစံအတိုင်းပါပဲ။ ဆရာကြီးတွေဖြစ်တဲ့ APPLE နဲ့ SAMSUMG တို့ဟာ HARDWARE
တွေ ထုတ်လုပ်ရာမှာ မနှစ်က ဘဏ္ဍာရေးကာလအတွင်းမှာ ဒေါ်လာ (၅၃) ဘီလီယံလောက်
အကျိုးအမြတ်တွေ ရရှိခဲ့ကြတယ်လို့ဆိုပါတယ်။ မိုဘိုင်း HARDWARE များကို
မြိုးမြိုးမျက်မျက်နဲ့ အကျိုးအမြတ်မရတာကတော့ မိုဘိုင်း
OPERATIONSYSTEM တွေ
ဖြစ်နေတယ်ဆိုတာ ထင်ရှားသိသာလှပါတယ်။ APPLE အနေနဲ့သူရဲ့ APPSTORE
တွေကနေပြီး နှစ်စဉ်ရှရှိတဲ့ OS ဆိုင်ရာ ကော်မရှင်ခဟာ ဒေါ်လာ (၂)
ဘီလီယံလောက်သာ ရရှိတာ ဖြစ်ပါတယ်။ အလားတူပင် GOOGLE အုပ်စုကလည်း သူရဲ့
ကြော်ငြာတွေနဲ့ APP တွေကို ANDROID စနစ်ကနေ ရောင်းချနေပြီး ဒီအပေါ်မှာ
အကျိုးအမြတ်ကလေး ရသင့်သလောက် ရနိုင်အောင် ကြိုးစားနေတာ ဖြစ်ပါတယ်။
မည်သို့ပင်ဆိုစေ မိုဘိုင်းလောကရဲ့ မရှိမဖြစ်တဲ့ အစိတ်အပိုင်းတစ်ရပ်
ဖြစ်နေတဲ့ APP တွေကို FLOPPY လုပ်ထားရတဲ့ ကိစ္စဟာ မလွဲမသွေ လိုအပ်နေဦးမှာ
ဖြစ်ပါတယ်။ တကယ်တမ်းဆိုရရင် APP တွေကို ဖန်တီးရတာ သိပ်တော့ လွယ်ကူတယ်လို့
ပြောမရပါဘူး။ ဆန်စင်ရာ ကျည်ပွေ့လိုက်ရတဲ့ အဖြစ်မျိုးပါပဲ။ တစ်ကမ္ဘာလုံး
အတိုင်းအတာအရ ပြောရရင် App ပေါင်း (၁.၄) သန်းခန့် ထုတ်လုပ်ထားတာ ဖြစ်ပြီး
ရောင်းနေကျ နှုန်းအရပြောရရင် APOP ကို (၂) သို့မဟုတ် (၃) ဒေါ်လာ
လောက်သာပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် APP တွေကနေ အလုံးအရင်းနဲ့
ငွေပေါ်လာဖို့ဆိုတာက များစွာခက်ခဲမှာဖြစ်ပါတယ်။ GIGAOM ရဲ့ မကြာခင်က
လေ့လာစစ်တမ်းကောက်ယူချက်တွေအရ ပြောရရင် မိုဘိုင်း DEVELOPER တွေအဖို့
တစ်နှစ်ကို ရနိုင်မယ့် ဝင်ငွေဟာ ဒေါ်လာ (၄၅၀၀၀) လောက်ပဲ ရှိပါတယ်လို့
ဆိုပါတယ်။
(၂၀၁၀) ခုနှစ်လောက်မှာ ကောလာဟလ တစ်ရပ် ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒါကတော့
တစ်ခြားမဟုတ်ပါဘူး၊ FACEBOOK ဟာ စမတ်ဖုန်းလောကမှာ ပထမဆုံးသော အဓိက အကျဆုံး
ဝန်ဆောင်မှု ပေးသူအဖြစ် နေရာယူလိမ့်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ FACEBOOK ဟာ
PLAYER တာဝန်သာမက ကိုယ်ပိုင် DEVICE အမျိုးအစားများကိုပါ ပူးတွဲ
ထုတ်လုပ်ခြင်းဖြင့် မိုဘိုင်းလောကရဲ့ အမြတ်အစွန်းကြီးမားတဲ့
လုပ်ငန်းနှစ်ရပ်လုံးကို ဝင်ရောက်လုပ်ကိုင်လိမ့်မယ်ဆိုတဲ့ သတင်းများ
ပျံ့နှံ့ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ အမှန်ကတော့ ဒီသတင်းဟာ တိကျခိုင်မာတဲ့
သတင်းမဟုတ်ဘဲ ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ကောလာဟလ သတင်းသာ ဖြစ်ပါတယ်။
အမှန်တကယ်ကတော့ FACEBOOK အနေနဲ့ သူရဲ့ ကိုယ်ပိုင် APP တွေကို ဖန်တီးပြီး
ထိပ်တန်းကျတဲ့ ANDROID တွေနဲ့ တွဲပြီး သုံးနိုင်အောင် တီထွင်ထုတ်လုပ်ထားတာ
ဖြစ်ပါတယ်။ ဒါဟာလည်းပဲ အိမ်တွင်းသုံးအဖြစ် ဖန်တီးခြင်းသာ ဖြစ်ပါတယ်။
FACEBOOK မှာကလည်း သူရဲ့ ကိုယ်ပိုင်မူကွဲစနစ်တွေ အမျိုးမျိုး
ရှိနေပြန်ပါတယ်။ ဆိုကြပါဆို့ သူရဲ့ OS နဲ့ APP တွေကြားမှာ ရှိနေတဲ့
SOFTWARE အမျိုးအစားတွေကလည်း များပြားသလောက် ဖောက်သည်များရဲ့အကြိုက်ကို
ဖြည့်ဆည်းပေးနိုင်တဲ့ ဆွဲဆောင်မှုကလည်း ရှိနေပြန်ပါတယ်။
FACEBOOK ဟာ အမှန်စင်စစ်အားဖြင့်တော့ တစ်ဦးတည်းသော တကယ့် DEVELOPER
ကြီးမဟုတ်ပါဘူး။ AMAZON တို့ DEOPBOX တို့လည်း ရှိနေပြန်ပါသေးတယ်။
တစ်နည်းအားဖြင့် ပြောရရင် စမတ်ဖုန်းလောကမှာ တစ်ခြားသော DEVELOPER
ပေါင်းများစွာထဲက အလယ်အလတ်အဆင့်လောက်သာ ရှိသေးတဲ့ SOFTWARE ဆိုင်ရာ
နည်းပညာကို ဖန်တီးထုတ်လုပ်သူသာ ဖြစ်တယ်ဆိုရင် ပိုမိုမှန်ကန်ဖွယ်ရာ
ရှိပါတယ်။ ဘဖြစ်လို့လဲဆိုရင် FACEBOOK ရဲ့ ရည်ရွယ်ချက်က DEVELOPER ထက် APP
များ ဖန်တီးမှုကိုသာ အားသန်နေတဲ့ အတွက် ဖြစ်ပါတယ်။ ပြောင်းလဲမှုတွေ
မြန်ဆန်ပြီး များပြားလှတဲ့ မိုဘိုင်းဆိုင်ရာ DEVICES မျိုးစုံတွေကြားထဲမှာ
ကွဲပြားခြားနားမှု မျိုးစုံကို ဖန်တီးနိုင်တဲ့ နည်းပညာသစ်များကို
တီထွင်ထုတ်လုပ်နိုင်မှသာ ဖောက်သည်တွေအတွက် အကျိုးရှိနိုင်လိမ့်မယ်လို့
FACEBOOK က ယူဆထားတာ ဖြစ်ပါတယ်။
ဒီကနေ့ OS တွေနဲ့ ပက်သက်ပြီး ပြိုင်ဖက်ကြီးတွေဖြစ်တဲ့ APPLE နဲ့ GOOGLE
တို့ရဲ့ ဦးတည်ချက်ကတော့ သူ့ကိစ္စနဲ့သူလို့သာ ဆိုရမှာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် Facebook Home ကတော့ ကိုယ့်လမ်းကိုယ် ခင်းသွားရမယ့်
သဘောရှိပါတယ်။ Social Network တွေထဲမှာ Facebook ရဲ့ နောက်ဆုံး Update
လုပ်ထားတဲ့ အဆုံးမဲ့ မြစ်တစ်ရဲ့ ရှူခင်းနဲ့အတူ “CHAT HEAD” အစီအစဉ်ဟာလည်း
တစ်ခြားသော App များ ကြားခံစရာမလိုဘဲ ဖောက်သည်များ
စိတ်ကြိုက်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ Facebook ရဲ့ Home Screen ဟာ သီးခြား
ဖန်တီးထားတဲ့ Level တစ်ခုဖြစ်ပြီး Android App များနဲ့ ကွဲပြားခြားနားတဲ့
နည်းလမ်းပေါင်း များစွာကို အစားထိုးနိုင်စွမ်း ရှိမှုဟာ သူ့ရဲ့ ထူးခြားတဲ့
အရည်အသွေးတစ်ခု ဖြစ်ကြောင်းနဲ့ နည်းပညာအရ ဖန်တီးမှုမှာလည်း စရိတ်စက
နည်းပါးကြောင်း ကျွမ်းကျင်သူများက ပြောဆိုပါတယ်။ Google ဟာ သူ့ရဲ့ Software
နဲ့ Hardware တွေကြားထဲမှာ Android တွေအတွက် ရင်းနှီးမြှုပ်နှံမှုဟာ
ဒေါ်လာပေါင်း ဘီယီယံချီနေတာ ဖြစ်ပေမယ့် Facebook အဖို့တော့
ဒီလောက်ငွေကြေးများစွာ သုံးစွဲစရာ မလိုဘဲ ဖောက်သည်များစွာ ရရှိအောင်
ဆွဲဆောင်နိုင်တာ ဖြစ်ပါတယ်။
ဒီလိုဖြစ်ရခြင်းဟာ OS များစွာကို သင့်လျော်သလို အပြောင်းအလဲများစွာနဲ့
လိမ္မာပါးနပ်စွာ ကစားတတ်တဲ့ ပညာရှိတယ်လို့ ဝေဖန်သုံးသပ်သူတွေက ပြောဆိုပါတယ်။
Amazon Google နဲ့ Facebook တို့ရဲ့ OS များဟာ ဆက်နွယ်မှု ရှိနေသော်လည်း
ဖောက်သည်များအနေနဲ့ ၎င်းတို့ရဲ့ App တွေပေါ်မှာ အပြန်အလှန်အားဖြင့်
ရယူသုံးစွဲနိုင်ဖို့ သက်ဆိုင်ရာ App Store တွေနဲ့ ဆက်သွယ်ရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ မိမိရယူချင်တဲ့ App တွေကို ပုံမှန်လမ်းကြောင်းကိုသာ အသုံးပြုပြီး
Files တွေအားလုံးထဲမှာ ရှာဖွေယူရမယ့် အနေအထားမျိုးစုံနဲ့ ကြုံတွေ့ရမှာ
ဖြစ်ပါတယ်။ Facebook ဟာ ဒီလိုအနေအထားမျိုးကို
ပိုမိုကောင်းမွန်သင့်လျော်မယ့် နည်းလမ်းများကို အသုံးပြုပြီး
ကျော်လွှားဖြတ်သန်းနိုင်အောင် ကြိုးစားခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ တစ်ခြားသော
Network Provider ကြီးတွေနဲ့ မတူတဲ့ Facebook ရဲ့ ဖန်တီးမှုပဲ ဖြစ်ပါတယ်။
ဒီလိုပါပဲ Apple တို့ Drop Box တို့ဟာလည်း ကိုယ်ပိုင် OS တွေနဲ့ ဆက်နွယ်မှု
ရှိနေတဲ့ တီထွင်ဖန်တီးမှုတွေကို ဒေါ်လာသန်းပေါင်းများစွာ
ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
Drop Box ဆိုရင် E-Mail Start up, Photo-Organization Service နဲ့
Online Music Locker တွေအတွက် ဒေါ်လာ (၂၅၇) သန်းလောက်
ထပ်မံရင်းနှီးမြှုပ်နှံ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ထိုနည်းတူပင် Apple
ဟာလည်း သူ့ရဲ့ i-Phone နဲ့ i-Pad တွေအတွက် ပိုမိုဖြည့်ဆည်း
ပြိုင်ဆိုင်နိုင်ဖို့ i-Cloud ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Apple နဲ့ Google
တို့လို ထင်ရှားကျော်ကြားနေတဲ့ Developer ကြီးတွေအနေနဲ့ သူတို့ရဲ့
ကိုယ်ပိုင် OS တွေကိုသာ တွင်ကျယ်နေလိုဟန် ရှိပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့
OS တွေကို စိန်ခေါ်လာနိုင်မယ့် နည်းပညာသစ်တွေကို နှိပ်ကွပ်မှာကတော့
သေချာသလောက်ပါပဲ။ Facebook Home ထွက်လာတဲ့ နေ့ကဆိုရင် ZUKERBERG က
ခုလိုတောင် ပြောခဲ့ပါသေးတယ်။ “Google အနေနဲ့ ကျွန်တော်တို့ရဲ့ Software
တွေကို ပိတ်ပစ်ဖို့ ကြိုးစားကောင်း ကြိုးစားမှာဖြစ်ပါတယ်။ သဘောတရားကတော့
ဖြစ်နိုင်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။ အရင်ကလည်း သူတို့ပြောဆိုထားပြီးတဲ့
ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့အထင် ပြောရရင် သူတို့တကယ်တမ်း
လုပ်နိုင်လိမ့်မယ်လို့ မထင်မိဘူး” ဟူ၍သာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မိုဘိုင်းလောကမှာ App တွေကို အကောင်းဆုံး ဖန်တီးတီထွင်ထုတ်လုပ်မှု PLATEFORM
ကို ထိန်းချုပ်ထားနိုင်ဖို့ဆိုတာ များစွာခက်ခဲတဲ့ ကိစ္စတစ်ရပ်ပါ။ Drop Box
ရဲ့ နမူနာတစ်ခုကို လေ့လာရုံနဲ့ သိနိုင်ပါတယ်။
စမတ်ဖုန်းနဲ့ တက်ဘလက် အမျိုးမျိုး သုံးစွဲနေသူတွေရဲ့ ဆန္ဒမှာ သူတို့အတွက်
ကိုယ်ပိုင် IMAGE တွေ ဖန်တီးပေးနိုင်မယ့် APPS မျိုးတွေကိုသာ ရယူလိုတာ
ဖြစ်ပါတယ်။ ဒါမှလည်း သူတို့လိုချင်တဲ့ အရာမှန်သမျှ Download လုပ်ပြီး
ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒီလို APPS မျိုးတွေသာ OS တွေထဲက အကောင်းဆုံး
ရယူသုံးစွဲဖို့ အခြေအနေကောင်းတွေကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။ သူတို့ဟာ
ဖောက်သည်တွေရဲ့ အမြင်မှာတော့ မျက်စေ့ကျလောက်တဲ့ ဖန်တီးရှင်တွေလို့တောင်
ဆိုနိုင်တာ ဖြစ်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ခုလိုဆက်စပ် ဖန်တီးရတဲ့
နည်းပညာသစ်တွေဟာ Google တို့ Apple တို့လို PROVIDER ကြီးတွေအတွက်
လုပ်ငန်းသဘောအရ သုံးစွဲဖို့တော့ စိတ်ဝင်စားဖွယ်ရာ သိပ်မရှိပါဘူး။ FACEBOOK
တို့ AMAZON တို့အတွက်သာ အတိုင်းအတာတစ်ရပ်အထိ ခရီးရောက်နိုင်တဲ့ ပေါင်းကူး
နည်းပညာရပ်ကလေးတွေသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် Facebook တို့ Amazon
တို့ဆိုတာက Google တို့ Apple တို့ဆိုတဲ့ မိုဘိုင်း ပင်စည်ကြီးတွေရဲ့
အကိုင်းအခက်ကလေးတွေပဲ မဟုတ်ပါလား။
မိုးမခ
Ref & Credit: Net Guide Journal
No comments:
Post a Comment