Tuesday, August 27, 2013

ရခိုင်ပြည်နယ်တွင် GSM ရေဒီယိုစခန်း ၆ ခု ထပ်မံတပ်ဆင်ရန် စီစဉ် -


ရခိုင်ပြည်နယ်တွင် GSM ရေဒီယိုစခန်း ၆ ခု ထပ်မံတပ်ဆင်ရန် ရှိကြောင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၂၀ ရက်မြောက်နေ့ ကျင်းပရာ၌ သိရသည်။

ရခိုင်ပြည်နယ်အတွင်း မိုဘိုင်းရေဒီယို စခန်းများကို တိုးချဲ့တပ်ဆင် ဆောင်ရွက်ပေးလျက် ရှိရာတွင် ကျွမ်းကျင် ပညာရှင်များနှင့် မြေပြင်အခြေအနေ များတွင် အသေးစိတ် တိုင်းတာတွက်ချက်ကာ လိုအပ်သည့် တာဝါတိုင်များ စိုက်ထူလျှက် ရှိကြောင်း လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၈ ခုတွင် GSM ရေဒီယို စခန်းပေါင်း ၄၇ ခု တည်ဆောက်ထားရှိပြီး တာဝါတိုင် အများစုသည် တိုင်အရှည် ၄၂ မီတာတိုင်များ ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ပြောကြားသည်။ မာန်အောင်မဲဆန္ဒနယ်မှ ဦးအောင်စိန်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။


ပြည်နယ်နှင့် တိုင်းဒေသကြီးများ အားလုံးအတွက် GSM/UMTS တပ်ဆင်မှုများ တိုးချဲ့ဆောင်ရွက်လျက် ရှိကြောင်း ထိုသို့ ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်၌ GSM ရေဒီယိုစခန်း ၆ ခု တပ်ဆင်ပေးရန် လျာထားပြီး ၂၀၁၄-၁၅/၂၀၁၅-၁၆ ဘဏ္ဍာရေး နှစ်များတွင်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ညှိနှိုင်းကာ ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီး ကဖြေကြားခဲ့သည်ဟု သိရသည်။ ရခိုင်ပြည်နယ်ရှိ မြို့များတွင် တာဝါတိုင်အသေးစား၊ အလတ်စားများကို သင့်တော်ရာ တောင်ပေါ်၊ တောင်ကုန်းများတွင် ထပ်မံစိုက်ထူပေးရန် အစီအစဉ်ရှိ၊ မရှိမေးမြန်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

Myanmar internet journal

No comments:

Post a Comment