ရန်ကုန်၊ ဇွန် ၃၀
ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော ဆူဇူကီးကယ်ရီပစ်ကပ်မော်တော်ယာဉ်
အသစ်များကို
တစ်စီးလျှင် အမေရိကန် ဒေါ်လာ ၇၈၇၅ (ကျပ် ၇၈ သိန်း ခန့်) ဖြင့် ဇွန်လ ၃၀
ရက်နေ့က စတင် ရောင်းချနေကြောင်း Myanmar Suzuki Motor Co., Ltd အုပ်ချုပ်မှု
မန်နေဂျာ ဦးရဲထွန်းဦးက The Voice သို့ ပြောကြားသည်။
အဆိုပါဈေးနှုန်းမှာ မော်တော်ယာဉ် တန်ဖိုးအတွက်သာဖြစ်ပြီး ယာဉ် မှတ်ပုံ တင်ခြင်းအတွက် ကုန်ကျစရိတ်များ မပါဝင်ကြောင်း ၎င်းက ပြောဆိုသည်။
ယင်း
ကားသစ်တန်ဖိုး ကျပ် ၇၈ သိန်းခန့်နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု
ဦးစီးဌာနထံ ပေးသွင်းရမည့် အခွန်အခများ ထည့်သွင်းတွက်ချက် ပါက
ကျပ်သိန်းတစ်ရာ ဝန်းကျင် ကျသင့်မည်ဖြစ်ကြောင်း မော်တော် ယာဉ်
ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။
မော်တော်ယာဉ်အတွက် တစ်နှစ်
သို့မဟုတ် ခရီးမိုင် နှစ်သောင်းအထိ အာမခံ ပေးထားပြီး အင်ဂျင်ပါဝါ ၁၀၀၀ စီစီ
ကားများဖြစ်ကာ အပိုပစ္စည်း များကိုလည်း ရောင်းချမည်ဖြစ်ကြောင်း ၎င်းက
ရှင်းပြသည်။
"ဈေးကွက် အနေအထားကို ကြည့်ပြီးတော့
ထုတ်လုပ်ရောင်းချမယ်။ တစ်လ ဘယ်လောက် ထုတ်မယ်ဆိုတာတော့ အတိအကျ
ပြောလို့မရဘူး" ဟု ဦးရဲထွန်းဦးက ဆိုသည်။
လက်ရှိ ပြင်ပမော်တော်ယာဉ်
ဝယ်ရောင်း ဈေးကွက်တွင် ဆူဇူကီး ပစ်ကပ် ကားများနှင့် ပုံသဏ္ဌာန်တူသည့်
အင်ဂျင်ပါဝါ ၆၆၀ စီစီ ဂျပန် တစ်ပတ်ရစ် ကားတစ်စီးလျှင် ကျပ်သိန်း ၆၀
ဝန်းကျင်ခန့်ဖြင့် အရောင်းအဝယ် ပြုလုပ် လျက်ရှိကြောင်း မော်တော်ယာဉ်
ဝယ်ရောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။
ဆူဇူကီး ကယ်ရီ
ပစ်ကပ်ကားသစ်ကို ငွေကြေး ပိုမိုအသုံးပြုနိုင်ပြီး ကားသစ်
ကြိုက်နှစ်သက်သူများသာ ရွေးချယ်နိုင်ဖွယ်ရှိကြောင်းနှင့် အများစုမှာ မူ
ဈေးသက်သာသည့် ဂျပန် တစ်ပတ်ရစ် ကားများကိုသာ ပိုမို ဝယ်ယူကြကြောင်း
မော်တော်ယာဉ် ဝယ်ရောင်း လုပ်ငန်းရှင် ဦးမင်းမင်း က ပြောဆိုသည်။
ဆူဇူကီးကုမ္ပဏီသည်
၁၉၉၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဆူဇူကီးပစ်ကပ် Wagon (R+)
မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ရောင်းချခဲ့ ဖူးသည်။
မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုကော်မရှင်က Myanmar Suzuki Motor ကုမ္ပဏီ ကို
ပြည်တွင်း၌ တစ်လလျှင် မော်တော်ယာဉ် အစီးရေ ၁၀၀ ထုတ်လုပ်နိုင် သည့် စက်ရုံ
တည်ဆောက် လုပ်ကိုင်ခွင့်ကို ယခုနှစ် ဇန်နဝါရီလက ခွင့်ပြုခဲ့ သည်။
The Voice Weekly
No comments:
Post a Comment