Monday, August 26, 2013

Steve Ballmer လည်း Microsoft စီအီးအိုရာထူးမှ အနားယူတော့မည်

လက်ရှိ Microsoft ကုမ္မဏီရဲ့  စီအီးအို ရာထူးကို ရယူထားတဲ့ Steve Ballmer ဟာ တစ်နှစ်အတွင်း အနားယူတော့မှာ ဖြစ်ပါတယ်။

CEO ရာထူးမှအနားယူခြင်းကိုဆိုလိုခြင်း ဖြစ်ပါတယ်။ အခြား ဘာဆက်လုပ်မယ်ဆိုတာတော့ ဘယ်သူမှ မခန့်မှန်း နိုင်သေးပါဘူး။ အသက် ၅၇ နှစ်ရှိပြီ ဖြစ်ပြီး Forbes မဂ္ဂဇင်းရဲ့  ဖော်ပြချက်အရ လက်ရှိ ကမ္ဘာ့ အချမ်းသာဆုံး ၁၇ ဦးမြောက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။

၁၉၈၀ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ကစလို့ ဘီလ်ဂိတ်ရဲ့  Microsoft ဆီမှာ အလုပ် စလုပ်ခဲ့ပြီး ဘီလ်ဂိတ် ပထမဆုံး ခန့်ထားတဲ့ ကုမ္မဏီရဲ့ စီးပွားရေး မန်နေဂျာတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ လခ တစ်လကို ကန်ဒေါ်လာ ၅ သောင်းပေးခဲ့ရာမှာ တစ်နှစ်ထက်တစ်နှစ် ကုမ္မဏီရဲ့ ရှယ်ယာတွေကို ခွဲခွဲပေးခဲ့ပါတယ်။ သိပ်အများကြီး တော့ မဟုတပါဘူး။ ၁၀ ရာခိုင်နှုန်းထက် မကျော်တဲ့ ကုမ္မဏီရှယ်ယာကို ပိုင်ဆိုင်ပြီး နှစ်အတော်ကြာ လုပ်ကိုင်လာရာမှ သက္ကရာဇ် ၁၉၉၈ ခုနှစ်မှာ ကုမ္မဏီ ဥက္ကဌ ရာထူးအဖြစ် စတင် အဆင့်မြင့်ဆုံး အခန့်အပ်ခံရပါတယ်။ သက္ကရဇ် ၂၀၀၀ ခုနှစ်မှာတော့ စီအီးအို ရာထူးကို ရရှိလိုက်ပါတယ်။ ဘီလ်ဂိတ်ကတော့ Chairman နေရာမှာ ရှိနေပြီး နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု ဗိသုကာ ပညာရှင်တစ်ဦးအဖြစ်သာ Ballmer ရဲ့  လုပ်ဆောင်ချက်တွေကို စောင့်ကြည့် ခဲ့ပါတယ်။

အစပိုင်းမှာ အင်မတန်အောင်မြင်မှုရပြီး Microsoft ရှယ်ယာများ ပိုမိုမြင့်တက်စေခဲ့ပါတယ်။ သို့ပေမယ့် Microsof surface Tablet, Windows Phone 8 ထုတ်ဖို့ စိတ်ကူးရရှိလာပြီးနောက်ပိုင်း Microsoft ရဲ့  ရှယ်ယာ ဈေးများ သိသိသာသာကျဆင်းသွားခဲ့ပါတယ်။ ဒါကြောင့် ကုမ္မဏီတွင်းက အခြားအရာရှိကြီးများကိုယ်တိုင် Ballmer ကို စီအီးအို ရာထူးမှ နှုတ်ထွက်စေလိုကြောင်း တောင်းဆိုတဲ့အဆင့်အထိကို ရောက်ရှိလာစေ ခဲ့ပါတယ်။ ဒါကြောင့် Steve Ballmer ဟာ ဘယ်သူမှ မထုတ်ပေမယ့် ၁၂ လအတွင်း အချိန်ယူလို့ Microsoft ရဲ့  စီအီးအို ရာထူးမှ အနားယူသွားမှာ ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကြေညာခဲ့ တာ ဖြစ်ပါတယ်။

Steve Ballmer နေရာမှာ အစားထိုးမယ့် စီအီးအိုကိုတော့ ဘီလ်ဂိတ်နဲ့ ဘုတ်အဖွဲ့က ပြန်လည်ရွေးချယ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: bloomberg
Aung Kham (TSJ team)

No comments:

Post a Comment