Monday, August 26, 2013

Huawei ကို အလဲထိုးမဲ့ Vivo လား


Huawei ရဲ့ P6 …  ပါးလှပါပြီဆိုတဲ့ P6 ၊  အခု China Brand, Vivo, ရဲ့  X3 ဖုန်းကို အရှုံးပေးလို်က်ရပါပြီ။
P6 က ၆.၁၆ မီလီမီတာ ထူပြီး ဒီ X3 က ၅.၇၅ မီလီမီတာ အထူသာ ရှိပါတယ်။  Samsung ရဲ့ S4 က ၇.၉ မီလီမီတာ အထူ ၊ iPhone 5 က ၇.၆ မီလီမီတာ အထူ ရှိနေတဲ့ အချိန်မှာပါ။

ဖုန်းကို ပါးအောင်လို့ ကလိမ်ကကျစ်ဥာဏ်နဲ့ အချို့နေရာမှာပါးထားပြီး ဘက်ထရီ နေရာမှာ ထူထားတဲ့ ဖုန်းမျိုးတော့ မဟုတ်ပါဘူး။  တပြေးညီ level တူ ပါးနေတဲ့ ဖုန်းပါ။ 
Official website မှာ ဝင်ကြည့်ပြီး  Google ရဲ့ ကျေးဇူးနဲ့  translate လုပ်ပြီး ဖတ်ကြည့်တာတော့ သူ့မှာလည်း မခေလှတဲ့ feature တွေ အပြည့်ပါ။
တရုတ်ပြည်မှာ နောက်လ က စလို့ ရောင်းမှာ ဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၄၁၀ ဝန်းကျင်လောက် ဖြစ်ပါမယ်တဲ့ဗျာ။
ခေလှတဲ့ တရုတ်ဖုန်းတွေ တော့ မဟုတ်ကြဘူးဗျ ၊ နော် …...

 
Credit byတူလေး(နည်းပညာသတင်းများ)


No comments:

Post a Comment