Monday, September 30, 2013

Alan Mulally မိုက်ခရိုဆော့ဖ် စီအီးအို ဖြစ်လာမည်ဟု သတင်းထွက်

 
Alan Mulally ဆိုတာ အသက် ၆၈ နှစ်ရှိပြီ ဖြစ်တဲ့ အမေရိကန်နိုင်ငံသား အင်ဂျင်နီယာ၊ စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်ပါတယ်။ သူဟာ Microsoft ကုမ္မဏီရဲ့  စီအီးအိုဖြစ်လာမယ့်သူလို့ သတင်းထွက် နေပါတယ်။


လေကြောင်း နဲ့ အာကာသ ပညာရပ် နယ်ပယ်မှာ Master of Science ရရှိထားပြီး ကမ္ဘာ့အကြီးဆုံး လေယာဉ် ကုမ္မဏီ ဘိုအင်းမှာလည်း စီအီးအို ရာထူး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ စီမံခန့်ခွဲမှု ပညာရပ်မှာလည်း မာစတာဘွဲ့ ရရှိထားသူ ဖြစ်ပါတယ်။ လက်ရှိမှာ အမေရိကန် Ford Motors ကုမ္မဏီရဲ့  စီအီးအိုလည်း ဖြစ်ပါတယ်။ အမေရိကန်မှာ နာမည်ပျက်မရှိ၊ လူအများ လေးစားခံရတဲ့ စီအီးအို စာရင်းမှာ ပါဝင်တဲ့ Alan Mulally ဟာ အိုင်တီ စီးပွားရေး လုပ်ငန်းရှင် အတော်များများနဲ့လည်း ရင်းနှီးပါတယ်။ Source တစ်ချို့ ရဲ့ ဖော်ပြချက် အရ ကတော့ Microsoft ကုမ္မဏီအတွက် အကြံဥာဏ်ပေးခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်းကိုလည်း ရံဖန်ရံခါ ပြုလုပ်ပေးခဲ့ ဖူးသူလို့ ဆိုပါတယ်။


ဒါကြောင့် အနီးစပ်ဆုံးအနေနဲ့ Steve Ballmer နေရာကို Alan Mulally နဲ့ အစားထိုးမယ်လို့ သတင်းထွက်ခြင်း ဖြစ်ပါတယ်။ Ballmer က ၂၀၁၄ ဆိုရင် နှုတ်ထွက်မှာ ဖြစ်ပါတယ်။ တစ်နှစ်ကို လုပ်ခ လစာ အမေရိကန်ဒေါ်လာ ၁၇ သန်းကျော် ရရှိနေတဲ့ Mulally ကို လစာ ဘယ်လောက်နဲ့ Microsoft က ခေါ်ယူ ခန့်အပ်မယ်ဆိုတာ ကို စောင့်ကြည့် လျက် ရှိကြကြောင်း သိရ ပါတယ်။
.
Ref: mashable
Aung Kham (TSJ Team)

No comments:

Post a Comment