Monday, September 30, 2013

ကျေးလက်ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက် ကြီးမားလွန်းနေဟု ဒေါက်တာတင်မျိုးဝင်းဆို


ကျေးလက်ဒေသ ကျန်းမာရေးစောင့်ရှောက်မှုဟာ ကွင်းဆင်းကုသမှုများလာတာနဲ့ လိုအပ်ချက်တွေ အများကြီးကို တွေ့လာရလေပဲလို့ NLD ကျန်းမာရေးကွန်ရက်က ဒေါက်တာ တင်မျိုးဝင်းက စက်တင်ဘာ ၂၉ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

Posted by

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများ အဓိက ဆောင်ရွက်မည့် အဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးများ ယနေ့ စတင်မည်

သတ္တမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး မကျင်းပမီ လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ ဒုတိယ၀န်ကြီးများကို တွေ့ရစဉ်

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများ အဓိက ဆောင်ရွက်မည့် အဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးများ ယနေ့ (အောက်တိုဘာ ၁) ရက်တွင် ပြန်လည် စတင်မည်ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်မှု အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည်ဖြစ်ရာ ယခုစတင်မည့် လွှတ်တော် အစည်းအဝေးများတွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အလေးထား ဆောင်ရွက်ရမည် ဖြစ်သည်။

တိုက်လေယာဉ်တစ်စင်း ရန်ကုန်လေဆိပ် ပြေးလမ်းပေါ်၌ အရှိန်ထိန်းချုပ်သည့် လေထီးမပွင့်၍ ရန်ကုန်လေဆိပ် ခေတ္တပိတ်ခဲ့ရ

မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှ တိုက်လေယာဉ်တစ်စင်းအား ၂၀၁၃ မတ် ၁၉ ရက်က ရန်ကုန်လေဆိပ်၌ တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်တစ်စင်း ရန်ကုန်လေဆိပ် ပြေးလမ်းပေါ်၌ အရှိန်ထိန်းချုပ်သည့် လေ ထီးမပွင့်မှုကြောင့် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ခေတ္တပိတ်ခဲ့ရကြောင်း သတင်းရရှိသည်။
''မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်က တိုက်လေယာဉ်တစ်စင်း ရန်ကုန်လေဆိပ်ကို ဆင်းသက်ချိန်မှာ အရှိန်ထိန်းချုပ်တဲ့ လေထီးမပွင့်လို့ ပြေးလမ်းပေါ်မှာ ခဏရပ်သွားတာပါ။ ခဏနေတော့ သူတို့ လေတပ်ဌာနချုပ် လေယာဉ်တွေနဲ့ ဆွဲယူသွားပါတယ်။ ဒီလို ဖြစ်နေတဲ့ အချိန်မှာ ရန်ကုန်လေဆိပ်ကို ဆင်းမယ့်လေယာဉ်တချို့ ခဏဆင်းလို့မရ ဖြစ်သွားတာပါ'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

ပထမဆုံး လေအေးစက်တပ်ဆင် အမြန်မြို့ပတ်ရထား တစ်နေ့ ၈ကြိမ်ပြေးဆွဲမည်


ဂျပန်နိုင်ငံက တစ်ပတ်ရစ် မီးရထားတွဲဆိုင်းတွေကို ဝယ်ယူပြီး လေအေးစက်တပ်ဆင် ပြေးဆွဲမယ့် ရန်ကုန်မြို့ရဲ့ ပထမဆုံး မြို့ပတ်အမြန်ရထားကို တစ်နေ့ ၈ကြိမ်ပြေးဆွဲသွားမယ်လို့ ရထားပို့ဆောင်ရေးဝန်ကြီးက စက်တင်ဘာ ၂၉ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

Posted by

အခြေခံဥပဒေပြင်ဖို့ NLD နဲ့ တိုင်းရင်းသား သဘောထားကွဲလွဲ

 
အမျိုးသား ​ဒီမိုကရေစီအဖွဲ့ချုပ် ​NLD ​ပါတီနဲ့ ​တိုင်းရင်းသားပါတီအဖွဲ့တို့အကြား ​မြန်မာနိုင်ငံ ​ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ​ဆွေးနွေးခဲ့ကြပေမယ့် ​သဘောတူညီမှု ​မရခဲ့ဘူးလို့ ​သိရပါတယ်။

NLD ​ပါတီက ​စစ်အစိုးရလက်ထက်က ​ရေးဆွဲခဲ့တဲ့ ​ဖွဲ့စည်းပုံ ​အခြေခံဥပဒေကို ​ပြင်ဆင်ဖို့ ​လိုလားနေချိန်မှာ ​တိုင်းရင်းပါတီတွေက ​အခြေခံဥပဒေကို ​လုံးဝအသစ်ရေးဆွဲဖို့ ​လိုလားနေတာ ​ဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းရန် ဒေသခံများ တောင်းဆို

 
ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်း အပြီးတိုင်ဖျက်သိမ်းပြီး အဲဒီစီမံကိန်းကို အကောင်အထည်ဖော်တဲ့ တရုတ်နိုင်ငံက CPI ကုမ္ပဏီလည်း မြစ်ကြီးနားမြို့ကနေ အမြန်ဆုံးထွက်ခွာသွားဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီနေ့ကျင်းပတဲ့ မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းခြင်း ၂ နှစ်ပြည့် အခမ်းအနားမှာ ကက်သလစ်ဘုန်းတော်ကြီး နော်ဒင်းက အခုလို ပြောကြားခဲ့ပါတယ်။

ရွှေရောင်စမတ်ဖုန်းကို Samsung က အရင်ထုတ်ကြောင်းဆို

လက်ရှိ မြန်မာမှာတင်မက ကမ္ဘာ့ Social Media မှာ ပြန့်နှံ့နေတဲ့ အတင်း သတင်း တစ်ခုကတော့ Samsung ဟာ Apple တို့ ရွှေရောင်စမတ်ဖုန်း ထုတ်လုပ်မှုကြောင့် ရွှေရောင် Samsung Galaxy S4 ထုတ်လုပ်ခြင်းဖြစ် တယ်ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ ယခု ဒါကို Samsung တို့ ငြင်းဆိုလိုက်ပါပြီ။

Internetပေါ်တွင်ငွေရှာနည်း / ငွေထုတ်နည်း/ PayPal အသုံးပြုနည်း / မြန်မာဘဏ်သို့လွှဲနည်း ( 2013 Tutorial )

Internet ပေါ်တွင်ငွေရှာနေသူများအတွက် ငွေရှာနည်း သင်ခန်းစာများနှင့်အတူ ရရှိလာတဲ့ငွေများကို မြန်မာ
ငွေသားအဖြစ်ဘယ်လိုထုတ်မလဲ အဆင့်ဆင့်ရေးပြထားတဲ့ Website ဖြစ်ပါတယ်။ဒါကြောင့် အင်တာနက်ပေါ်မှာ ငွေရှာပြီးငွေထုတ်နည်းမသိသူများအတွက် အဆင်ပြေသွားစေမယ့် Website လည်းဖြစ်ပါတယ်...လေ့လာနိုင်ကြပါပြီ။
 
 

Alan Mulally မိုက်ခရိုဆော့ဖ် စီအီးအို ဖြစ်လာမည်ဟု သတင်းထွက်

 
Alan Mulally ဆိုတာ အသက် ၆၈ နှစ်ရှိပြီ ဖြစ်တဲ့ အမေရိကန်နိုင်ငံသား အင်ဂျင်နီယာ၊ စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်ပါတယ်။ သူဟာ Microsoft ကုမ္မဏီရဲ့  စီအီးအိုဖြစ်လာမယ့်သူလို့ သတင်းထွက် နေပါတယ်။


လေကြောင်း နဲ့ အာကာသ ပညာရပ် နယ်ပယ်မှာ Master of Science ရရှိထားပြီး ကမ္ဘာ့အကြီးဆုံး လေယာဉ် ကုမ္မဏီ ဘိုအင်းမှာလည်း စီအီးအို ရာထူး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ စီမံခန့်ခွဲမှု ပညာရပ်မှာလည်း မာစတာဘွဲ့ ရရှိထားသူ ဖြစ်ပါတယ်။ လက်ရှိမှာ အမေရိကန် Ford Motors ကုမ္မဏီရဲ့  စီအီးအိုလည်း ဖြစ်ပါတယ်။ အမေရိကန်မှာ နာမည်ပျက်မရှိ၊ လူအများ လေးစားခံရတဲ့ စီအီးအို စာရင်းမှာ ပါဝင်တဲ့ Alan Mulally ဟာ အိုင်တီ စီးပွားရေး လုပ်ငန်းရှင် အတော်များများနဲ့လည်း ရင်းနှီးပါတယ်။ Source တစ်ချို့ ရဲ့ ဖော်ပြချက် အရ ကတော့ Microsoft ကုမ္မဏီအတွက် အကြံဥာဏ်ပေးခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်းကိုလည်း ရံဖန်ရံခါ ပြုလုပ်ပေးခဲ့ ဖူးသူလို့ ဆိုပါတယ်။

Update Samsung Galaxy S3 To Official Android 4.2.2 Jelly Bean XXUFME3 Firmware (မြန်မာစာပါဝင်သည်)

 
မြန်မာစာ ပါဝင်လာတဲ့ samsung galaxy s3 official update  android 4.2.2 လေးပါ။ အရင် 4.1.1 / 4.1.2  version တွေမှာ မြန်မာစာ အစင်မပြေ တာတွေ အတွက်အားလုံးအစင်ပြေသွားပါပြီ ကျွန်တော်ကိုယ်တိုင် ဒီနေ့ပဲ စမ်းသပ်အောင်မြင် ထားပါတယ် ... update လုပ်ချင်တဲ့သူငယ်ချင်းများ အောက်မှာ စော်ထည့်လိုက်ရအောင်.....

Apple က ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုန်အမှတ်တံဆိတ် အဖြစ် မှတ်တမ်းတင်

ယခုနှစ်အတွက် ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုန်အမှတ်တံဆိတ် နေရာကို Apple က ရယူလိုက်ပြီ ဖြစ်ပါတယ်။

Interbrand's 2013 global brand ranking က ကြေညာတဲ့ စာရင်းအရ ဖြစ် ပါတယ်။ Brand ရဲ့  တန်ဖိုးက အမေရိကန်ဒေါ်လာ ၉၈.၃ ဘီလျံ ဖြစ်ပါတယ်။ ဒုတိယ နေရာလိုက်သူကတော့ ကိုကာကိုလာ ဖြစ်ပြီး သူ့ Brand ရဲ့  တန်ဖိုးက အမေရိကန်ဒေါ်လာ ၇၉.၂ ဘီလီယျံ ဖြစ်ပါတယ်။ Apple ဟာ ၂၀၁၁ ခုနှစ်က နံပါတ် ၈ မှာပဲ ရှိခဲ့တဲ့ ကုမ္မဏီ ဖြစ်ပါတယ်။ ၂ နှစ်အတွင်း စီးပွားရေး မြင့်တက်လာမှုနဲ့ ကုန်ပစ္စည်း အရည်အသွေးကြောင့်မို့ ဖြစ် ပါတယ်။

GoldenClix မှာငွေရှာပါ 5$ ရတိုင်း + မဲပေါက်တိုင်း အပိုဆုငွေ 1$ + 1$ = 2$ ကို ရယူပါ ( Special Offer Myanmar )

Internet ပေါ်မှာ ကြော်ငြာ Click ရင်းဝင်ငွေရှာနေသူများအတွက် Golden Myanmar မှပေးသောအထူးစပါယ်ရှယ်လက်ဆောင်ဖြစ်ပါတယ်။ လက်မလွတ်သင့်ဘူးလို့ ထပ်ဆင့်အကြံပြုအပ်ပါတယ်။
အသေးစိတ်အချက်အလက်များကိုတော့ အောက်ပါလင့်မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဆက်လက်ဖတ်ရှုရန် => http://makingmoneytutorial.weebly.com/goldenclix-412141574140414541004156412341574140412341164153.html
 
http://www.winkabarkyaw.net 

Windows SeVen Super XP 2013 (32bit edition) (644MB)

 
Windows အလန်းစားတွေကိုမှ အသုံးပြုချင်တဲ့ သူငယ်ချင်းများအတွက် Windows SeVen Super XP 2013  တင်ပေးလိုက်ပါတယ်။ Windows XP ကို Window 7 စတိုင်နဲ့ အသုံးပြုရမှာပါ။  Windows အလန်းစားတွေ ကိုမှ အသုံးပြုချင်တဲ့ သူငယ်ချင်းများ အတွက်တော့ အကြိုက်ဖြစ်မှာပါ။ Window 7 ကိုလည်းသုံးချင်၊ Window XP ကိုလည်း မစွန့်လွှတ်နိုင်သေးတဲ့ သူငယ်ချင်းများ အတွက်တော့ ဂွတ်ရှယ်ပါပဲ ခင်ဗျာ။ ပါဝင်တဲ့

ငွေရှာတဲ့ Website များတွင် အစစ်မှန်ဆုံး အတိကျဆုံး ငွေထုတ်ရာတွင်စိတ်အချရဆုံး NerdBux ပါ

အခု အင်တာနက်မယ် ကြော်ငြာတွေကို ကလစ်ရင်း တော်တော်များများ ငွေရှာနေကြပါတယ်..ကနေ့တော့
ကျနော် အတိကျဆုံး နဲ့ ငွေထုတ်ရင်အချိန်စောင့်စရာမလိုဘဲ ချက်ချင်းထုတ်ပေး တဲ့ NerdBux ဆိုတဲ့ ငွေရှာ
တဲ့ဆိုဒ်နဲမိတ်ဆက်ပေးပါ့မယ်။ ငွေရှာတဲ့ဆိုဒ်တွေအားလုံးထဲမှာ နံပတ်သုံးနေရာက ဦးဆောင်ပြီး တစ်နေ့တစ်နေ့ ကလစ်ရမယ့်ကြော်ငြာအရေအတွက်ကလဲအလွန်များသလို...ကြော်ငြာများတဲ့အတွက်

DVD အခွေကူးမရလို့ စိတ်ညစ်နေသူတွေအတွက် any DVD HD

 
DVD အခွေတွေကို ကူးမရလို့ စိတ်ညစ်နေလား......? တစ်ချို့ က DVD အခွေတွေကို ကူးလို့ မရအောင်လုပ်ထားတတ်ပါတယ်။ကြုံဘူးတဲ့ သူတွေကတော့ သိမှာပါ။မကြုံဘူးသေးတဲ့ သူဆိုရင်
လည်း ANY DVD HD လေးကိုသာပြေးမြင်ယောင်လိုက်ပါ။မည်သည့်  DVD အမျိုးအစားနှင့် မဆိုအဆင်ပြေစွာအသုံးပြုလို့ ရပါတယ်ခင်ဗျာ။ဒီကောင်လေးရဲ့ အားသာချက်ကတော့  ရုပ်ရှင်တစ်ခုမှာ မိမိတို့ မလိုချင်တဲ့ နေရာတွေကိုပါ ကျော်လို့ ရပါတယ်အချိန်ကုန်သက်သာတာပေါ့ ဗျာ(ဥပမာ) FBI warnning တို့  (ေိေိ -နိုင်ငံရေးဦးတည်ချက်တို့  ပေါ့ ဗျာ ) blue way dis တွေအတွက်လည်း suppot လုပ်ထားပေးပါတယ်။သူ့ ကိုအသုံးပြုမယ်ဆိုရင်Windows XP/Vista/7/8 မှာအသုံးပြုလို့ ရပါတယ်။

KNPP နှင့်အစိုးရတို့ ဖွံ့ဖြိုးရေးလုပ်ငန်း မပူးပေါင်းနိုင်သေး

 
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် ပြည်နယ်အစိုးရ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့် ကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတူတကွ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းမရှိသေးကြောင်း KNPP မှ ဗိုလ်မှူးဘုန်းနိုင်က ပြောသည်။

“တိုင်းပြည်အတွက် ဖွံ့ဖြိုးရေးလုပ်မယ်။ လမ်းပန်းဆက်သွယ်ရေးလုပ်မယ်။ ကျန်းမာရေးကိစ္စတွေ လုပ်မယ်။ ကျနော်တို့က တောင်းဆိုထားပါတယ်။ ဒါပေမဲ့ ကျနော်တော်တို့ ၀င်ထွက်ပြီးတော့ ပူးပေါင်းလုပ်ဆောင်တာမရှိဘူး။ ဒီနေ့ အထိပဲ။” 

လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ရခိုင်မိသားစုများ တွေ့ဆုံပွဲ အကျိုးရှိသည်ဟုဆို

 
 
 ( ဤဓါတ်ပုံအား Rakhine Citizen Journalists Facebook မှ ကူးယူဖေါ်ပြသည်။)

ရခိုင်ပြည်နယ်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစုတွေ့ဆုံ ဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့တွင် စက်တင်္ဘာလ ၂၉ ရက်နေ့က ကျင်းပ ပြုလုပ်သော ဆွေးနွေးပွဲသို့ ပြည်ထောင်စု လွှတ်တော် နာယကလည်း ဖြစ်၊ ပြည်သူ့လွှတ်တော် ဥက္ကဌလည်း ဖြစ်သော သူရ ဦးရွှေမန်း တက်ရောက်ပြီး ရခိုင်မိသားစုများ၏ တင်ပြချက်များကို အထူးဂရုပြု နားထောင်ခဲ့သည်ဟု သိရသည်။

ဝိပဿနာဆရာကြီး ဦးဂိုအင်ကာ ကွယ်လွန်ရှာ

ဝိပဿနာဆရာကြီး ဦးဂိုအင်ကာသည် စက်တင်ဘာ ၂၉ ရက် ည ၁၁ နာရီခန့်က သူ၏နေအိမ်တွင် ကွယ်လွန်သွားခဲ့ကြောင်းသတင်းရရှိသည်။

သူ၏ ဈာပနကို အောက်တိုဘာ ၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံဘုံဘေမြို့တွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ဆရာကြီး ဦးဂိုအင်ကာသည် ၁၉၂၄ ခုနှစ်က မြန်မာနိုင်ငံ မန္တလေးမြို့တွင်မွေးဖွားခဲ့ပါသည်။

Popular Myanmar News Journal

၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ရမ်းဗြဲတွင် လူပေါင်း ၃၀၀၀ ကျော် ချီတက် ဆန္ဒပြ

 
လျှပ်စစ်မီး ၂၄ ရရှိရေး အတွက် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် ဒေသခံ ၃၀၀၀ ကျော်ခန့်က ယနေ့တွင် လမ်းမများပေါ် ချီတက်ကာ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

ဆန္ဒဖေါ်ထုတ်ပွဲကို ယနေ့ (စက်တင်္ဘာလ ၃၀ ရက်)  နံနက် ၉ နာရီမှ စတင်က ရမ်းဗြဲမြို့ တလျှောက်ရှိ လမ်းမများပေါ် ချီတက် လှည့်လည်ကာ ဆန္ဒဖေါ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဦးဆောင် ပါဝင်သူ ကိုကျော်လွင်က နိရဉ္စရာသို့ ပြောသည်။

လာမည့် ကျောင်းဖွင့်ရာသီ ပြဋ္ဌာန်းစာအုပ်တန်ဖိုး နှစ်ဆတက်မည်

 
ရန်ကုန်၊ စက်တင်ဘာ ၂၉

လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စာရွက်သား အရည်အသွေး မြှင့်ထားသော အလယ်တန်းနှင့် အထက်တန်းအဆင့် အတန်းများအတွက် ပြဋ္ဌာန်းစာအုပ် တန်ဖိုးမှာ ယခင်တန်ဖိုး ထက် နှစ်ဆတက်မည် ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

တပ်မတော် စစ်ကြောင်းများ ရုပ်သိမ်းရန် တိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့ တောင်းဆို

 
ရန်ကုန်၊ စက်တင်ဘာ ၂၉

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နယ်မြေများအတွင်း သွားလာနေသော တပ်မတော် စစ်ကြောင်းများကို ရုပ်သိမ်းပေးရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းလေးဖွဲ့က အစိုးရထံ တောင်းဆိုထားကြောင်း DKBA ဗိုလ်မှူးကြီး စောစန်းအောင်က ပြောကြားသည်။

ကျောက်ကပ်မကောင်းသူများ ကော်ဖီ မသောက်သင့်

 
ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါရှိသူများ၊ ရှိရန် အလားအလာ များသူများ အနေနဲ့ ကော်ဖီ မသောက်သုံးသင့် ဘူးလို့ ဆေးပညာရှင်နဲ့ ကျောက်ကပ် အထူး ကု ဆရာဝန်များက တိုက်တွန်း သတိပေးပါတယ်။ ကော်ဖီဆိုတာ ထက် ကဖင်းဓာတ်ကို ဆိုလိုခြင်း ဖြစ်တဲ့ အတွက် ချောကလပ် နဲ့ လက်ဘက်ရည်တို့လည်း ပါဝင်ပါတယ်။
ကော်ဖီဟာ ကျန်းမာရေးအတွက် ကောင်းကျိုး များစွာ ဖြစ်ထွန်းစေပေမယ့် အချို့  သူများအတွက်က တော့ ဆိုးကျိုး ရှိပါတယ်။ ဥပမာ- ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း၊ ဝမ်းနှင့်ဆက်စပ်ရောဂါ၊ နောက်ထပ် တစ်ခုကတော့ ကျောက်ကပ်ရောဂါ ဖြစ်ပါတယ်။ ပုံမှန်ထက် အလွန် အကျွံ သောက်သူများ အဖြစ်များမယ့် ရောဂါ များ ဖြစ်ပါ တယ်။ ကျောက် ကပ်ရောဂါဖြစ်ပုံကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

Sunday, September 29, 2013

ပါကစ္စတန် ဖောက်ခွဲမှု လူ ၃၀ ကျော် သေဆုံး

ပေါက်ကွဲမှု ကြောင့် လူ ၃၀ ကျော် သေဆုံး

ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့မှာ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၃၀ ကျော်သေဆုံးပြီး ၇၀ ဒဏ်ရာရခဲ့ပါတယ်။

လူစည် ကားတဲ့ ဈေးတ ဈေးမှာ ဒီနေ့ တနင်း ဂနွေနေ့ မနက်မှာ ဗုံး ၂ လုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ဒီဗုံးပေါက်ကွဲမှုကြောင့် ဈေးဆိုင်တွေ မော်တော်ကားတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။

မော်တော်ကား တစီးပေါ်မှာ အချိန် ၂၀၀ ကီလိုဂရမ်ရှိတဲ့ ဖောက်ခွဲပစ္စည်းတွေ တင်ဆောင်ပြီး ရဲစခန်းအနားမှာ ကားရပ်နား ပါကင်ထိုးပြီးမှ ဖောက်ခွဲခဲ့တာလို့ ရဲအဖွဲ့က သံသယရှိပါတယ်။

အခု ဗုံးပေါက်ကွဲမှုဟာ တပတ်အတွင်း တတိယ အကြိမ်ပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

သံတွဲမြို့မှာ သာမန် အငြင်းပွားရာကနေ ရုတ်ရုတ်သဲသဲ ဖြစ်

ရခိုင်ဒေသမှာ သာမန် အငြင်းပွားမှုတွေကနေ အကြမ်းဖက် ဆူပူမှုတွေ အထိ ဖြစ်ခဲ့

ရခိုင်ပြည်နယ် သံတွဲမြို့မှာ စနေနေ့က ကမန် အမျိုးသား ပါတီက ဦးကျော်စံလှရဲ့ အိမ်ရှေ့ အဝင်အထွက်မှာ ဆိုင်ကယ်မလွတ်လို့ အချင်းများရာကနေ လူအုပ်နဲ့ ရဲစခန်းကို သွားဝိုင်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဆိုင်ကယ်သမား လူငယ်လေးကလည်း လူရည်မွန်လေး တဦး ဖြစ်သလို ဦးကျော်စံလှကလည်း မြို့မိမြို့ဖ တဦး ဖြစ်ကြောင်း၊ ဒါပေမယ့် အချင်းချင်း နားလည်မှု လွဲရာကနေ အချင်းများခဲ့တာ ဖြစ်ကြောင်း၊ ဒီသာမန် အငြင်းပွားမှုကို အခွင့်ကောင်း ယူပြီး လှုံ့ဆော်သူတွေ ရှိခဲ့တာကြောင့် အခုလို လူစုလူဝေးနဲ့ ရုတ်ရုတ်သဲသဲ အဆင့်ထိ ရောက်သွားတာလို့ သံတွဲခရိုင် NLD ဥက္ကဌ ဦးဝင်းနိုင်က ဘီဘီစီကို ပြောပြပါတယ်။

ရန်ကုန်မြို့ရှိ လူဦးရေ သုံးသန်းကျော် နေ့စဉ်ရထားအသုံးပြု သွားလာနိုင်ရန် ဂျပန်က ကူညီစီစဉ်ပေးမည်

မြို့ပတ်ရထားစီး ပြည်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

လာမည့် အနှစ် ၂၀ အတွင်း ရန်ကုန်မြို့၏ လူဦးရေ သုံးသန်းကျော် နေ့စဉ် ရထားအသုံးပြုနိုင်အောင် စီစဉ်နိုင်မည်ဟု ဂျပန်မှ ခန့်မှန်းထားကြောင်း ရထားဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်မြို့၏ ယာဉ်လိုင်းကျပ်တည်းမှုများကြောင့် ရထားအသုံးပြုသူ အရေအတွက်မှာ နေ့စဉ်များပြား လာနေသော်လည်း ဖြည့်ဆည်းနိုင်သည့် ပမာဏမှာ ရာခိုင်နှုန်း အနည်းငယ် ၀န်းကျင်သာ ရှိနေသေးသည့်အတွက် ရန်ကုန်မြို့ ရထားစနစ်ကို ဂျပန်နှင့် ပူးပေါင်းကာ အဆင့်လိုက် လုပ်ဆောင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် ခန်းမရှေ့ ဟုန်ရှင်းကုမ္ပဏီ အလုပ်သမားများ ဆန္ဒပြမှုအတွက် အလုပ်သမား ခေါင်းဆောင်များကို အမှုဖွင့် တရားစွဲဆို

စက်တင်ဘာ ၂၂ ရက်က သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြသော ဟုန်ရှင်းကုမ္ပဏီ အလုပ်သမားအချို့ကို တွေ့ရစဉ်

ရန်ကုန်မြို့တော် ခန်းမရှေ့တွင် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့သော ဟုန်ရှင်းအလုပ်သမားများအနက် ဦးဆောင်သူ အလုပ်သမား ခေါင်းဆောင်လေးဦးကို စက်တင်ဘာ ၂၈ ရက်တွင် ကျောက်တံတား ရဲစခန်းမှ မမစ (ပ) ၃၅၁/၁၃၊ ပုဒ်မ-၁၈ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

တစ်နိုင်ငံလုံး အပစ်ရပ်ရေးအတွက် တိုင်းရင်းသား ၂ဖွဲ့သာ ညှိနှိုင်းရန်ကျန်တော့ဟု ဦးအောင်မင်းပြော


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ဖွဲ့ထဲက ၁၄ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိထားပြီး ကျန်တဲ့နှစ်ဖွဲ့ဖြစ်တဲ့ ကချင်နဲ့ ပလောင်အဖွဲ့တို့တွေနဲ့ နောက်နှစ်ပတ်အတွင်း သဘောတူညီချက်ရအောင် လုပ်သွားမယ်လို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောဆိုလိုက်ပါတယ်။

Posted by

ရခိုင်ပြည်နယ်၌ ဥပဒေစိုးမိုးမှုမရှိ၊ လုံခြုံရေးနှင့်တည်ငြိမ်မှုကင်းမဲ့နေဆဲဟု သူရဦးရွှေမန်းပြော


ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးတို့ လက်ရှိအချိန်မှာ ကင်းမဲ့နေတယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက စက်တင်ဘာ ၂၉ရက်နေ့က ပြောဆိုလိုက်ပါတယ်။

Posted by

လက်ပန်းတောင်းအရေးသေချာဆောင်ရွက်ဖို့ အစိုးရကော်မရှင်ကို ဆန္ဒပြတောင်းဆို

Latpadaung copper mine protest match, September 29, 2013 photo by activists

လက်ပံတောင်း စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အကောင်အထည်ဖော်တဲ့ ကော်မတီက လက်ပံတောင်းကြေးနီစီမံကိန်း အရေးဆောင်ရွက်တဲ့နေရာမှာ သိသိသာသာ ဆောင်ရွက်မှု မရှိတဲ့အတွက် ဒေသခံတွေက စက်တင်ဘာလ ၂၉ ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြပွဲတွေကို တကျော့ပြန်စတင်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ လက်ပံတောင်း စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်တချို့ကလည်း အစီရင်ခံစာ အကောင်အထည်ဖော်ရေးကော်မတီရဲ့ဆောင်ရွက်ချက်တွေဟာ ပွင့်လင်းမှု မရှိဘူးဆိုပြီး ဝေဖန်လိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ လက်ပံတောင်းအရေး သတင်းရယူထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

Cookie Stealing (သူတစ်ပါး၏ Facebook ကို Password မသိဘဲ ခိုးသုံးနည်း)

MinMinITSolutions မှာတွေ့လို့ ပြန် share လိုက်ပါတယ်။ ဟက်ကင်း(hacking) ပညာတစ်ခုပါ။ ခက်လည်းခက်သလို လွယ်လည်းလွယ်ပါတယ်။ Facebook တင်မကဘူး။ တခြား social networking ကိုလည်း ဟက်လို့ရတယ်ထင်ပါတယ်။ MHU က Hearless ရေးထားတာဖြစ်ပါတယ်။အောက်ပါအတိုင်း ဒေါင်းလုတ်ဆွဲပါ။ အဆင်ပြေပါစေ။


Download => Link 1 / Link 2 / Link 3
 
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org
 

အင်္ဂလိပ်စာအသုံးအနှုန်းတိုးတက်ကောင်းမွန်ရေးအတွက် (စာ) တည်းဖြတ်ရန် အကြံပြုချက် (၇) ချက်


 အင်္ဂလိပ်စာအသုံးအနှုန်းတိုးတက်ကောင်းမွန်ရေးအတွက် (စာ) တည်းဖြတ်ရန် အကြံပြုချက် (၇) ချက်

သင့်ရဲ့ အရေးအသားဟာ မှန်ကန်ကြောင်း သင်ဘယ်လိုသေချာအောင်လုပ်ပါသလဲ? စကားပြေ ရေးသားတယ် ဆိုတာ အများအားဖြင့်တော့ သင့်တော်တဲ့ စကားလုံးတွေကို အသုံးပြုသွားတာပဲဖြစ်ပါတယ်။ အဲဒီလိုလုပ်နိုင်ဖို့အတွက် အကြံပြုချက် (၇) ချက်ကို ဖော်ပြလိုက်ပါတယ်။
  1. မသိသေးတဲ့ စကားလုံးတစ်လုံးရဲ့ အဓိပ္ပါယ်ကို ရှာဖွေပါ။ အဲဒီစကားလုံးကို အသုံးမပြုခင် ၄င်းရဲ့ အဓိပ္ပါယ်ကို နားလည်အောင် သေသေချာချာ လုပ်ပါ။ လတ်တလော သင်ဖတ်ခဲ့ဘူးတဲ့ ကြားခဲ့ဘူးတဲ့ စကားလုံးတစ်လုံးကို အသုံးပြုရေးသားဖို့ရာ လွယ်ပါတယ်။ ဒါပေမဲ့ အဲဒီစကားလုံးရဲ့ အဓိပ္ပါယ်သတ်မှတ်ချက် (definition) နဲ့ ၄င်းရဲ့ ဂယက်အနက် (connotation) တို့ကို နားလည်ပြီလို့ မှားယွင်းစွာ ယုံကြည်ပြီး အသုံးပြုလိုက်ပါက စာဖတ်သူတွေကို ရှုတ်ထွေး (confuse) စေတဲ့အပြင် မရည်ရွယ်ဘဲနှင့် လှည့်စား (mislead) သလိုဖြစ်သွားနိုင်ပါတယ်။ တစ်ခါမျှ မသုံးဘူးသေးတဲ့ဝေါဟာရ တစ်လုံးကို အသုံးမပြုခင် နှစ်ခါပြန် စစ်ဆေး (double-check) ပါ။ (အဓိပ္ပါယ်သိတယ်လို့ ထင်ထားပြီး အရင်က သုံးခဲ့ဘူးတဲ့ စကားလုံးများကိုလည်း အဲဒီလိုပဲ လုပ်သင့်ပါတယ်။)

အမေရိကန်ဗီဇာ ကံစမ်းမဲ ဆယ်တန်းအောင်ပြီးသူတွေ မြန်မြန်လျှောက်ကြဖို့ တိုက်တွန်း


အခြေခံပညာအထက်တန်း အောင်မြင်ပြီးသူတွေ အမေရိကန်ဗီဇာရဖို့အတွက် DV form တွေ အမြန်ဆုံးလျှောက်ကြပါလို့ အမေရိကန်ကောင်စစ်ဝန်က စက်တင်ဘာ ၂၇ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

Posted by

MyanPay မှငွေများကို မိမိရဲ့ မြန်မာဘဏ်Account ထဲသို့လွှဲနည်း

မြန်မာနိုင်ငံကနေ pay pal အကောင့်တွေဖွင့်ပြီး ပိုက်ဆံကို မြန်မာငွေအနေနဲ့ဘယ်လိုပြန်ထုတ်မလဲ ဆိုတာကိုမေးထားတဲ့ အစ်ကိုတွေအတွက်ပါ။ ကျွန်တော်တို့ဆီမှာ အသုံးပြုနေကြတဲ့ Pay Pal လိုပဲ MyanPay  ဆိုတဲ့ online banking ကိုအသုံးပြုပြီး ထုတ်ရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဆီမှာ Bank account ရှိထားရမှာဖြစ်ပြီး MyanPay account လည်းရှိထားမှအဆင်ပြေပါလိမ့်မယ်။ အသေးစိတ်ကိုတော့ အောက်မှာ လေ့လာနိုင်ပါတယ်ဗျာ။

အင်တာနက်မှာ ငွေရှာပြီး ငွေထုတ်ချင်သူများအတွက် နည်းလမ်းများ နှင့် PayPal ကြော်ငြာချက် ( Special Offer , Special Discount %%% )

အွန်လိုင်းမှာ အရမ်းအသုံးတည်းနေတဲ့ online banking လေးတစ်ခုဖြစ်တဲ့ pay pal အကြောင်းလေးပါ။ အရင်တုန်းက pay pal account ဖွင့်နည်းတွေကျွန်တော် တင်ပေးထားပါတယ်။ ပိုက်ဆံကို ဘယ်လို ထုတ်ရမလဲတို့၊ ပိုက်ဆံဘယ်လိုရှာရမလဲတို့ ပြောနေကြတဲ့ မိတ်ဆွေတွေအတွက်ပါ။ MM IT Helper ရေးသားထားတာလေးကို ပြန်လည် မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်ဗျာ။ အောက်မှာ အသေးစိတ်ရေးပေါးထားပါတယ်။

အမေရိကန် နိုင်ငံ ပြည်ဝင်ခွင့် DV ဗီဇာကို တက္ကသိုလ် ၀င်တန်း အောင်သူ မည်သူမဆို လျှောက်ထားနိုင်

 
ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးကို အမေရိကန် နိုင်ငံမှ အခြေချ နေထိုင်ခွင့်ပြု ခဲ့ရာ မြန်မာနိုင်ငံ အနေဖြင့် ပြည်ဝင်သူ ဦးရေ နည်းပါးသည့် စာရင်းတွင် ပါဝင်နေသည့် အတွက် ပညာ အရည်အချင်း အနိမ့်ဆုံး တက္ကသိုလ် ဝင်တန်းအောင် မြန်မာနိုင်ငံ သား မည်သူမဆို အောက်တိုဘာ ၂ ရက်မှစပြီး www.dvlottery.state.gov မှ လျှောက်ထား နိုင်ပြီဖြစ် ကြောင်း ယမန်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ မဟာ ဗန္ဓုလလမ်း ရှိ YMCA ခန်းမ၌ ကျင်းပသော အမေရိကန် နိုင်ငံ ပြည်ဝင်ခွင့် DV ဗီဇာ ကံစမ်းမဲ သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန်သံရုံး မှ Vice Consul. Jonathan Chestnut က ပြောကြား ခဲ့ကြောင်း သိရသည်။

Saturday, September 28, 2013

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့် ရရှိသည့် ပုဂ္ဂလိက ကုမ္ပဏီများ အနေဖြင့် ဓာတ်အားခကို ဖြစ်သင့်သည်ထက်ပို၍ မြင့်တက်ရောင်းချခြင်းများ မရှိစေရန် အစိုးရမှ ဈေးနှုန်းသတ်မှတ် ထိန်းချုပ်မည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

 

စက်တင်ဘာ ၂၈ ရက်က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံးတွင် ပြုလုပ်သည့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ မီဒီယာတွေ့ဆုံပွဲကို တွေ့ရစဉ် (ဓာတ်ပုံ - ဝေယံဖြိုးဦး)

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့် ရရှိသည့် ပုဂ္ဂလိက ကုမ္ပဏီများ အနေဖြင့် ဓာတ်အားခကို ဖြစ်သင့်သည်ထက်ပို၍ မြင့်တက်ရောင်းချခြင်းများ မရှိစေရန် အစိုးရမှ ဈေးနှုန်းသတ်မှတ် ထိန်းချုပ်မည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံး၌ ပြုလုပ်သည့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မီဒီယာများ တွေ့ဆုံပွဲတွင် Daily Eleven သတင်းစာ၏ "လက်ရှိအချိန်တွင် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီများကို ခွင့်ပြုပေးလျက်ရှိကြောင်း ၎င်းတို့မှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားများကို လက်ရှိဓာတ်အားခ နှုန်းထားများထက် ပိုသောနှုန်းဖြင့် ရောင်းချမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း၊ ထို့ကြောင့် အဆိုပါ ကုမ္ပဏီများအား ရောင်းချရမည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို ၀န်ကြီးဌာန အနေဖြင့် သတ်မှတ်ပေးထားခြင်း ရှိ၊ မရှိ" မေးခွန်းကို ပြန်လည်ဖြေရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

သိမ်းဆည်းလယ်ယာမြေ တချို့ ပြန်ပေးမယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြော

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ အစိုးရပိုင် သတင်းစာတိုက်တွေနဲ့ ပုံနှိပ်စက်ရုံတွေအတွက်ဆိုပြီး သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲကလယ်မြေဧက၂ဝဝ ကျော်ကို နေပြည်တော်ကောင်စီကတစ်ဆင့် တောင်သူတွေဆီ ပြန်ပေးမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

မြန်မာ့တယ်လီကွန်း လိုင်စင်အတွက် ပြင်သစ်အခြေစိုက် Orange နှင့် တရုတ်၊ ဂျပန် ကုမ္ပဏီများကလည်း စီးပွားရေးအဖွဲ့ ဖွဲ့စည်းကာ နောက်ဆုံးအဖြေကို စောင့်ဆိုင်းနေ

 

တယ်လီဖုန်းသိပ်သည်းဆ နည်းပါလျက် ရှိနေသော မြန်မာနိုင်ငံတွင် ၁၅၀၀ ကျပ်တန် ဖုန်းဆင်းမ်ကတ်များကို မဲနှိုက်နေစဉ် တွေ့ရပုံ (ဓာတ်ပုံ-ကေခိုင်ဝင့်)

မြန်မာအစိုးရက ပေးအပ်မည့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်အတွက် အရန်အဖြစ် ရွေးချယ်ခံထားရသည့် ပြင်သစ်နိုင်ငံ အခြေစိုက် Orange နှင့် HTC၊ ဂျပန်မှ မာရူဘဲနိ ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ ချောင်ဟွာတယ်လီကွန်း CHT တို့က စီးပွားရေးအဖွဲ့ ဖွဲ့စည်းကာ နောက်ဆုံးအဖြေကို စောင့်ဆိုင်းနေကြောင်း သိရသည်။

iPad mini ရွှေရောင်ထွက်မည်ဟုဆို

တရုတ်ပြည် အခြေဆိုက် သတင်းဌာနများရဲ့  ရေးသား ပြောဆိုမှုများ ပဲ ဖြစ်ပါတယ်။ Apple ရဲ့  မီနီ ဗားရှင်း iPad mini ဒုတိယ မျိုးဆက် ကို ရွှေရောင် ဗားရှင်း ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။

Google တို့ စတင်ရာ ဂိုဒေါင်

ပြီးခဲ့တဲ့ သောကြာနေ့က Google တို့ ကုမ္မဏီ ၁၅ နှစ်ပြည့် အခမ်းအနား ငယ်လေးကို ဂိုဒေါင်လေးတစ်ခုမှာ ကျင်းပခဲ့ ပါတယ်။
နယ်နယ်ရရ ဂိုဒေါင်တော့ မဟုတ်ပါဘူး။ လက်ရှိ ကမ္ဘာ့ အကြီးဆုံး အိုင်တီ ကုမ္မဏီကြီး တစ်ခု ဖြစ်လာဖို့အတွက် လယ်ရီပေ့နဲ့ ဆာဂျီဘင်းတို့ အစပြုခဲ့တဲ့ ဂိုဒေါင်လေး ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် Menlo Park နားက သူငယ်ချင်း တစ်ယောက်ရဲ့  အိမ်မှာပါ။ Search Engine အတွက် Server ကိုလည်း အဲ့ဂိုဒေါင်မှာပဲ တစ်ခါတည်း တည်ထားခဲ့ခြင်း ဖြစ်ပါတယ်။

လူသုံးများ Programming ပညာ အခမဲ့လေ့လာရာ ဝဘ်ဆိုဒ်

www.w3schools.com

အပြင်မှာ Programming အတွက် သင်တန်းကြေးတွေ ဘယ်လောက် ကုနတယ် ဆိုတာ အားလုံးသိထားတဲ့အတိုင်းပါပဲ။ ဒါကြောင့် အကောင်းဆုံး ကျော်ဖြတ်နည်းကတော့ Self Study ပါ။


ဒီလို Self Study လုပ်ဖို့ဆိုတာ လွယ်လွယ်ကူကူနဲ့ ရှင်းလင်းပြသပေးထားတဲ့ ဆိုဒ်တွေ ရှိဖို့လိုပါတယ်။ ယခု Share ပေးမယ့် ဆိုဒ်လေးကတော့ တကယ်ရှင်းလင်းပါတယ်။ မြန်မာပြည်က Beginner အတော်များများလည်း အသုံးပြုနေကြ ပါတယ်။

HTC One Max တွင် လက်ဗွေစနစ်ပါဝင်မည်

အရွယ်ကြီး Phablet ဖုန်း အဖြစ် ထွက်ရှိမယ့် ထိုင်ဝမ်ရဲ့  HTC Max သတင်း တစ်ခုပါ။ လက်ဗွေ သုံး  လုံခြုံရေးစနစ် ပါဝင်လာမယ်လို့ တရုတ်ပြည် အခြေဆိုက် သတင်းဌာန အများစုက ဖော်ပြလျက် ရှိနေကြပြီး HTC အတည်ပြုမှုကိုလည်း စောင့်ဆိုင်းလျက် ရှိပါတယ်။

Programming ဘယ်လိုလေ့လာမလဲ

Programming ကို စိတ်ဝင်စားပေမယ့် ဘယ်ကနေ စလို့ ဘယ်လို လေ့လာ ရမှန်း မသိသူများ အတွက် wikihow က ဆောင်းပါးကိုပဲ ဆီလျော်သလို ဘာသာပြန်ပေး လိုက်ရ ပါတယ်။

Decide your goal

Programmer လို့သာ ခေါင်းစဉ်တပ်လိုက်တာ။ ရွေးစရာလိုင်းတွေက အများကြီးပဲ။ Web လား၊ Software လား၊ Desktop Application လား၊ System လား အစရှိသဖြင့် ရွေးစရာတွေ အများကြီးပဲ။ ကိုယ်က စက်ရုပ် တီထွင်တဲ့ ပညာရှင်ဖြစ်ချင်တာလား၊ OS လုပ်ချင်တာလား၊ ဖုန်း Application လုပ်ချင်တာလား၊ Web application လုပ်ချင်တာလား အစရှိသဖြင့် သီးသန့်လမ်းကြောင်းတစ်ခုကို အရင်ဆုံး Choice လုပ်ရပါအုံးမယ်။ အဲဒါလုပ်ပြီး ပန်းတိုင်ကို သေချာ ချထားမှ အကောင်းဆုံး လုပ်နိုင်မှာ ဖြစ်ပါတယ်။

Android အတွက် စွယ်စုံသုံး Android Tuner v0.11.2 Apk (Latest Version) လာပါပြီ

 Android အတွက် စွယ်စုံသုံး ဆော့ဝဲလ် Android Tuner v0.11.2 Apk (Latest Version) လာပါပြီဗျာ။ Android ဖုန်းတစ်လုံးးရဲ့ battery, cpu, network, memory ကိုစောင့်ကြည့်ထိန်းသိမ်ပေးခြင်း၊ မလိုအပ် တဲ့ ဆော့ဝဲလ်တွေ ကို uninstall လုပ်ခြင်း၊ Android ဖုန်းကို မြန်ဆန်သွက်လက်အောင် ဆောင်ရွက်ပေးခြင်း။ Android ဖုန်းတစ်လုံးရဲ့ နောက်ကွယ်မှာ run နေတဲ့ programs တွေကို ပိတ်ပေးခြင်း၊ ဖုန်းကို backup/restore လုပ်ပေးခြင်း၊ System app များကို ဖျက်ထုတ်နိုင်ခြင်း၊ Android ဖုန်းကို Reboot, Recovery , Bootloader, shudtdown လုပ်နိုင်ခြင်း အစရှိတာတွေကိုလုပ်ဆောင်နိုင်ပါတယ်။ APN, BT discovery, GPS & WiFi Localization ကိုဒီဆော့ဝဲလ်နဲ့

တိမ်ကောကွယ်ပျောက်နေသော လူမျိုးစုများဓာတ်ပုံပြပွဲ ဖွင့်လှစ်၊ အမျိုးသားပြတိုက်ကိုလှူမည်ဟုဆို


မြန်မာပြည်က တိမ်ကောကွယ်ပျောက်နေတဲ့ လူမျိုးစုများဆိုတဲ့အမည်နဲ့ ပြသထားတဲ့ ဓာတ်ပုံတွေဟာ မြန်မာပြည်အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် ခြေလှမ်းတစ်လှမ်းဖြစ်တယ်လို့ ယုံကြည်တဲ့အကြောင်း ဓာတ်ပုံဆရာ ရစ်ချတ် ဒီရန်က စက်တင်ဘာ ၂၈ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

Posted by

iPhone 5S နှင့် ယှဉ်ပြိုင်ရန် ရွှေရောင် Galaxy S4 ကို Samsung ထုတ်လုပ်


Apple ကုမ္ပဏီက ရွှေရောင် iPhone 5S ကို ထုတ်လုပ်ရောင်းချပြီး မကြာမီမှာပင် ပြိုင်ဘက် Samsung ကလည်း ရွှေရောင် Galaxy S4 စမတ်ဖုန်းများကို စတင် မိတ်ဆက်လာခဲ့သည်။ တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီးက မိမိတို့သည် Limited Edition အဖြစ် ရွှေရောင် Galaxy S4 နှစ်မျိုးကို ရောင်းချသွားမည်ဟု အတည်ပြု ကြေညာခဲ့သည်။ အဆိုပါ ရွှေရောင် စမတ်ဖုန်း နှစ်မျိုးတို့သည် အမျိုးသားနှင့် အမျိုးသမီးတို့ ကြိုက်နှစ်သက်မှု ကွာခြားပုံကို မူတည်ပြီး အရောင် တွဲစပ်မှုကို အပြောင်းအလဲ ပြုလုပ်ထားသည်။ အမျိုးသားများအတွက် ပစ်မှတ်ထားဟန်ရှိသည့် Galaxy S4 တွင် ဘောင်ကို ရွှေရောင် ကွပ်ထားပြီး ရှေ့ဘက်က အညိုရောင် ဖြစ်သည်။ အမျိုးသမီးများ

CCleaner ကို တကယ့် Pro တစ်ယောက်လို အသုံးပြုနည်း


Windowsမှာ Disk Cleanup Tool ပါရှိပေမယ့် CCleanerက Disk Cleanup Tool မလုပ်ပေးနိုင်တဲ့ စွမ်းဆောင်ရည်တွေ ပါရှိပါတယ်။အသုံးပြုရတာလည်း လွယ်ကူကောင်းမွန်တဲ့ အတွက်ကွန်ပြူတာတိုင်းမှာ ဆောင်ထားသင့်တဲ့ Applicationတစ်ခုပါ။ CCleanerက Temporary Files , Private Dataတွေ ဖြစ်တဲ့ အင်တာနက်အသုံးပြုမှု  History, Cache, Cookiesတွေကို ရှင်းပေးနိုင်ပါတယ်။ Drive-Wiping Tool, Registry Cleanerစတဲ့ Toolsတွေလည်း ပါရှိပါတယ်။ ဒါပေမယ့် တော်တော်များများက CCleanerကို ကောင်းမွန်စွာ အသုံးမချတတ်သေးတာကို တွေ့ရပါတယ်။အဲဒီအတွက် ဒီဆောင်းပါးမှာ CCleanerကို ကောင်းမွန်စွာ အသုံးချနည်းတွေကို ရေးပါမယ်။

Click တစ်ချက်တည်းနဲ့ Root လုပ်လို့ရတဲ့ One Click Root

ဒီ software လေးကတော့ click တစ်ချက်နှစ်လိုက်တာနဲ့ Root လုပ်ချင်တဲ့ မိတ်ဆွေတွေအတွက်ပါ။
တကယ့်ကိုတစ် click တစ်ချက်တည်းပါ။ ဒါပေမဲ့ သတိထားစေချင်တာကတော့ ကိုယ် Root လုပ်ချင်တဲ့ phone ရဲ့ USB Driver ကိုတော့ computer မှာ Run ပေးထားရမှာပါ။ အဲ့လိုမှ အဆင်ပြေမှာပါ။ ကျွန်တော် Root tool တွေတင်ပေးတိုင်းသတိပေးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်ကိုယ်တိုင် driver မ run ပဲ software နဲ့ပဲ Root လုပ်တာ ခုနှစ်ရက်ကြာပါတယ်။ ပြီးတော့ phone မှာလည်း USB Debugging ကို on ထားပေးပြီး unknown sources ကို အမှန်တွေ on ပေးထားရမှာဖြစ်ပါတယ်။

paypal အကောင့် အသစ်အလွယ်တစ်ကူ တည်ဆောက်ခြင်း

 
paypal အကောင့် တည်ဆောက်နည်းပါ။ ဒီနေရာမှာနိုင်ငံခြားမှာရှိနေတဲ့ မိတ်ဆွေတွေကတော့ paypal
အကောင့် ကိုအလွယ်တစ်ကူဖွင့် နိုင်ပါတယ်။(ဘာအခက်အခဲမှမရှိပါဘူး) မြန်မာပြည်ကမိတ်ဆွေတွေအနေနဲ့ ကတော့  နဲနဲခက်ဲပါတယ်။အခန့် မသင့် ရင်တော့ limited လုပ်တာကိုခံရမှာဖြစ်ပါတယ်။ပထမတစ်ခေါက်တုန်းက
ဖော်ပြပေးခဲ့ ဘူးပါတယ်

အရေးပေါ် သတိပေးချက် ၀န်ဆောင်မှု Twitter စတင်


လူမှုကွန်ရက် Website တစ်ခုဖြစ်သည့် Twitterသည် အစိုးရ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော NGO အဖွဲ့အစည်းများသို့ သဘာ၀ဘေး သို့မဟုတ် အရေးပေါ် အခြေအနေ သတိပေးချက်များကို ဖုန်းများဆီသို့ တိုက်ရိုက်သတင်းပေးပို့သည့် ၀န်ဆောင်မှုကို စတင်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။ အသုံးပြုလိုသူများသည် Twitters Alertsတွင် ၀င်၍ Sign Up လုပ်ရန်လိုပြီး Twitterက လက်ခံလျှင် Alert ဆိုသည့် အမှတ်အသားပေါ်လာမည် ဖြစ်သည်ဟု သိရသည်။

Your-freedom မှာaccount ဖွင့် ပြီး poxyအလွယ်ကျော်ကြမယ်

your -freedom အကောင့် သစ်ဖွင့် ပြီး poxy ကျော်ကြမယ်။ poxy ကကျော်တယ်ဆိုတာဘာလဲ ....? poxy ကျော်တယ်ဆိုတာ ပိတ်ထားတဲ့  website တွေကိုဝင်ရောက်မရနိုင်တဲ့ အခါမျိုးမှာအသုံးပြုကြရပါတယ်။(ဥပမာ-  ) paypal account ကိုမြန်မာနိုင်ငံကနေဖွင့် မယ်ဆိုရင်ဒီနည်းလမ်းကိုအသုံးပြုပြီးဖွင့် နိုင်ပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံကနေ Paypal အကောင့်ကို ဖွင့်မယ်ဆိုရင် တိုက်ရိုက်ဖွင့်လို့ မရသေးပါဘူး မြန်မာနိုင်ငံ IP address နဲ့ဆိုရင် Paypal အကောင့်ကို ချက်ချင်း Limited လုပ်လိုက်မှာပါ။ မြန်မာကနေ Paypal ကို သုံးချင်တယ်ဆိုရင် Proxy ဆော့ဝဲတွေကို သုံးပြီးတော့မှ ရပါလိမ့်မယ်။ အခု ဒီမှာတော့ Proxy ကျော်ဖို့အတွက် Your-freedom ဆော့ဝဲကို အသုံးပြုပါတယ်။ အဲဒီဆော့ဝဲကို အသုံးပြုဖို့အတွက်ဆိုရင် http://www.your-freedom.net/ မှာ အရင်ဆုံး Register လုပ်ဖို့လိုပါတယ်။

facebook လော့ကျတာနှင့်  hack ခံရသောအကောင့် အားပြန်ယူနည်း

facebook လော့ ကျသွားလို့ စိတ်ညစ်နေလား .......? စိတ်မညစ်ပါနဲ့  တကယ်တော့ လတ်တလောပြောင်းလဲသွားတဲ့ policy တွေကြောင့် facebook ကလုံခြုံရေးတွေကိုတိုးမြှင့် ပြီးတင်းတင်းကျပ်ကျပ်ကိုင်တွယ်လိုက်တော့ အားလုံးအနည်းနဲ့ အများဒုက္ခရောက်ရ
တာပါ။ဒီနေရာမှာ လော့ ကျ တဲ့ အကောင့် ဖြစ်ဖြစ် hack ခံရတဲ့ အကောင့် ဖြစ်ဖြစ်ပြန်လည်ရယူနိုင်မဲ့ နည်းလမ်းကောင်းလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
မိမိတို့ အကောင့် ကိုပြန်ယူမယ်ဆိုရင်ဒီနည်းလမ်းလေးကိုသုံးပါခင်ဗျာ။password ပြောင်းပေးရမှာဖြစ်ပါတယ်။
ပြီးတော့ security မေးခွန်းကိုသေသေချာချာမှတ်ထားပေးရင်အဆင်ပြေပါပြီ။ဒီနေ့ နံက်မှာကျွန်တော်အကောင့်နှစ်ခုကို
စမ်းသပ်ခဲ့ ပါတယ် အကောင့် တစ်ခုကတော့ ရပါတယ် ။နောက်အကောင့် တစ်ခု က facebook က နောက်တစ်နည်းနဲ့ လုပ်ရမှာဖြစ်လို့ အဲဒီနည်းလမ်းကိုနောက်မှဆက်ပြီးရေးပေးပါမယ်ခင်ဗျာ။100% နှုန်း working ပါ။အားလုံးပဲဆင်ပြေပါစေဗျာ။

Friday, September 27, 2013

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအမြင်ပြောင်း

၆၈ ကြိမ်မြောက် ကုလအထွေထွေ ညီလာခံသို့ တက်ရောက်လာသော မြန်မာကိုယ်စားလှယ်အဖွဲ့မှ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် (ဝဲ) နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (လယ်) ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး(ယာ) တို့အား အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကဏ္ဍမှာတွေ့ရစဉ်။(စက်တင်ဘာ ၂၇၊ ၂၀၁၃)

 ကုလသမဂ္ဂနဲ့ ဆက်ဆံရေးတိုးတက်လာတဲ့အတွက် မြန်မာနိုင်ငံရဲ့စီးပွားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေမှာ နိုင်ငံတကာရဲ့ ကူညီမှုတွေ ပိုပြီး အားကောင်းလာတယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဒေါက်တာဇော်ဦးက ဗွီအိုအေကို ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာလည်း နယူးရောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို ရောက်ရှိနေကြပါတယ်။

ခေတ်၏ မြေစာပင်များ

 
တစ်နေ့မနက် လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး ဝယ်လာတဲ့ ဂျာနယ်လေးဖတ်ရင်း ဇိမ်ခံမယ်အောင့်မေ့မိပါတယ် ရိုက်သံတွေ ငိုသံတွေ ပေါ်လာလို့ အသံကြားရာဘက် လှမ်းကြည့်မိတယ်။ စားပွဲထိုးလေးက ပန်းကန်ကျကွဲသွားလို့ ပိုင်ရှင်က မျက်နှာကို လက်သီးနဲ့ထိုးလိုက်ပုံရပါတယ်၊ ကလေးနှုတ်ခမ်းမှာသွေးတွေ၊ ပါးမှာမျက်ရည်တွေကိုပါ တွေ့ရပါတော့တယ်။
ကျွန်တော်ဟာ ကျောင်းဆရာတစ်ယောက်ဘဝမှာ ကျင်လည်ခဲ့တာကြောင့် ကျောင်းနေအရွယ်ကလေးတွေ ကျောင်းတက် မနေဘဲ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ အလုပ် လုပ်နေတာတွေ့ရရင် ရင်ထဲမှာ နာကျင်ခံစားရပါတယ်။

iPhone 5S တစ်လုံး ကျပ် ၁ဝ သိန်းဖြင့် မြန်မာပြည် ဈေးကွက်သို့ဝင်ရောက်

 

 i Phone 5S တစ်လုံးလျှင် အနည်းဆုံး ၁ဝ သိန်းကျော်ဖြင့် မြန်မာနိုင်ငံ ဈေးကွက်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း မိုဘိုင်းဖုန်း အရောင်းအဝယ် လုပ်ငန်းရှင်များထံမှ သိရသည်။ အဆိုပါ ဈေးနှုန်းမှာ နိုင်ငံတကာတွင် ကန်ဒေါ်လာ ၇ဝဝ ကျော် ပေါက်ဈေးထက် တစ်ဝက်နီးပါး မြင့်တက်နေပြီး အရောင် အမျိုးအစားကို လိုက်၍ ဈေးနှုန်း အပြောင်းအလဲရှိကြောင်း သိရသည်။ ယင်းသို့ ဈေးနှုန်း မြင့်တက်ရသည့် အကြောင်းရင်းမှာ i Phone မှာယူ တင်သွင်းသော နိုင်ငံဈေးနှုန်း ကွာခြားချက်ပေါ် မူတည်၍ ပြောင်းလဲခြင်းဖြစ်ကြောင်း လူကြီးမင်းဖုန်းဆိုင်မှ မန်နေဂျင်း ဒါရိုက်တာ ဦးကိုကိုအောင်က ဆိုသည်။ ယင်းက “ဒီကနေ မှာတဲ့သူတွေက စင်ကာပူက မှာသလို၊ အမေရိက ကနေ ဝယ်တာ ရှိတယ်၊ ဝယ်တဲ့ နိုင်ငံတစ်ခုနဲ့ တစ်ခု ကွာတဲ့အတွက် ဈေးနှုန်း ပြောင်းလဲတယ်၊ ဒီမှာက တရားဝင် ကိုယ်စားလှယ် အရောင်းဆိုင် မရှိရင် ဈေးနည်းနည်း များတယ်၊ အဲဒီအတွက် နိုင်ငံခြားက ဝယ်ပြီး သွင်းရတဲ့ အတွက်

Version 4.1.2 တွေမှာ မြန်မာစာအမှန်ပေါ်အောင်ပြင်ပေးမယ့် OrientMyanmarZawgyi ထွက်ရှိ

Huawei တွေမှာမြန်မာစာအရေးအဖတ်လုံးဝမှန်မည်... ဤမြန်မာဖောင့်အား Orient အဖွဲ့၏လက်အောက်တွင်ထားရှိမည်ဖြစ်ပြီး... အခကြေးငွေဖြင့်သာဖြန့်ချီမည်ဖြစ်သည်...

Huawei Android ver 4.1 / 4.2 series တွေ မှာ မြန်မာစာ အမှန်အတိုင်း မမြင်ရတဲ့ အတွက်